Episode 4 (Z+Uni)

6.4K 320 4
                                    

(Zawgyi code)

"တောက် !!! စောက်မိန်းမကြီး... မကျေနပ်ဘူးကွာ..."

မကျေနပ်စွာ တောက်ခေါက်သံက အိပ်ခန်းထဲ ၀င့်ဟိန်းသွားတယ်။

ပြီးတော့ ဂျူးရဲ့ အော်သံနဲ့အတူ မကျေမနပ်နဲ့ ကုတင်ပေါ်က ခေါင်းအုံးကို ထိုးနှက်သံတွေကလည်း တဘုန်းဘုန်းနဲ့ ထွက်ပေါ်လာပြန်သေးတယ်။

ကုတင်ပေါ်ကဆင်းပြီး အခုန ချွတ်ပြီး လွှင့်ပစ်ထားမိတဲ့ အင်္ကျီကို အရင်ဆုံးရှာရသေးတယ်။

ဂျူးမအိပ်ခင်က ကုတင်ခြေရင်းဖက် လွှင့်ပစ်ထားခဲ့တာပါ။

ဟိုကျက်သတုံးလာပြီးရှင်းပေးသွားတယ်ဆိုတော့ ဘယ်မှာ ထားခဲ့တာလဲ မသိဘူး။

နေဦး... ဒင်းကို ပညာပေးပြမယ်။

ဂျူး မကျေနပ်တဲ့အတွေးနဲ့ အပေါ်မှာ လက်တစ်လုံးဘော် လီလေး ၀တ်ထားရင်း ဧည့်ခန်းထဲ မျက်နှာပြောင်တိုက်ပြီး ဆင်းခဲ့လိုက်မိတယ်။

ဧည့်ခန်းထဲရောက်လာတဲ့ ဂျူးအဖြစ်ကိုကြည့်ပြီး မာမီက ပါးစပ်အဟောင်းသားဖြစ်သွားတယ်။

မေကတော့ တစ်ချက်မော့ကြည့်ပြီး ဂျူးကို ဆက်မကြည့်ရဲ စွာ ရှက်စိတ်ဖြင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရင်း  မျက် လွှာပြန်ချသွားတယ်။

ဘာပဲဖြစ်ဖြစ် ဂျူးလုပ်ရပ်ကြောင့် မေရှက်သွားတယ်ဆိုတာ သိလိုက်ရလို့ ဂျူးတော်တော်လေး ကျေနပ်ပြီး ပြုံးမိသွား သေးရင်း မာမီနဲ့ မေ့ကို ဂရုမစိုက်စွာဖြင့် ခပ်မိုက်မိုက်လေး ဧည့်ခန်းထိုင်ခုံတစ်ခုတွင် ခြေပစ်လက်ပစ် ၀င်ထိုင်လိုက် တယ်လေ။

"ဂျူး... အင်္ကျီလေး ဘာလေးဝတ်လေ... ဘယ်လိုကြီး နေနေတာလဲ?"

"ဒီအိမ်မှာ မိန်းမတွေပဲရှိတဲ့ဥစ္စာ... ဂျူးက ဘယ်သူ့ကို ရှက် နေရမှာလဲ? ဘာလဲ မာမီက ဂျူးအင်္ကျီမပါတာကို မကြည့်ရဲ တာ စိတ်မခိုင်လို့လား..."

ဂျူး မာမီ့ကို ပြောသလိုလိုနဲ့ မေ့ကို ဒဲ့ပြောလိုက်တာပါ။

ထုံးစံအတိုင်း မေကတော့ ဘာမှမတုန့်ပြန်လာဘူး။

"ဂျူး... ဒီအိမ်မှာ မင်းထက်အကြီးတွေချည်းပဲနေတာနော်။ နဲနဲပါးပါး လေးစားစိတ်ရှိစမ်း... သွား အင်္ကျီပြန်သွားဝတ်။ မင်းကို ထိုင်ဆုံးမနေရမယ့်အချိန်အခါမဟုတ်ဘူးဆို နား လည်စမ်း..."

"အင်္ကျီက ၀တ်မလို့ပဲ။ ဒါပေမဲ့ ရှာမှ မတွေ့တော့တာ။ ဘယ်သူက လူလစ်ရင် နမ်းဖို့ ခိုးသွားလဲ မသိဘူး"

"ဂျူး..."

