Episode 11 (Z+U)

6.5K 344 14
                                    

(Zawgyi code)

🚨ဒီအပိုင်း နဲနဲမှောင်မှာနော်🔞
🚨မကြိုက်ကျော်ဖတ် 😏
🚨မကျော်ချင်လည်း ဆော်ဘေးခေါ်ထားပြီးဖတ်🤭
🚨Fa ဆိုရင်တော့ စောင်ကိုက်ဖတ်😁

—————————————————————

တကယ်တော့ မေ့ကို ဂျူး အတင်းအဓ္ဓမဆန်ဆန်ပြုမူ သိမ်းပိုက်ခဲ့တယ်ဆိုတာ...

မေဟာ ရုန်းကန်ငြင်းဆန်လို့ မရလွန်းလို့ လိုက်လျောလိုက်ရတာမျိုးတော့ မဟုတ်ပါဘူး။

မိန်းကလေးအချင်းချင်းပဲ။ ကိုယ့်ကို နံရံမှာဖိကပ်ပြီး အတင်းနမ်းနေတဲ့ ဂျူးကို အားနဲ့ဆောင့်တွန်းပြီး မေဟာ ထွက်ပေါက်ကို ရှာဖွေခဲ့မယ်ဆိုရင် ဂျူး ဘာများတတ်နိုင်မှာတဲ့လဲ။

နောက်ပြီး ဂျူးက ၀ီစကီတွေပုလင်းလိုက်မော့ပြီး မူးနေသေးတာ။

ဂျူးကိုဆောင့်တွန်းပြီး မေ ကိုယ့်အခန်းထဲကိုယ်ဝင်၊ အတွင်းက လော့ခ်ချထားလိုက်မယ်ဆိုရင် ဂျူးဟာ မေ့အပေါ် ခြေတော်တင်ဖို့မပြောနဲ့ ဆက်ပြီး နမ်းခွင့်တောင်  ရမှာမဟုတ်။

ပြောချင်တာက... ငြင်းလို့ရရဲ့သားနဲ့ မေ မငြင်းခဲ့တာ။

မငြင်းရက်ခဲ့တာ။

ကိုယ့်ကို နမ်းနေတာ၊ ထိတွေ့ကိုင်တွယ်နေတာတွေဟာ အချစ်ကြောင့်ဖြစ်လာတာမျိုးမဟုတ်ပဲ အမုန်းကြောင့်ဖြစ်ပေါ်လာတာမျိုးတွေ။

ဒါ့ကြောင့်လည်း နူးညံ့ညှင်သာခြင်းဆိုတာ အရှင်းမရှိတာလေ။

ဒါတောင် မေက သာယာခဲ့ရတာ။

ကုန်ကုန်ပြောရရင် ဟန်နီမေဆိုတဲ့မိန်းမဟာ မလွှဲသာလို့ ဂျူလီယာမဟုတ်တဲ့ တခြားလူနဲ့ အိပ်ဖြစ်ခဲ့မယ်ဆိုရင်တောင် ရမ္မက်ကြောင့်ဖြစ်ပေါ်တဲ့ မေ့ရဲ့ ညည်းညူသံတိုင်းမှာ ဂျူးရဲ့နာမည်ကို တိတ်တဆိတ်လေး ရွတ်ဆိုနေမိမှာပါ။


တကယ်တော့ မေဟာ ဒီလိုအထိတွေ့မျိုး အရင်က တခါဖူးမှ မရှိခဲ့။

မေ့အတွက် လူတစ်ယောက်နဲ့ ပေါင်းသင်းစပ်ယှက်မိခြင်းဟာ ယနေ့ ပထမဦးဆုံးပါပဲ။

ဂျူးဟာ မေ့အပျိုစင်ဘ၀ကို ရယူပစ်ခဲ့တာပါ။

ကြင်နာမှုမရှိ၊ ခွင့်တောင်းမှုမရှိပဲ အတင်းအဓ္ဓမဆန်ဆန် မေ့အပျိုစင်ဘ၀ကို ရယူပြီးတဲ့ဂျူးဟာ အပစ်ကင်းစင်စွာဖြင့် အိပ်ပျော်နေတာကို မေ မက်မက်မောမောလေးနဲ့ကို ထိုင်ငေးကြည့်မိနေတာ။

