Episode 29/ The End (Z+U)

9K 310 11
                                    

(Zawgyi code)

စိုက်ကြည့်လာတဲ့ မျက်ဝန်းဝိုင်းကြီးတွေထဲ မျက်ရည်တွေခိုအောင်းလာတော့မှ ထိုမျက်ရည်တွေကို ဖုံးကွယ်ဖို့ မျက်လွှာချပစ်လိုက်ရင်း မေပြန်ဖြေလိုက်တဲ့ မေ့ အဖြေက တိုတောင်း၊ အေးစက်လွန်းပါတယ်။

"ဟုတ်တယ်... ပြန်ပတ်သတ်ရမှာကို မေ ကြောက်တယ်..."

"နင် ရက်စက်လိုက်တာ မေရယ်။ ဂျူးကို နဲနဲလေးမှ မငဲ့ကွက်တော့ဘူးလားဟင်"

"ဂျူးကို ဘယ်လိုငဲ့ကွက်ရမှာလဲ ကိုခန့်။ မေ အတ္တတွေကြီးပြီး ဂျူးကို အပိုင်ရအောင်ယူမယ်ဆိုရင်ရော ဖြစ်နိုင်မှာတဲ့လား...

ဂျူးက မေ့ကိုရွေးလိုက်လို့ မာမီတစ်ခုခုဖြစ်သွားရင်ရော ဂျူးက မေ့ကိုအရင်လို လိပ်ပြာသန့်သန့်နဲ့ဆက်ချစ်မှာတဲ့လား"

"အေးလေ အဲဒိလို ရှေ့တိုးမရဘူးဆိုတာနဲ့ နင် ရှောင်ထွက်သွားတာကို ငါ အပြစ်မပြောလိုဘူး။ ဒါပေမဲ့ အခု ဟိုလူနဲ့ အဲဒီကလေး ဘာလဲ?"

"အဲဒါ ကျမမောင်ဝမ်းကွဲပါ ကိုခန့်။ ဘာလဲကိုခန့် ကျမက ဂျူးကို လက်လွှတ်လိုက်ရတာနဲ့ပဲ ချက်ချင်းလူတစ်ယောက်ကို ယူပစ်လိုက်ပြီ၊ ချက်ချင်းပဲ ဂျူးမဟုတ်တဲ့တခြားလူရဲ့ရင်ခွင်ထဲ ပစ်ဝင်လိုက်နိုင်ပီလို့ ထင်နေတာလားဟင်?"

မေ့မေးခွန်းကို ခန့်ထည် မဖြေနိုင်ခင်မှာပဲ သူတို့ရှိရာဆီသို့ တခြားမိန်းမပျိုတစ်ယောက်လျှောက်လာတယ်။

"မာမား..."

ကလေးလေးက ထိုမိန်းမဆီ မာမားဆိုကာ ပြေးသွားပြန်တော့ ကလေးမလေးကို ထိုမိန်းမက ကောက်ချီလိုက်ပြန်တယ်လေ။

"မေ...ကျတော်တို့ အိမ်ထဲမှာရှိနေမယ်နော်။ မေစကားပြောပြီး လိုက်ခဲ့လို့ အဆင်ပြေမလား"

"ပြေပါတယ် မေ လိုက်ခဲ့လိုက်ပါ့မယ်..."

ထိုလူနဲ့ ထိုမိန်းမဟာ ခန့်ထည်နဲ့ပတ်သတ်ပြီး သိချင်တာတွေရှိနေပေမယ့်လည်း မေက မိတ်မဆက်ပေးဘူးဆိုတော့ ဘာမှမပြောသာတော့ပဲ ထိုနားမှ ထွက်သွားကြတယ်လေ။

"ကိုခန့်သိထားတဲ့ မေ့အချစ်က အဲဒီလောက်တောင် ဈေးပေါနေတာလားဟင်"

"ကိုခန့် မြင်လိုက်ရတဲ့ အခြေအနေကို အဓိပ္ပါယ်ကောက် လွဲသွားခဲ့တာပါ မေ"

"သူ့နာမည်က ကောင်းခန့်တဲ့။ မေ့မောင်ဝမ်းကွဲပါ။ ကောင်းခန့်ဇနီးနာမည်က သီသီတဲ့။ ဒီမှာ မေတစ်ယောက်တည်းနေတာ စိတ်မချလို့ လာနေပေးနေတာပါ... ဒါနဲ့ ဂျူးရော အဆင်ပြေနေလားဟင်?"