မာမီက ဂျူးဟာ မေ့ကို ဒဲ့ရစ်နေပြီဆိုတာ သိလို့ ထကာ ဟိန်းဟောက်လိုက်တယ်။

ဂျူး အသာလေး ငြိမ်နေပေးလိုက်တုန်းမှာပဲ မေ့ဆီက စကားသံတစ်ခု ထွက်ပေါ်လာတယ်။

"အင်္ကျီက ချွေးစော်တွေနံနေလို့ လျှော်ဖို့ စက်ထဲထည့် လိုက်တာ မာမီ..."

"ထင်သားပဲ... ခိုးနမ်းလိုက်မယ်ဆိုတာ..."

မခန့်လေးစား မဲ့ရွဲ့ပြီး ဂျူးပြောလိုက်တော့ မာမီ စိတ်ဆိုးစွာ ဖြင့် ဂျူးကို ထအော်ပြန်တယ်။

"ဂျူး... မင်းတိတ်စမ်း... ဘာမဟုတ်တာတွေ လျှောက်စွပ်စွဲနေတာလဲ မေ့ကို"

"ဟာ စွပ်စွဲတာမှ မဟုတ်တာ... သူ ခိုးနမ်းလို့ ချွေးနံ့ရနေတာ သိတာပေါ့... မဟုတ်ဘူးလား..."

"တော်စမ်း... ပါးစပ်ပိတ်ထားပြီး... သွား အခုချက်ချင်း အင်္ကျီ တစ်ခုခု သွားဝတ်ခဲ့..."

ဂျူး ချက်ချင်း ထမသွားသေးပဲ မခန့်လေးစား အကြည့်မျိုး၊ သူခိုးဖမ်းတဲ့အကြည့်မျိုးနဲ့ မေ့ကို တစ်ချက်စိုက်ကြည့်လိုက် သေးတယ်။

ပြီးမှ မာမီက အတင်းတွေ ဇွတ်အော်နေလို့ ဂျူး ဧည့်ခန်းထဲ က ခပ်သွက်သွက်လေး ပြေးထွက်ခဲ့လိုက်ရတယ်လေ။

အပေါ်ထပ်ရောက်တော့ မေခေါက်ပေးသွားတဲ့ အက်ႌေတြ ထဲမွ ခပ္ပြပြအက်ႌတစ္ထည္ကို ကောက်စွပ်ပြီး အောက် ထပ်ဧည့်ခန်းကို ပြန်ဆင်းခဲ့လိုက်တယ်။

ဧည့်ခန်းထဲရောက်တော့ ဂျူးဟာ သိသိသာသာ စီးကရက် သောက်ချင်နေပြီ။

ဒါပေမဲ့ ဂျူး စီးကရက်သောက်တတ်နေပြီဆိုတာ မာမီ မသိဘူး။ အခုချိန် မာမီ့ရှေ့ စီးကရက်သောက်ပြလိုက်ရင် မာမီ သွေးတက်ပြီးတောင် သေသွားနိုင်တယ်။

"ကဲ ကိုကို့ကိစ္စပြောပါဦး။ ကိုကို့ကို ဘယ်သူသတ်လိုက် တာလဲ?"

မကျေနပ်စွာနဲ့ ပြဿနာကို ဂျူးအစဖော်တော့ မေက ငြိမ်နေပေမယ့် မာမီကတော့ ငြိမ်မနေ။

"ဂျူး... အခုဆို မာမီတို့ မိသားစုထဲမှာ မိသားစုဝင်က ဒီဧည့်ခန်းထဲက လူအပြင် တခြားလူ မရှိတော့ဘူးဆိုတာ နားလည်စမ်းကွာ။ အချင်းချင်း ပြေလည်မယ့်စကားတွေပဲ ရွေးစမ်းပါ..."

"ကိုကို့အဆုတ်မှာ ရေ၀ိုင်းနေပြီဆိုတာ နောက်ကျမှ သိရတယ်ဆိုတဲ့ စကားကိုက ပုံစံမကျတာလေ မာမီ..."

"မင်းအဲဒီလောက် အကိုဖြစ်သူကို သိတတ်နေမှတော့ ဘာလို့ ပဲရစ်ကနေ ပြန်မလာခဲ့တာလဲ?"