ဂျူး အိပ်သွားတော့မှ မေလည်း ဂျူးဆွဲဆုတ်ဖြဲချွတ်ထားတဲ့ သူမရဲ့အ၀တ်တွေကို ပြန်ဝတ်ရတယ်။

ပြီးတော့ မေ့အိပ်ရာပေါ် အေးအေးချမ်းချမ်းလေး အိပ်ပျော်နေတဲ့ဂျူးကို မေ ကြည့်လို့မ၀။

မှောက်ပြီးအိပ်နေပေမယ့် အပေါ်ဖက်ရောက်နေတဲ့ပါးပြင်လေးဟာ ဂျူးရိုက်လိုက်တဲ့ ပါးလေးတစ်ဖက်။

ပါးလေးက ရဲနေတုန်းပဲ။

ရေခဲကပ်ပေးချင်ပေမယ့် ပြဿနာကောင်မလေး နိုးလာမှ အခက်။

အခု အိပ်နေတုန်းလေး ငေးကြည့်ခွင့်ရတဲ့ အခွင့်အရေးကိုလည်း မေ အဆုံးရှုံးမခံနိုင်။

ဂျူးပြုသမျှနုပေးခဲ့မိတာကလည်း မေရိုက်လိုက်မိတဲ့ ပါးတစ်ချက်အတွက် အလျော်အစားပါပဲ။

ယူပါ။ မေ့ခန္ဓာကိုယ်တင်မကဘူး... မေ့ဘ၀ကိုပါ လိုချင်လား။ ပေးဖို့အဆင်သင့်ပါပဲ ဂျူးရယ်...

အချိန်တစ်ချို့ဖြတ်ကျော်ကုန်လွန်သွားတယ်။

မေဆက်ငေးကြည့်နေတုန်းမှာပဲ ဂျူး နိုးလာတယ်။

အခုန သူ့ဒေါသနဲ့သူ အပေါ်အင်္ကျီကို ဆွဲချွတ်ခဲ့ပစ်မိတာဆိုတော့ နိုးလာတဲ့ ဂျူးဟာ အပေါ်ပိုင်း ဗလာကျင်းနဲ့။

မေကတော့ ဂျူးနိုးလာတာမြင်တာနဲ့ အသာလေး မသိဟန်ဆောင်နေလိုက်တယ်။

ဂျူးက အိပ်ရာပေါ်မှာတင် ထထိုင်ပြီး သူ့အ၀တ်သူရှာပြီး ကောက်ဝတ်တယ်။ ပြီးတော့မေ့ကို မကျေမနပ်နဲ့ လှမ်းကြည့်တယ်လေ။

"ခင်ဗျား အဲဒီမှာ ဘာထိုင်လုပ်နေတာလဲ? သွား... အခန်းထဲက ထွက်သွား..."

"အခန်းကိုလည်း တစ်ချက်ကြည့်ဦး။ ဒါ တို့အခန်း..."

ပြောမှ ဂျူးက အခန်းကို ဝေ့ကြည့်တယ်။ အခုန ဘယ်သူ့အခန်းထဲဝင်ခဲ့လဲဆိုတာကိုတောင် ဂျူးမှာ မှတ်မိပုံမပေါ်။

"နေစမ်းပါဦး။ ဂျူးက ဘယ်လိုလုပ်ပြီး ဒီအခန်းထဲရောက်နေရတာလဲ? ခင်ဗျား ဂျူးကို အတင်းဆွဲခေါ်သွင်းခဲ့တာလား?"

"ဂျူး...!!!"

မေရှက်ပြီး အော်လိုက်တာ အသံတော်တော်ကျယ်သွားတယ်။

ဂျူးပင် မျက်လုံးတွေပြူးကုန်တယ်။

"ဘာလို့အော်တာလဲ... လန့်ရလန့်နဲ့..."

"မင်း အရမ်းလွန်မလာနဲ့နော်... ဒီအခန်းထဲကို မင်းကိုယ်တိုင် တို့ကို ဆွဲခေါ်ခဲ့တာ။ ခေါ်ခဲ့ပြီး... ခေါ်ခဲ့ပြီး... "

မေရှက်လို့ စကားက ဆက်မရတော့။ ဂျူးက ပထမတော့ စိတ်ရှည်ရှည်ထားပြီး နားထောင်ပေးနေပေမယ့် မေ့က အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလို့ စိတ်မရှည်တော့။

"ဆက်ပြောလေ... ခေါ်ခဲ့ပြီး ဘာဆက်ဖြစ်လဲ?"