"အဆင်ပြေနေတယ်လို့ ထင်နေတာလား မေရယ်... ဂျူးဘာတွေဘယ်လိုတောင် ရင်ဆိုင်ဖြတ်သန်းနေတယ်ဆိုတာ နင်သိရင် ချက်ချင်းတောင် ထိုင်ငိုသွားမှာ"

ခန့်ထည်လည်း မေ့ကို ဂျူးရဲ့ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်မိတယ်။

ဂျူးအကြောင်းကြားရတော့ မေဟာ ခန့်ထည်ပြောလိုက်သလိုပါပဲ။ ၀မ်းပမ်တနည်းနဲ့ကို ငိုရှာတာပါ။

"အခု မာမီကလည်း ခွင့်ပြုလိုက်ပြီဆိုတော့ မေ အခု ဂျူးဆီကို လိုက်ခဲ့ပေးလို့ရလားဟင်"

"မေးဖို့တောင် မလိုတော့ပါဘူး ကိုခန့်ရယ်..."

တကယ်တော့ ခန့်ထည်လည်း ချက်ချင်းပဲ မေ့ကိုခေါ်ခဲ့ချင်တာပါ။

ဒါပေမဲ့ ညဉ့်လည်းနက်နေပြီဆိုတော့ ခန့်ထည် မေ့အိမ်မှာပဲ ညအိပ်ဖို့ ရွေးချယ်လိုက်ရတယ်လေ။

-------------------------------------

"ကျတော်တို့ကတော့ အဲဒီဂျူးဆိုတဲ့ကောင်မလေးကြောင့် ကျတော့်အမ ထပ်ပြီး နာကျင်ရမှာကို မလိုလားဘူးဗျာ"

ညဖက် ထမင်းစားပြီး ကောင်းခန့်တို့မိသားစုနဲ့ ခန့်ထည် စကားထိုင်ပြောဖြစ်ပါသေးတယ်။

"တကယ်တော့ ဂျူးကြောင့် မေနာကျင်ခဲ့ရတာ မဟုတ်ပါဘူး။ ဂျူးအမေက ခွင့်မပြုလို့သာ..."

"ဟုတ်ကဲ့ ကျတော် အားလုံးသိပြီးပါပြီ။ မေကလေ ဂျူးကို စွန့်လွှတ်ပြီး ထွက်လာတည်းက တရှောင်ရှောင်ဖြစ်နေခဲ့ရတာ။ သူဘယ်သူ့ကိုမှလည်း မပြောဘူး...

အိမ်မှာဆို အချိန်ပြည့် ဆရာဝန်ပင့်ပင့်နေရတာ။ အဲဒါနဲ့ပဲ ကျတော်တို့လည်း စိတ်မချဖြစ်ပြီး မေနဲ့အတူ လာနေပေးရတဲ့အထိဆိုပါတော့... ကျတော်တစ်ခုတော့ တောင်းဆိုချင်ပါတယ် ကိုခန့်..."

"ပြောပါ ဘာများတောင်းဆိုချင်တာလဲ"

"မေ့ကို အရင်တစ်ခါလိုထပ်ပြီးတော့ မနာကျင်စေ့ချင်တော့ဘူးဗျာ..."

"အင်းပါ ကိုယ် မင်းရဲ့ခံစားချက်ကိုနားလည်ပါတယ်။ အဲဒီအတွက် ကိုယ်လည်း အာမခံပေးနိုင်ပါတယ်။ အခုလို အလဲလဲ အကွဲကွဲတွေဖြစ်ခဲ့ရတယ်ဆိုတာ မာမီ့ကြောင့်ပါ...

အခု မာမီလည်း မေ့ကို လိုလိုလားလားလက်ခံပေးနေပြီ ဆိုတော့ ဒီလို အဖြစ်ဆိုးမျိုးထပ်ဖြစ်လာဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ပါဘူး"

"ကောင်းပါတယ်။ အဲဒီလိုဖြစ်မယ်ဆို ကောင်းတာပေါ့..."