"ပြန်လာဖို့ပဲလေ... ဒါပေမဲ့ ပြန်လာခါနီး ကိုကို့ဆီဖုန်းဆက် လိုက်တော့ ကိုကိုက သူ့အခြေနေက လွန်နေပြီတဲ့။ ပြန် လာလည်း မရတော့ဘူးတဲ့။ သူ့ဘေးမှာ သူ့ကို ပြုစုပေးမယ့် သူ့ ချစ်ဇနီးတစ်ယောက်လုံးရှိနေတယ်ဆိုတော့ ရပါတယ် တဲ့လေ... အဲဒါ မာမီ့သားပြောခဲ့တာ။ မယုံရင် သေရွာလိုက် သွားပြီး မေးကြည့်ပေါ့..."

ဂျူး မာမီ့ကို မကျေမနပ်နဲ့ပြန်အော်တော့လည်း မေငြိမ်နေ တုန်းပါပဲ။ ဘာမှကို ပြန်မပြောတာ။

မာမီလည်း ဒီတစ်ခါတော့ ဂျူးကို ဘာမှမတုန့်ပြန်ဘူး။

"နေစမ်းပါဦး မာမီရာ။ မာမီက ဂျူးကို အပစ်တွေလာတင် နေတာ၊ မာမီကရော... အမေတစ်ယောက်လုံးဖြစ်ပြီး ကိုယ့်သားလေး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေတာ တောင် ဘာလို့ မြန်မာနိုင်ငံကို တစ်ချက်လေး ပြန်မလာခဲ့ တာလဲ? ဘာလဲ မာမီ့လင်အသစ်လေးကို ထားခဲ့ရမှာ စိတ်မချလို့လား..."

"ဂျူး.... မင်း... ကဲဟယ်..."

"ဖျန်း..."

"ဟာ... မာမီ...မလုပ်ပါနဲ့ မာမီရယ်... မေတောင်းပန်ပါ တယ်..."

ဂျူးရဲ့ စော်ကားသလိုဖြစ်သွားတဲ့ စကားလုံးတစ်ချို့က အမှန်တွေပါ။ ထိုစကားတွေကပဲ မာမီ့အရှိုက်ကို ထိသွား တယ်ထင်တယ်။

မာမီ ဗြုန်းခနဲထပြီး ဂျူးကို ပါးကို အားကုန် ရိုက်ချပစ်လိုက် တယ်။

ဂျူး ခေါင်းထဲ မူးရီပြီး အမြင်အာရုံတွေ အကုန်မှောင်မဲသွား တယ်။

မာမီ ဒေါသနဲ့ နောက်တစ်ချက်ချဖို့ လက်ရွယ်တော့ မေက အလျှင်အမြန်ထပြီး မာမီ့ကို ဆွဲတယ်။

"တောင်းပန်ပါတယ်။ မေပဲ တောင်းပန်ပါတယ်... ဂျူးကို တော့... ဂျူးကိုတော့... ထပ်မရိုက်ပါနဲ့နော်။ အားလုံး မေ့အမှားတွေပါ... မေ့ကိုပဲ ရိုက်ပါ... အဟင့်... ဟင့်..."

စိုးရိမ်ထိတ်လန့်စွာနဲ့ တောင်းပန်ရင်း မေငိုမိသွားတော့ ဂျူး က နာကျင်မုန်းတီးစွာနဲ့ အရိုက်ခံလိုက်ရလို့ နီရဲသွားတဲ့ ပါး လေးကို ကိုင်ထားရင်း လှည့်ကြည့်လာတယ်။

ပြီးတော့ မေ့မျက်ရည်တွေကို ဂျူး ရွံရှာစွာဖြင့် မျက်မှောင် ကုတ်လိုက်သေးတယ်။

"ခင်ဗျား စောက်ပိုတွေ လုပ်ပြန်ပြီလား... ဒေါ်ဟန်နီမေ။ ခင်ဗျား အဲဒီလို စောက်ပိုတွေလုပ်လို့ ခင်ဗျားကို စောက် ရမ်းမုန်းတာ... ခင်ဗျားကို အရင်တည်းကလည်း မုန်းတယ်၊ အခုလည်းမုန်းတယ်၊ ကိုကိုသေသွားရတဲ့အတွက်လည်း ခင်ဗျားကို မကျေနပ်ဘူး။ အရင်ကထက်တောင် ပိုမုန်း တယ်။ ကိုကို့ (၇) ရက်လည်ပြီးတာနဲ့ ဂျူးပြန်မယ်။ ဒီကိုလုံး ၀ ပြန်မလာတော့ဘူး... ချီးပဲ... စောက်ရေးမပါတဲ့ဟာ"