"ဘာ... ဘာဆက်ဖြစ်လဲ ဟုတ်လား... မင်း ဘာမှမမှတ်မိတာလား?"

"ဘာကိုမှတ်မိရမှာလဲ... နေစမ်းပါဦး ဒေါ်ဟန်နီမေ... ဂျူးက မှတ်မိတယ်ဆိုရင် ခင်ဗျားဆီမှာ လေကုန်ခံပြီးမေးမလား? ကဲ ကဲ ပြော... ပြော... အခုန ဘာတွေဖြစ်ခဲ့ကြတာလဲ?"

ပထမတော့ မေထင်ထားတာက ဂျူးဟာ နိုးလာတာနဲ့ သူမကိုအားနာပြီး တောင်းပန်မယ်ပေါ့။

တောင်းပန်ရင်း မေလည်း ဂျူးနဲ့ အပေးအယူလုပ်ပြီး မေနဲ့ ဂျူးတို့ဆက်ဆံရေးလေး အေးချမ်းအောင် ဖန်တီးမယ်ပေါ့။

အခုတော့ မေ့စိတ်ကူးလေး တစ်စစီဖြစ်ကုန်ပြီ။
မေ အရမ်းလည်း ထိခိုက်ခံစားရတယ်။

အပျိုစင်ဘ၀ကို ရယူလိုက်တဲ့ဂျူးက သိတောင်မသိဘူးတဲ့လေ။

"မင်း ဘာဆိုဘာမှ မမှတ်မိတာလား?"

"မှတ်မိရင် ခင်ဗျားကို မေးနေမလားလို့... အော် ကဲ..."

"အေး မမှတ်မိဘူးဆိုလည်း ထားလိုက်တော့။ ဘာမှမဖြစ်ဘူးလို့ပဲ ထားလိုက်တော့..."

"ပြီးတာပဲ..."

မေလည်း ဆက်ပြောချင်စိတ်မရှိတာနဲ့ အိပ်ခန်းထဲက ထွက်ဖို့ ပြင်လိုက်သေးတယ်။

ဒါပေမဲ့ မေက ဂျူးနဲ့ အလကားသက်သက်ကြီး အိပ်လိုက်ရတာ ကြည့်ပါဦး။
အိပ်ခံရတုန်းကလည်း ညှင်သာမှု၊ ကြင်နာမှု မရှိဘူး။ ခုနိုးလာတော့လည်း မသိဘူးတဲ့။

ဒါတော့ နဲနဲလွန်သွားပြီ။

မေ ဒီအတိုင်းငြိမ်နေဖို့ ဆုံးဖြတ်ပြီး အခန်းဝသို့ ထွက်လာပြီးမှ တလိတ်လိတ်ထွက်လာတဲ့ဒေါသတွေကြောင့် မေဟာ ဖွင့်ပြီးသား အိပ်ခန်းတံခါးကို ၀ုန်းခနဲ ပြန်ဆောင့်ပိတ်လိုက်မိတယ်။

တံခါးပိတ်သံကျယ်လွန်းလို့ ဂျူး မျက်လုံးအပြူးသားနဲ့ မေ့ကိုလှမ်းကြည့်တယ်။

မေလည်း ဂျူးရှေ့ကို ခပ်တည်တည်နဲ့ ပြန်လျှောက်သွားလိုက်တယ်။

တကယ်တော့ ဖြစ်ပျက်ခဲ့တာတွေကို တစ်ခွန်းချင်း ပြောဖို့ပါပဲ။
ဒါပေမဲ့ ဂျူးနဲ့ မျက်နှာချင်းဆိုင်လိုက်တော့ ဘယ်လိုပြောရမယ်ဆိုတာ အစရှာမရပြန်။

ရှက်တာလည်းပါတာပေါ့။

မပြောလို့ကလည်း မဖြစ်တော့ဘူး။

ဂျူးက စားပြီးနားမလည် အချိုးချိုးနေတာ။

"အေး အခုနဘာဖြစ်ခဲ့လဲဆိုတာကို တို့ပြောမယ်။ မင်းသေချာနားထောင်..."