-------------------------------------

နောက်တစ်နေ့မိုးလင်းတာနဲ့ ခန့်ထည်လည်း မေ့ကိုခေါ်ပြီး ဂျူးရှိတဲ့နိုင်ငံကို အမြန်ဆုံးသာ ထွက်ခွာခဲ့လိုက်တယ်လေ။

မေဟာ ရောက်တာနဲ့ ဂျူးဆီသွားတွေ့ချင်နေပေမယ့် လူနာတွေ့ရက်မဟုတ်တဲ့အတွက် အရင်ဆုံး မာမီ့ဆီခေါ်ခဲ့လိုက်ရတယ်။

မာမီက မေ့ကိုတွေ့တော့ တောင်းပန်ရှာပါတယ်။

ငိုယိုပြီးကိုတောင်းပန်တာပါ။

နောက်ပြီး တော်တော်လေးကို ကိုယ်ရည်စစ်သွားတဲ့ မေ့ကိုကြည့်ပြီး မာမီဟာ သနားဂရုဏာပင်သက်နေပါသေးတယ်။

"မာမီ နောက်နောင် အဲဒီလို အတ္တမျိုးမကျူးလွန်မိအောင် ကြိုးစားပါ့မယ် မေရယ်။ မာမီ တကယ်နောင်တရနေပါပြီ"

မေကတော့ မာမီ့ကို ဘာဆိုဘာမှ မတုန့်ပြန်ရှာ။

ဂျူးနေသွားတယ်ဆိုတဲ့အခန်းလေးထဲဝင်ပြီး ဂျူးအသုံးပြုခဲ့တဲ့ အသုံးဆောင်လေးတွေကို မြတ်မြတ်နိုးနိုးကိုင်တွယ်ကြည့်ရင်း မေငိုရပါသေးတယ်။

ဒါပေမဲ သေချာတာကတော့ ဒီတစ်ခါမေငိုတာဟာ နောက်ဆုံးပဲ ဖြစ်မှာပါ။

-------------------------------------

လူနာတွေ့ချိန် ခန့်ထည်ဟာ မေ့ကိုခေါ်လာပေမယ့်လည်း လူနာတွေ့ချိန်သာ ကျော်လွန်နေပြီ။

ဒါပေမဲ့ ဂျူးကတော့ ထွက်မလာ။

မေ မျှော်ရင်း မျှော်ရင်းနဲ့ ရင်တွေလည်း မောနေရရှာပါပြီ။

နောက်ဆုံး ခန့်ထည်လည်း မကြည့်ရက်တာနဲ့ တာဝန်ရှိသူတွေကို ၀င်တွေ့ပြီး ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်လေ။

ဒီတော့ တာဝန်ရှိသူတွေထဲက ဆရာဝန်တစ်ယောက်က ကိုယ်ချင်းစာပြီး ကူညီပေးမယ်ဆိုသဖြင့် မေတို့ မျှော်လင့်ချက်လေး ပြန်လည် တောက်ပခဲ့ရတယ်။

ဆရာဝန်ဟာ ဂျူးကို ဘယ်လိုစကားတွေသုံးပြီးခေါ်လာတယ်တော့မသိ။

သိပ်မကြာခင်မှာပဲ ဂျူးဟာ ဧည့်သည်တွေ့တဲ့ အဆောင်လေးထဲ ၀င်လာခဲ့တယ်။


ဂျူးဝင်လာပြီး ခန့်ထည်နဲ့အတူ မေ့ကိုပါတွေ့လိုက်ရတော့ ခြေလှမ်းတွေ ရပ်ကုန်တယ်။

ပြီးတော့ မေ့ကို ထွေထွေကြီးစိုက်ကြည့်နေရင်း မျက်ရည်တွေဝေ့ဝိုင်းလာတယ်။

"နီ..."