ပါးက နာကျင်မှုကြောင့်ရော၊ ရင်ဘတ်ထဲက အကိုကို ဆုံးရှုံးလိုက်ရလို့ ဖြစ်လာတဲ့နာကျင်မှုကြောင့်ပါ ဂျူး မဆီမဆိုင် မေ့ကို အော်ဟစ်ရင်း မျက်ရည်ပေါက်ပေါက်ကျ လာခဲ့ရတယ်။

ဒါပေမဲ့ ဂျူးဟာ သူ့မျက်ရည်တွေကို မေမြင်မှာ မလိုလား။

ဒါ့ကြောင့် ဘာစကားမှ ဆက်မပြောတော့ပဲ အပေါ်ထပ်ကို ၀ုန်းဒိုင်းကျဲ ပြေးတက်ခဲ့လိုက်မိတယ်။

အိပ်ခန်းထဲရောက်တာနဲ့ တံခါးကို ၀ုန်းခနဲ ဆောင့်ပိတ်ပြီး အခန်းထဲမှာ သူမရဲ့ လက်ကျန်စီးကရက်ဗူးကို အသည်း သန်ရှာဖွေမိတယ်။

ဒါပေမဲ့ မတွေ့ဘူး။ ဘယ်မှာ ကျကျန်ခဲ့တယ် ဆိုတာလည်း မမှတ်မိ။

ဒါနဲ့ ကိုကို့ဘီရိုကိုဖွင့်ပြီး ဟိုဟိုဒီဒီ အသည်းသန် ရှာဖွေမိ တော့ ကိုကို့ စီးကရက်ဗူးတစ်ချို့ကိုတွေ့လိုက်ရတယ်။

ဒါနဲ့ပဲ ဂျူး စီးကရက်တစ်လိပ်ကိုယူ၊ နှုတ်ခမ်းတွင် ခပ်မြန်မြန်တေ့ပြီး အိတ်ထဲ မီးခြစ်ကိုထုတ်ကာ မီးညှိ့ပြီး အားရပါးရ ရှိုက်ဖွာပစ်လိုက်မိတယ်လေ။

ဖြစ်နေတဲ့ မကျေနပ်မှု ဒေါသတွေကို ဆေးလိပ်အခိုးငွေ့ တွေအဖြစ်အသွင်းပြောင်းပြီး မှုတ်ထုတ်လိုက်သလိုလို...

စီးကရက်တစ်လိပ်ကုန်သွားသည်အထိ အိမ်ကြီးထဲမှာ အသံတို့ တိတ်ဆိတ်ကုန်တယ်။

အခုလောက်ဆို အောက်ထပ်မှာ ၀မ်းနည်းပြီး ငိုနေတဲ့ မာမီ့ ကို မေဟာ နှစ်သိမ့်ရင်း ချော့နေလောက်ပြီ။

ထားလိုက်တော့။ အဲဒါတွေ ဂျူး မတွေးချင်တော့ဘူး။

အတိတ်ကို ပြန်ပြင်လို့ မရမယ့်အတူတူ ဂျူး အမြန်ဆုံးသာ ဒီနေရာက ထွက်ပြေးချင်နေပြီ။

ကိုကို့ကို အားနာလို့သာ ဒီကိုရောက်လာခဲ့တာ။

မဟုတ်ရင် ဂျူးလာခဲ့မှာတောင် မဟုတ်။

"ချီးပဲ... စောက်တလွဲမိသားစုထဲ လူလာဖြစ်ရတာကိုက စိတ်ပျက်ဖို့ကောင်းတာ..."