"ပြော..."

"မင်းအခုန တို့ကို မုဒိန်းကျင့်ခဲ့တယ်..."

"ဗုဒ္ဓေါ... ဘာ... ဘာ... ဘယ်လို..."

မေရှက်လိုက်တာမှ မျက်နှာတွေရော နားတွေပါ ထူပူနေပြီ။ ဒါပေမဲ့ ဇာတ်လမ်းက စထားပြီးပြီဆိုတော့ မထူးတော့ဘူးလေ။

ဂျူးလည်း မျက်လုံးအ၀ိုင်းသား၊ ပါးစပ်အဟောင်းသားနဲ့။

"ဂျူးက ခင်ဗျားကို မုဒိန်းကျင့်ခဲ့တယ် ဟုတ်လား?"

"ဟုတ်တယ်..."

"စောက်ပိုတွေ..."

"မင်းနော်... တို့အလိုမတူပဲ မင်းအတင်း တို့နဲ့အိပ်ခဲ့တာလေ... အဲဒါ မုဒိန်းကျင့်တာပဲပေါ့..."

"အာ မဟုတ်တာတွေ မပြောစမ်းပါနဲ့ ဒေါ်ဟန်နီမေရယ်... မဖြစ်နိုင်လိုက်တာ... ဒီမှာ ဂျူးက အဲဒီလောက် လွယ်တဲ့မိန်းမ မဟုတ်ဘူး..."

"ဘာ... ဘာ... ဘာ... ဘယ်လို... လွယ်တဲ့မိန်းမ မဟုတ်ဘူး... ဟုတ်လား?"

"ဟုတ်တယ်။ ဂျူးက အဲဒီလို လွယ်တဲ့မိန်းမမဟုတ်ဘူး"
"မင်းစကားက တို့သိက္ခာကိုဘယ်လောက် စော်ကားနေလဲဆိုတာ မင်းသိလား?"

"ဒီမှာ ခင်ဗျားကသာ ဂျူးကို စွပ်စွဲပြီး သိက္ခာတွေချနေတာ... ခင်ဗျားကို ဂျူးက လုပ်စရာလား... အကို့မိန်းမကို..."

"အေး လုပ်စရာဟုတ်မဟုတ်တော့ မသိဘူး။ သေချာတာတော့ မင်းလုပ်တာကို တို့ခံပြီးပြီ... တို့ ငြင်းတာတောင် မရတာ... မင်းက... လူယုတ်မာ..."

"ဒေါ်ဟန်နီမေ... မဟုတ်တာတွေ မပြောစမ်းနဲ့..."

"အေး မင်းမယုံဘူးဆိုလည်း မင်းကို သက်သေပြရတာပေါ့... ကြည့်လိုက်၊ မင်းလက်တွေကို မင်းပြန်ကြည့်... သေချာကြည့်..."

မေက ပေါက်တဲ့နဖူးမထူးတော့ဘူးဆိုတဲ့အတွေးနဲ့ ခပ်တည်တည်ပြောလိုက်တော့ ဂျူးက သူ့လက်ဖ၀ါးတစ်ဖက်ကို သေချာထောင်ကြည့်တယ်။

"အဲဒီဖက်မဟုတ်ဘူး။ မင်းတို့ကိုလုပ်တာ ဟိုဖက်နဲ့... ညာဖက်... ကြည့်..."

"အော် ပြောလေ... ညာဆို ညာပေါ့..."

ဂျူးပြောပြီး သူ့လက်ချောင်းတွေကို သေချာထောင်ကြည့်တယ်။

ဟုတ်ပါတယ်။ မေ့အပေါ် ဂျူးအသုံးပြုခဲ့တဲ့ လက်ချောင်းတွေဟာ ပုံမှန် ဘာမှပေကျံမနေတဲ့ လက်ချောင်းတွေနဲ့ မတူပါဘူး။

နောက်ပြီး မေက အပျိုစင်ဆိုတော့ ဂျူးလက်ချောင်းမှာ သွေးစလိုလို အနီရောင်သန်းနေတာကိုပါ မြင်လိုက်ရပြီးနောက် ဂျူး မျက်လုံးတွေပြူးကုန်တယ်။

"ဟာ... တကယ်ကြီးလုပ်မိတာ..."