နီဆိုတဲ့ခေါ်သံနဲ့အတူ ဂျူးပါးပြင်သို့ မျက်ရည်ပေါက်တွေ ခုန်ဆင်းလာတယ်လေ။

မေလည်း ဂျူးကိုတွေ့တော့ ထိုင်နေရာကနေ ထရပ်သွားရတယ်။

ပြီးတော့ ဂျူးဆီ လှမ်းဖို့ ခြေလှမ်းတစ်လှမ်းတိုးလိုက်တာနဲ့ ဂျူးဟာ ကြောက်လန့်တကြား နောက်သို့ ခြေတစ်လှမ်းဆုတ်သွားတာကို နားမလည်စွာဖြင့် ခန့်ထည်တွေ့လိုက်ရတယ်။

ဂျူးက မေ့ကို မက်မက်မောမောတွေ့ချင်နေတာလေ။

အခု ဘာလို့ မေ့ကိုတွေ့တော့ ရှေ့မတိုးရဲတော့တာလဲ?

"မောင်..."

"ဟင့်အင်း... မလာခဲ့နဲ့။ ခင်ဗျား မောင့်ဆီ မလာခဲ့နဲ့"

"နီ ထားခဲ့မိလို့ တောင်းပန်ပါတယ် မောင်ရယ်"

"ဘယ်တော့မှ လက်တွဲမဖြုတ်ပါဘူးလို့ အတန်တန်ပြောထားတယ်လေ နီရယ်...

ဒါနဲ့များ... ဟင့်အင်း မလာခဲ့နဲ့နော်။ မောင် ခေါင်းနဲ့ နံရံ ဆောင့်ပစ်လိုက်ရမလားပြော..."

"မောင် မလုပ်နဲ့နော်..."

ဆရာဝန်လည်း ဂျူးအခြေအနေကို စောင့်ကြည့်နေရင်း စိတ်မချဖြစ်ကာ ဂျူးအနားကို တီးတိုးကပ်ပြောလိုက်တယ်။
ဂျူးဘာပြန်ပြောလိုက်တယ် မသိ။

ဆရာဝန်က ချက်ချင်းပဲ မေ့ကို ရှေ့ဆက်တိုးမလာဖို့ တားမြစ်တယ်လေ။

"အဲလို မလုပ်ပါနဲ့။ အနည်းဆုံးတော့ မောင့်လက်ကိုဖြစ်ဖြစ် ကိုင်ခွင့်လေးတော့ ရချင်ပါတယ်။ မောင် နီ့ကို သနားပါနော်"

"ခင်ဗျားကို ကျုပ်သနားရမယ်ဆို... ကျုပ်ကို ဘယ်သူသနားမှာလဲ။ ဘယ်သူထားသွားတာလဲ... ဒေါ်ဟန်နီမေ... 

တားနေရက်နဲ့ မလုပ်ပါနဲ့လို့ တောင်းပန်နေရက်နဲ့ ဘယ်သူက ထားသွားရက်တာလဲ...

ခင်ဗျား ကျုပ်ကိုချစ်တယ်ဆို ထားသွားရက်မလား... ဘယ်လောက်နာကျင်ရလဲ ခင်ဗျားသိလား...
ဟင့်အင်း... မုန်းတယ် ခင်ဗျားကို ကျုပ်မုန်းတယ်..."

ဂျူး ရင်ထဲကနာကျင်မှုကို လက်မခံနိုင်စွာဖြင့် ခါးခါးသီး သောင်းကျန်းလေပြီ။

ဒါ့ကြောင့် ချက်ချင်းပဲ အစောင့်တွေနဲ့ ဆရာဝန်တွေ ဂျူးအနားဝိုင်းသွားပြီး ဂျူးကို ၀ိုင်းချုပ်ကာ ငြိမ်သက်သွားအောင် ဆေးထိုးလိုက်ကြတယ်လေ။

ထိုအဖြစ်ကိုမြင်ရတဲ့ မေဟာလည်း ရင်ကွဲမတတ်ငိုကျွေးရုံမှအပ တခြားမတတ်နိုင်။

ဂျူးသတိမေ့သွားတဲ့အခါမှ မေဟာ ဂျူးအနားကို ကပ်ခွင့်ရတယ်။

အသိကင်းလွတ်သွားတဲ့ ချစ်သူလေးကို ငုံ့ကြည့်ရင်း မေ တဆတ်ဆတ်နာကျင်ကာ ငိုယိုရင်းဂျူး နဖူးလေးကိုငုံ့နမ်းလိုက်တယ်။

