Episode 26 (Z+U)

3.9K 284 21
                                    

(Zawgyi code)

'ဂျူးနဲ့ သူရွေးလိုက်တဲ့လူ... ဘယ်သူက သူ့ကို သာယာမှု ပိုပေးနိုင်မယ်ထင်လဲ ကိုခန့်'

ဒေါသတွေထွက်နေပေမယ့် အော်ဟစ်တာမျိုးမဟုတ်ပဲ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြောလိုက်တဲ့ ဂျူးစကားသံက ခပ်အုပ်အုပ်လေးရယ်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း အံ
ကျိတ်ထားလို့ ဂျူ မေးကျောတွေ တင်းထောင်နေတယ်။

မျက်လုံးတွေက စူးရှပြီး လေးနက်နေတယ်။

လက်နှစ်ဖက်ကို ယှက်ကိုင်ရင်း စားပွဲပေါ်တင်ထားပေမယ့် ထိုလက်တွေက ဆတ်ဆတ်ခုန် လှုတ်ရှားနေတယ်။

ဒူးတစ်ဖက်ကိုလည်း ခပ်သွက်သွက်လေး လှုတ်ခါနေတာကို ကြည့်ခြင်းအားဖြင့် ဂျူး စိတ်တွေလှုတ်ရှားနေပြီဆိုတာ ခန့်ထည် သိလိုက်ပါပြီ။

အပေါ်မှာ တပ်ထားတဲ့ CCTV ကင်မရာက တစ်ခန်းလုံးကို ဝေ့ဝိုက်ကြည့်နေရင်းမှ ဂျူးဆီသာ ညွှန်ကျလာတယ်။

ဂျူး စိတ်တွေလှုတ်ရှားလွန်းပြီး ထပေါက်ကွဲမှာကို စိုးရိမ်လို့ စိုက်ကြည့်နေတဲ့သဘော။

ဧည့်တွေ့ချိန်တိုင်း ကိုခန့်ရောက်လာပေမယ့် ဂျူးက ထွက်မတွေ့ခဲ့တာ ၃ လကျော်နေပြီ။

ဒီနေ့မှ စောစောစီးစီး ဂျူးက ဦးအောင်စောင့်နေတာ။

လူတွေ့ချိန်ရောက်တာနဲ့ ဂျူးက လာထွက်တွေ့တာ။

ထွက်လာတည်းကလည်း ကိုခန့်ကိုစိုက်ကြည့်ပြီး နေကောင်းလားလို့ တစ်ခွန်းကလွဲပြီး ဘာမှမမေးဘူး။

မေးသာ မေးတာ။ ကိုခန့်က ပြန်ဖြေတော့လည်း စိတ်ဝင်တစား နားထောင်တာလည်း မလုပ်ပြန်။

ကိုခန့်ကတော့ အားလုံးအဆင်ပြေတဲ့အကြောင်းတွေ ရှည်ရှည်ဝေးဝေးရှင်းပြပေမယ့် ဂျူး နားထဲလည်း ၀င်ပုံမပေါ်။

အခု လူတွေ့ချိန် စေ့တော့မှ ဂျူးဆီက ဆိုင်းမဆင့်ဗုံမပါ ထွက်လာတဲ့ စကားတစ်ခွန်း။

မေလက်ထပ်လိုက်တဲ့လူနဲ့ ဂျူးဆို ဘယ်သူက မေ့ကိုပိုပြီး သာယာမှု ပေးနိုင်လဲတဲ့။

ဂျူးနဲ့မေတို့ ချစ်ခဲ့ကြတာ ခန့်ထည်သိပေမယ့် အတွင်းရေးတွေ၊ Sexual relationship ရဲ့ အသေးစိတ်အကြောင်းတွေ သိခဲ့ရတာမှမဟုတ်တာ။

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now