ဂျူးက မေ့ကို လှည့်ကြည့်လာတော့ မေလေ ရင်တွေခုန်တာမှ တရားလွန်။

ရှက်တာလည်း သေလိုက်လို့တောင်ရနေပြီ။

"ခင်ဗျားနဲ့ ဂျူး... ဟာ... ဒုက္ခပါပဲ... ဘာတွေဖြစ်ကုန်တာလဲ? ဧကန်ဏ... ခင်ဗျား ဂျူးကို လာမြှူဆွယ်လို့ဖြစ်မှာပေါ့..."

"ဂျူး!!!! တို့မင်းပါးကို ထပ်မရိုက်ချင်ဘူးနော်..."

"ထပ်မရိုက်ချင်ဘူးဆိုတော့... ဟင်... ခင်ဗျား..."

ဂျူးက မျက်ခုံးတွေပင့်သွားရင်း သူ့ပါး သူပြန်ကိုင်မိတယ်။

ပြီးတော့ လှမ်းမြင်နေရတဲ့ မှန်တင်ခုံက မှန်ထဲမှာ သူ့ပါးကို သေချာကြည့်တယ်။

"ခင်ဗျား အခုန ဂျူးပါးကို ရိုက်ခဲ့တာလား?"

"ဟုတ်တယ်။ ရိုက်ခဲ့တယ်။ မနေ့ညက ကိုခန့် ဒီအိမ်မှာအိပ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းတို့ကို မတရားတွေ စွပ်စွဲပြောဆိုနေလို့ တို့ ဒေါသထွက်ပြီး မင်းကို ရိုက်ခဲ့တာ။ ရိုက်လည်းပြီးရော... မင်းက တို့ကို... တို့ကို..."

"နည်းတောင် နည်းသေးတယ်..."

"ဘာ ဘာ ဘယ်လို ဘယ်လို?"

"ဟုတ်တယ်လေ... ခင်ဗျားက ဂျူးပါးကိုရိုက်လို့ ခင်ဗျားကို ဂျူးက လုပ်မိတာလေ... အဲဒါမို့ နဲတောင်နဲသေးတယ်လို့ ပြောတာ။ တက်လုပ်ရင်မကဘူး... အသေပါ သတ်ပစ်ရမှာ..."

"အောင်မာ... မင်းနော်... မင်း..."

"နေစမ်းပါဦး... ခင်ဗျားက ဘာလို့ အဲဒီကောင်ကို ဒီအိမ်မှာ ပေးအိပ်ရတာလဲ။ ခင်ဗျားတို့ ကင်းမှ ကင်းရဲ့လား?"

"အေး မင်းသိအောင် ပြောမယ် သေသေချာချာနားထောင်။ ကင်းတယ်။ ကိုခန့်နဲ့တို့က ကင်းတာမှ ရှင်းနေတာပဲ။ တို့နဲ့ မကင်းတာ မင်းပဲ။ မင်းနဲ့ပဲ တို့မကင်းတာ။ ဒီတော့ မင်းကို အပြတ်ပြောမယ်။ နောက်နောင် မင်းတို့အခန်းထဲလာတာတို့၊ တို့အနားကပ်တာတို့ လုံးဝ မလုပ်ပါနဲ့။ မင်းက လုံးဝ ယုံကြည်လို့မရတဲ့ မိန်းကလေး... ရှင်းတယ်နော်။ သွားတော့ ဒီအခန်းထဲက အခုချက်ချင်းထွက်သွားတော့..."

"အမယ်လေး... လေး... လူကို မောင်းထုတ်လား ဘာလားနဲ့... အောင်မာ... ထပ်လုပ်လိုက်ရလို့..."

"ဂျူး... မင်းနော်..."

"ကဲပါ သိပ်ကြောက်ပြမနေနဲ့။ အခုန ဖြစ်သွားတယ်ဆိုတာ ကလည်း ဂျူးဒေါသထွက်နေတာလည်းပါတယ်၊ မူးနေတာလည်းပါတယ်။ အဲဒီဒါကြောင့်ဖြစ်မယ်။ ဒါပေမဲ့ စိတ်ချ။ နောက်နောင် ထပ်မဖြစ်စေရဘူး"

"ထပ်ဖြစ်လည်း တို့က မင်းကိုရဲတိုင်မှာ..."