ပြီးတာနဲ့ ဆရာဝန်တွေလည်း ဂျူးကိုအတွင်းဆောင်ဖက်သို့ ပြန်လည်ခေါ်ဆောင်သွားတယ်လေ။

မေ ငိုယိုရင်း တောင်းပန်နေလည်း မရ။

တာဝန်က တာဝန်ပဲလေ။

နောက်ဆုံး မေနဲ့ ခန့်ထည်တို့ လက်လျော့ပြီး၊ ဧည့်တွေ့ချိန်လည်း ကျော်လွန်နေပြီဆိုတော့ ဆေးရုံအပြင်သို့ ထွက်ခဲ့လိုက်ကြရတယ်။

-------------------------------------

ညက မိုးမှောင်နေပြီ။ ဒါပေမဲ့ မေဟာ ဆေးရုံအပြင် ကားပါကင်မှ တဖဝါး မခွာသေး။

စိတ်ပူလို့ မာမီတောင် လိုက်လာတဲ့အထိပဲ။

"ပြန်ရအောင် မေရယ်။ နောက်နေ့တွေ ရှိပါသေးတယ်..."

"မဟုတ်ဘူး မာမီ... မေ မောင်နဲ့ဝေးခဲ့ရတဲ့ နေ့တွေက များလှပီ။ မေ ဒီထက်ပိုပြီး မဝေးနိုင်တော့ဘူး။ မာမီစိတ်ချပါ။ မေ မောင့်ကို ရအောင် ပြန်ခေါ်မယ်။ ဒီနေ့ပဲ ရအောင်ပြန်ခေါ်မယ်"

မေက တကယ်ကို ခေါင်းကြောမာတာ။ ခန့်ထည်လည်း ဘာမှ ထပ်မပြောနိုင်တော့။

မေနဲ့ ခန့်ထည်တို့ ဆေးရုံကားပါကင်မှာပဲရှိနေသေးတယ်ဆိုတာကို ဆေးရုံက ဆရာဝန်တွေ သိသွားတယ်နဲ့တူပါတယ်။

သူတို့ထဲက တာဝန်ရှိသူ ဆရာဝန်တစ်ယောက် မေ့ကိုထွက်လာတွေ့တယ်။

"ခင်ဗျားတို့ မပြန်သေးဘူးလား..."

မေဟာ ထိုဆရာဝန်ကို သူမတို့ ဖြစ်ကြောင်းကုန်စင်ကို မျက်ရည်အရွှဲသားနဲ့ ရှင်းပြရှာပါသေးတယ်။

"ကျမရဲ့အပြုအမူကို ရှင်တို့ ကြည့်ချင်းအားဖြင့် ကျမကို စိတ်ဖောက်နေတဲ့လူလို့ ရှင်တို့ သတ်မှတ်ချင် သတ်မှတ်နိုင်တယ်...

ကျမလည်း မငြင်းနိုင်ပါဘူး။ ကျမ ကျမရဲ့ချစ်သူကြောင့် အရူးလိုပဲ ခံစားနေရပြီ။ ကျမ သူနဲ့ ထပ်ပြီး မဝေးနိုင်တော့ဘူး...

အခု အရာရာ အဆင်ပြေတဲ့အချိန်မှာမှ သူ့လက်မောင်းပေါ် မှေးစက်ခွင့်မရဘူးဆိုရင် ကျမ သေသွားမယ်ဆိုလည်း မမှုတော့ပါဘူး"

ကမ်းကုန်နေပြီဖြစ်သော မေ့စကားတွေကို နားထောင်ပြီးတဲ့အခါ ဆရာဝန်က ငိုင်ကျသွားတာမှ အကြာကြီးရယ်။

"ဒါဆို ခင်ဗျား ဂျူလီယာနဲ့တွေ့ခွင့်ရမှ ဖြစ်မယ်ပေါ့ ဟုတ်လား"

"သူ ကျမကို စိတ်ဆိုးနေတာပါ။ ကျမ သူ့လက်ကိုပဲဖြစ်ဖြစ်၊ သူ့ပါးကိုပဲဖြစ်ဖြစ် တစ်ချက်လေး ကိုင်လိုက်တာနဲ့ သူ စိတ်ပြေသွားမှာပါ...