"အေး ခင်ဗျားကိုလည်း အပြတ်ပြောမယ်။ ခင်ဗျား ဟိုကောင့်ကို ဒီအိမ်မှာထပ်အိပ်ခိုင်းရဲခိုင်းကြည့်... ဂျူး နောက်တစ်ခါ ဒီထက်ဆိုးမှာနော်... အေး စောင့်ကြည့်..."

ဂျူးပြောပြီး တောင်းပန်တာဘာညာမလုပ်ပဲ မေ့အခန်းထဲက ၀ုန်းဒိုင်းကျဲပြီးထွက်လာခဲ့မိတယ်။

ပြီးတော့ ဂျူး သူ့အိပ်ခန်းဆီ တန်းသွားပြီး အရင်ဆုံး ရေချိုးခန်းထဲဝင်ပြီး လက်တွေဆေးလိုက်မိတယ်။

လက်လည်းဆေးပြီးရော ဂျူး ရေချိုးခန်းတံခါးကို မှီပြီး ထိုင်ကျသွားတယ်လေ။

ဂျူး ရင်ဘတ်တွေကို ပြန်ဖိထားရတယ်။ ရင်တွေခုန်တာမှ အရမ်းပဲ။

ဂျူးက မေ့အပျိုစင်ဘ၀ကို ယူပစ်ခဲ့တာပါလား။

လုပ်တုန်းကတော့ မေ့ကို အပျိုစင်လို့ ဂျူး မထင်ခဲ့တာ အမှန်။ မေ့ကိုကြည့်မရလို့သာ ဂျူးက မမှတ်မိဘူးလို့ ငြင်းခဲ့တာ။

မှတ်မိတာပေါ့။ ဒီမိန်းမကို အိပ်ခဲ့တာ အစအဆုံး ဂျူးမှတ်မိနေတယ်။

ဂျူးဟာ အိပ်ရာက နိုးလာတည်းက တဟုန်းဟုန်းတောက်နေတဲ့ မီးခဲတွေကို ရေနဲ့ဖျန်းခံလိုက်ရသလို မေနဲ့ပတ်သတ်ပြီး တောက်လောင်နေခဲ့ဖူးတဲ့ ဂျူးဆန္ဒတွေ တည်ငြိမ်ခဲ့ရတာ။

ဂျူးသိနေတာ မေ့ကို သိပ်မုန်းတီးနေခဲ့တာ။ အခုတော့ မေနဲ့ ဖြစ်ခဲ့ရတာတွေအတွက် ဂျူးကျေနပ်နေမိပြန်တယ်။

ညှင်သာမှုတွေမရှိပေမယ့်... ဂျူးကျေနပ်မိတယ်။

တော်ရုံဆို ဂျူးဟာ တခြားမိန်းမနဲ့အိပ်နေချိန် ကိုယ်ကိုယ်တိုင် ပြီးတာမျိုး (Orgasm) ဖြစ်ခဲ့ဖူးတာ မရှိ။

အခုတော့ ဂျူးရဲ့လုပ်ရပ်တွေကြောင့် အောင့်အင်းငြီးတွားနေတဲ့ မေ့မျက်နှာလေးနဲ့ မေ့လှုတ်ရှားမှုတွေကိုကြည့်ရင်း ဂျူးပါ ပြီးသွားခဲ့ရတာ။

ထူးတော့ ထူးဆန်းလွန်းတယ်။

ဂျူးဟာ အဲဒီလို ထိရှခံစားလွယ်တဲ့ လူစားမျိုးမှ မဟုတ်ခဲ့တာ။

ပြီးတော့ မေက အပျိုစင်တဲ့။ မေက ကိုကိုနဲ့လက်ထပ်ထားတာ မဟုတ်ဘူးလား။

မေနဲ့ ကိုကိုက အိပ်ရာပေါ်က ကိစ္စတွေ မရှိခဲ့ဘူးတဲ့လား။

အေးလေ မရှိလို့ပဲ မေက အပျိုစင်အတိုင်းရှိနေတာ။

ကိုကိုနဲ့ မေ့အိမ်ထောင်ရေးကလည်း နားလည်ရခက်လိုက်တာ။

အဲဒါကြောင့် ကိုကိုက သူ့အိပ်ခန်းထဲအိပ်ပြီး မေက ဂျူးအိပ်ခန်းမှာ အိပ်ခဲ့တာလား?

ကိုကိုနဲ့မေ တစ်ခန်းတည်းအတူမအိပ်ဘူးဆိုတာကို ဂျူး ဒီအိမ်ကို စရောက်တဲ့နေ့တည်းက သိခဲ့ရတာလေ။

ပိုဆိုးတာက ဂျူး။ ဂျူး ဘယ်လိုပဲနေနေ မေ့ကို ခေါင်းထဲက ထုတ်လို့မရတတော့တာ။

ဂျူး ခေါင်းကြီးငိုက်စိုက်ကျသွားရင်း တွေးမိတဲ့အတွေးက တစ်ခုပဲရှိတယ်။

"ဒုက္ခပါပဲ။ ဒီမိန်းမနဲ့ ဒီအိမ်မှာ ဘယ်လိုလုပ်ပြီး ဆက်နေလို့ရတော့မှာလဲ?"

----------------------------------------

ဂျူးနေရထိုင်ရတာ ဘယ်လိုနည်းနဲ့မှ အဆင်မပြေတော့ဘူး။

မေ့ငြီးညူသံလေးတွေကို အချိန်တိုင်း ကြားယောင်နေမိတယ်။ ကြားတိုင်းလည်း လူက ရင်ထဲတလှပ်လှပ်နဲ့။

စိတ်တွေက တော်တော်လေးကို အမှောင်ဖက်ရောက်နေတာ။

စားဖူးတဲ့ကလေး ပိုငတ်တယ်ဆိုသလိုပေါ့။

အခုဆို ဘယ်လောက်တောင် အဖြစ်ဆိုးနေပြီလဲဆိုတော့ မေ့အိပ်ခန်းတံခါးကိုမြင်ရင်တောင် လူက စိတ်တွေ လှုတ်ရှားလာတာ။

လူအကောင်လိုက်မြင်လိုက်ရရင် စိတ်က မီးတောက်လိုပဲ။ တဟုန်းဟုန်းတောက်လောင်နေရပြီ။

ဒီစိတ်တွေနဲ့ဆက်ပြီးနေမယ်ဆိုရင် မေ့ကိုပေးထားတဲ့ကတိလည်း တည်နိုင်တော့မယ် မထင်။

ပိုဆိုးတာက အဲဒီဟန်နီမေဆိုတဲ့မိန်းမကလည်း အိမ်နေရင်းနေမယ်ဆို လုံလုံခြုံခြုံ ၀တ်စားလေ့မရှိ။
ပိုးဂါဝန်အိအိလေးတွေက ဂျူးကို စိန်ခေါ်နေသလိုပဲ။

ဂျူး အိမ်ထဲဆက်နေရင် အကုန်လုံး မဖြစ်သင့်တာတွေ ထပ်ဖြစ်ကုန်မှာစိုးလို့ ရေမိုးချိုးပြီးတာနဲ့ အပြင်ထွက်ခဲ့ လိုက်တယ်။
ကံကောင်းချင်တော့ ဟိုနေ့က သားကိုရဲ့ ဖုန်းနံပါတ်ကိုယူထားမိလို့။

ဂျူး အရင်ဆုံး နေ့လည်စာကို ဆိုင်တစ်ဆိုင်မှာဝင်စားလိုက်တယ်။ ပြီးတော့ သားကိုဆီဖုန်းခေါ်လိုက်တော့ မကြာပါဘူး။
သားကိုရောက်လာတယ်။

"ဂျူး... နင် ဖုန်းဆက်တာ အတော်ပဲ သိလား။ ဒီနေ့ သဲသဲရဲ့မွေးနေ့။ လာ ငါတို့အတူသွားမယ်..."

"ဟာ သေစမ်း။ ငါ သေချာ ဘာမှမ၀တ်စားခဲ့မိဘူး"

"အိမ်ပြန်လဲမလား? ငါလိုက်ပို့မယ်..."