တကယ်လို့ ကျမကို သူ တစ်ခုခုရန်လုပ်ခဲ့မယ်ဆိုရင်လည်း အဲဒီအတွက် တာဝန်ရှိသူက ကျမပါပဲ။ ကျမ အကုန်ရင်ဆိုင်နိုင်ပါတယ်...

ဒေါက်တာ့အနေနဲ့ ကျမကို သနားသောအားဖြင့် ကူညီပေးပါနော်။ ကျမ ဒီနေ့ ဂျူလီယာ့ကို တွေ့မှဖြစ်မယ်... ကျမချစ်သူကို ကျမ တွေ့ရမှာ ဖြစ်မယ် ဒေါက်တာ..."

မေ့တောင်းဆိုမှုကို ဆရာဝန်လည်း တော်တော်လေး ငြင်းရခက်သွားတယ်။

နောက်ဆုံးတော့ ပြဿနာတွေ အကြီးကျယ်ဖြစ်လာရင် မေ့ပဲ တာဝန်ယူပါ့မယ်ဆိုတဲ့ အပေးအယူနဲ့ မေဟာ နောက်တစ်ကြိမ်မြောက် ဆေးရုံထဲကို ၀င်ခွင့်ရသွားတယ်လေ။

ဒီတစ်ခါ ဆေးရုံထဲမေဝင်ခွင့်ရတော့ ခန့်ထည်နဲ့ မာမီတို့ ကားပါကင်မှာပဲ ကျန်ခဲ့ရတော့တာပေါ့။

-------------------------------------

ဆရာဝန်က ဂျူးရှိနေတဲ့ နေရာကို ခပ်လှန်းလှမ်းက ညွှန်ပြပြီး အတွင်းဆောင်ဖက်ပြန်ဝင်သွားတယ်။

ဖြစ်ချင်တော့ အဲဒီအချိန်မိုးတွေမဲမှောင်လာပြီး ရွာကျလာတယ်လေ။

မိုးတွေမှ သည်းသည်းမဲမဲကို ရွာကျလာတာ။

မိုးချုပ်ခါနီးမှ ရွာကျလာတဲ့ မိုးစက်တွေဟာ အတော့်ကို အေးစက်တောင့်ခဲစေနိုင်ပါတယ်

ဒါပေမဲ့ ဆေးရုံအလယ်က ပန်းခြံခုံတန်းရှည်မှာထိုင်နေတဲ့ ဂျူးဟာ တုတ်တုတ်မျှမလှုတ်။

မေလည်း အနီးရှိ ထီးတစ်ချောင်းကို ကောက်ယူကာ ဂျူးဆီ အမြန်လေးပြေးပြီး ထီးဆောင်းပေးလိုက်မိတယ်။

ခေါင်းပေါ်ကို မိုးစက်တွေကျမလာတော့လို့ ကောင်းကင်ပေါ်မော့ကြည့်ရင်းက ဂျူးဟာ သူ့ခေါင်းပေါ်က ထီးရယ်... ထိုထီးကို ကိုင်ထားတဲ့ မေ့ကိုပါ မြင်တွေ့လိုက်ရတယ်။

"ဟင် နီ..."

"မောင်..."

ဂျူး ၀မ်းနည်းစွာဖြင့် ငိုယိုနေတာ အသိသာကြီးရယ်။

မျက်ခမ်းစပ်လေးတွေ နီရဲနေပြီး မျက်ဝန်းလေးတွေ မို့အစ်နေတယ်။

"မိုးချုပ်နေပြီ နီ... မပြန်သေးဘူးလား?"

"နီ ဒီည မောင့်လက်မောင်းပေါ်မှာ အိပ်မှာ... မောင်မပါပဲ နီ မပြန်နိုင်ဘူး"

"အဲဒီလောက် ချစ်ရဲ့သားနဲ့ ဘာလို့များ မောင့်ကို ထားသွားခဲ့တာလဲဟင်?"

"မောင်ရယ်။ နီ့မှာ တခြားဘာရွေးချယ်စရာများရှိနေလို့လဲ... မာမီသာ တစ်ခုခုဖြစ်သွားရင် မောင်ရော နီ့ကို လိပ်ပြာလုံလုံနဲ့ ဆက်ချစ်ရဲပါ့မလား..."