အရေးထဲ သားကိုတဏှာရူးက မေ့ကို ဘူးချင်နေသေးတယ်။

သေချာတာကတော့ ဂျူး အိမ်ပြန်လို့မဖြစ်။

"ငါ အိမ်တော့ မပြန်ချင်ဘူး သားကိုရာ"

"ကဲပါ ဂျူးရယ်... နင့်ကြည့်ရတာလည်း... ရည်းစားပစ်လို့ မှိုင်နေတဲ့ လင်းဒကြီးကျနေတာပဲ။ လာပါ သဲသဲက သူ့အိမ်မှာတင် ကိတ်ခွဲမှာ။ ငါတို့ သူငယ်ချင်းတွေချည်းပဲ။ အပြင်လူလည်းပါမှ မဟုတ်ဘူးဆိုတော့ နင်ဒီအတိုင်းသွားလည်း ဖြစ်ပါတယ်"

"အေး အဲလိုလုပ်စမ်းပါဟာ နင်ကလည်း..."

ဒီလိုနဲ့ ဂျူး သဲသဲတို့အိမ်ကို လိုက်ခဲ့မိတယ်။

ဂျူးကိုတွေ့တော့ သဲသဲတင်မကဘူး၊ သူငယ်ချင်းတွေအကုန်လုံး ပျော်ရွှင်ကုန်တယ်။

"ဂျူး...နင်နော် နေနိုင်တယ်။ ပြန်ရောက်နေတာတောင် အိမ်တွင်းပုန်းနေတာ..."

"ပုန်းမှာပေါ့ ဒီကောင်... အိမ်မှာက မမေရှိနေတာကိုး..."

ပိုးအိက အထူအပါးမသိ ၀င်ပြောလို့ ဂျူး ပိုးအိကို ထုမိသွားသေးတယ်။

"နင့်မွေးနေ့မှန်းမသိလို့ ငါ လက်ဆောင်မယူလာခဲ့မိဘူး သဲသဲရာ..."

"ရတယ်။ အေးဆေးဂျူး။ ငါတို့ကြားမှာ ဒါတွေမှ မလိုတာ..."

ဒီလိုနဲ့ ဂျူးလည်း သဲသဲအိမ်မှာ သောင်တင်နေတယ်ပေါ့။

ညနေစာကိုလည်း သဲသဲအိမ်မှာပဲ စားဖြစ်ကြတယ်။

ညပိုင်းလောက်ရောက်တော့ ရွှေရေးက ကလပ်သွားဖို့ ဇာတ်လမ်းစတယ်။

ဒီလိုနဲ့ ဂျူးတို့ တစ်အုပ်လုံး ကလပ်ကို သွားဖြစ်ကြတယ်။

ကလပ်ရောက်တော့ ဂျူးလည်း ညစ်နေတာဆိုတော့ အားရပါးရသောက်ဖြစ်တယ်။

သောက်ပြီး စိတ်လွတ်ကိုယ်လွတ် က,ခုန်ပစ်လိုက်တယ်။

ဒါပေမဲ့ မေကတော့ ဂျူးအာရုံထဲက ပျောက်မသွားပါ။

မူးလေ ပိုပြီး သတိရလာလေ။

ပိုပြီး လွမ်းလာလေ။

ပိုပြီး တမ်းတမိလေ။

"ဒေါ်ဟန်နီမေ... ဟိုဖက်နဲနဲတိုး..."

ဂျူးက ဟိုဖက်တိုးခိုင်းတာ ပိုးအိကို။ ဒါပေမဲ့ ပါးစပ်က ထွက်သွားတာ မေ့နာမည်။

ပိုးအိ မျက်လုံးကြီးပြူးပြီး ဂျူးကို သူခိုးဖမ်းသလို စိုက်ကြည့်လာတယ်။

"ဂျူး နာမည်တောင် မှားခေါ်တဲ့အဆင့်နော်။ နင်ကြည့်လုပ်ဦး။ ပုံမှန်မှ ဟုတ်ရဲ့လား?"

"ပုံမှန်ပါပဲဟာ နင်ကလည်း ငါ့ကို ဘယ်လိုကြီး စိုက်ကြည့်နေတာလဲ ဘီလူးရုပ်နဲ့..."

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now