"မောင် ဘာပဲဖြစ်ဖြစ် နီ့ကိုပဲ ရွေးမှာလေ..."

"အတူတူရှိနေရင်း အေးစက်နေရမှာထက် ခဏတာ ဝေးရတာမှ တော်ရုံကျနိုင်သေးတယ်ဆိုတဲ့အတွေးနဲ့ နီ မောင့်အဝေးကို သွားဖို့ ဆုံးဖြတ်လိုက်တာ..."

"ရက်စက်တယ် နီရာ... မောင့်အပေါ် ရက်စက်လိုက်တာ..."

ဂျူးပြောရင်း ခန္ဓာကိုယ်က မေ့အပေါ် ပြိုကျလာကာ မေ့ကို တင်းကြပ်စွာ သိုင်းဖက်ပစ်လိုက်တယ်လေ။

"မောင်... နီတောင်းပန်ပါတယ်နော်"

"မတောင်းပန်နဲ့... ပါးစပ်ပိတ်ထားတော့...မဟုတ်ရင် နမ်းမိလိမ့်မယ်... ဒီဆေးရုံထဲမှာ လူနာတွေကို နမ်းခွင့်မပြုထားဘူးဗျ"

အရမ်းကိုမက်မောရတဲ့ ဒီရင်ခွင်လေး။ ဖက်ထားမိတာ မလွှတ်တော့။

"မာမီဒီတစ်ခါနှောင့်ရင် မောင်တို့ ထွက်ပြေးကြမယ်နော်"

"မဟုတ်ဘူး မောင်။ အခု နီ့ကို မောင်နဲ့ တွေ့ခွင့်ပေးတာ မာမီကိုယ်တိုင်ပါ"

"ဟာ ဒါဆို မာမီက မောင်တို့ကို ခွင့်ပြုလိုက်ပြီပေါ့"

"အင်းပေါ့..."

ဂျူးဟာ ကျေနပ်၊ ပျော်ရွှင်စွာဖြင့် မေ့ကို တင်းကြပ်စွာဖက်ထားရင်းမှ ထပ်ကာ တင်းတင်းကြပ်ကြပ်ကို သိုင်းဖက်ပစ်လိုက်တယ်။

ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နေလွန်းလို့ မိုးစက်လေးတွေတောင် ၀င်လို့မရ။

ဂျူးက သိုင်းဖက်ရင်း ဖက်ရင်းနဲ့ အတင်းကို ပူးကပ်လာတဲ့အခါ မေ့လက်လည်း ထီးကို ဆက်ပြီး ကိုင်မထားနိုင်တော့။

"မောင်... ခဏလေး ထီးလွင့်သွားပြီ"

"လွင့်လွင့်..."

"မောင် မိုးရေတွေစိုကုန်ပြီ"

"စိုစိုကွာ..."

"မောင် မိုးတွေခြိန်းနေတယ်လေ"

"ခြိန်းခြိန်းနီရာ... မလွှတ်ချင်တော့လို့ပါ"

"မောင်ရယ်"

"ပြောစမ်းကွာ။ နောက်တစ်ခါ ခုလို မပျောက်ကွယ်သွားဘူးလို့..."

"ဘယ်လိုပျောက်မလဲ၊ ခုတောင် တင်းကြပ်နေအောင် ဖက်ထားတာကို"

"ထပ်ပျောက်ကွယ်သွားရင် မောင် အသေလိုက်သတ်မှာနော်"

"ဓါးကြီးနဲ့လား..."

"အနမ်းတွေနဲ့..."

"မောင် နမ်းလို့မရဘူးဆို ဒီမှာ..."

"ဖြစ်ချင်ရာဖြစ်... မရတော့ဘူး... နမ်းတော့မယ်..."

"ပြွတ်စ်စ်စ်..."

"အင့်... မောင်ရယ်... အွန်း..."

"နီရာ စောက်ရမ်းလွမ်းတာကွာ... ပြွတ်စ်စ်စ်..."

-------------------------------------



ပြီးပါပြီ...
Extra တော့ လာမယ်နော်...😘

-------------------------------------

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now