ဂျူး စီးကရက်တိုကို အခန်းထောင့်သို့ တောက်ထုတ်လိုက် ရင်းဆဲဆိုနေလိုက်သေးတယ်။
----------------------------------------------------

အချိန်ဘယ်လောက်ကြာသည်အထိ အိပ်ပျော်သွားလဲဆို တာ ဂျူးမသိ။

ရေပန်းမှ ရေကျသံတစ်ချို့ကြောင့် ဂျူးနိုးလာခဲ့တယ်။

မအိပ်ခင် စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်သောက်ခဲ့မိ တာကြောင့် တစ်ကြောင်း၊ မနက်တည်းက ဗိုက်ထဲအဆာ မရှိတာက တစ်ကြောင်းတို့ကြောင့် ဂျူး ခေါင်းတွေ မူးရီဝေ လျက်ရှိတယ်။

ရိုက်ခံလိုက်ရတုန်းက ထူပူနေလို့ သိပ်မသိရပေမယ့် ဂျူး ပါးက အခုအိပ်ရာနိုးမှ စပ်ပြီး ပူပြင်းနေတာ သတိထားမိ သွားတယ်။

အချိန်ကိုကြည့်လိုက်တော့ ညဥ့်နက် ၁၂ နာရီကျော်နေပြီ။

ဒီအချိန်ကြီး ဒီအခန်းထဲ ဘယ်သူက ရေလာချိုးနေတာပါ လိမ့်။

ဒါမှမဟုတ် ဂျူးပဲ ရေပန်းကိုဖွင့်ပြီး ပိတ်ဖို့ မေ့ခဲ့လေသလား။

ဒါပေမဲ့ အခုချိန်ထိ ငြီးစီစီဖြစ်နေတဲ့ ဂျူးလည်း ဒီအိမ်ကို စရောက်တည်းက ရေမှ မချိုးရသေးတာ။

ရေချိုးခန်းထဲ ဆီးသွားတာလောက်ပဲရှိတာ။

ဘယ်သူလဲ ရေချိုးနေတာ။

သိချင်စိတ်ဖြင့် ဂျူး ရေချိုးခန်းတံခါးကို ဖွင့်ပြီး ၀င်ခဲ့မိတယ်။

ကိုကို့ရေချိုးခန်းက ၀င်ဝင်ချင်း မှန်ဘီဒိုရှိနေတဲ့ မော်ဒန်ဆန် ဆန် ဘေစင်တစ်ခုရှိတယ်။ အဲဒီဘေစင်ဘေးမှာက ဘိုထိုင် အိမ်သာတစ်ခု။

အဲဒီအိမ်သာဘေးမှာမှ တစ်ဖက်မှ ပုံရိပ်တွေကို ခပ်ဝါးဝါး သာ မြင်ရနိုင်တဲ့ မှန်ကြီးကာထားတဲ့တစ်ဖက်မှာ ရေပန်းနဲ့ ရေချိုးခန်း။

ရေချိုးခန်းထဲရောက်တာနဲ့ ၀ါးနေတဲ့ မှန်ရဲ့တစ်ဖက်မှာ မိန်းမတစ်ယောက် ရေချိုးနေတာကို ဂျူး မမျှော်လင့်စွာ မြင်လိုက်ရတယ်။

အနက်ရောင် ဖြောင့်စင်းနေတဲ့ ဆံပင်တွေရဲ့အောက်က ကောက်ကြောင်း ကျော့ရှင်းသွယ်လျတဲ့ ခပ်တောင့်တောင့် ခန္ဓာကိုယ်။

မို့မောက်ကာ တင်းရင်းနေတဲ့ ရင်ဘတ်တစ်စုံ။

နောက်ပြီး လုံးကာ တင်းကားနေတဲ့ တင်ပါးတွေ။

ဝါးနေတဲ့ မှန်ရဲ့တစ်ဖက်မှာဆိုတော့ မြင်ကွင်းတွေက သိပ်မကြည်လင်ပေမယ့် ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ခပ်ရေးရေး မြင်နေရတာမျိုး။

ရေပန်းကကျနေတဲ့ ရေတွေဟာ ရေပူတွေဖြစ်ဟန်တူ တယ်။ ဒါ့ကြောင့် ၀ါးနေတဲ့ မှန်မှာ ရေခိုးရေငွေ့တွေ ကပ်နေသေးတယ်။

ဂျူးဟာ မှန်အတွင်းဖက်က ခန္ဓာကို ၀တ်လစ်စလစ်နဲ့ ရေချိုးနေတဲ့ ထိုအမျိုးသမီးကို ငေးစိုက်ကြည့်ရင်း ရင်ခုန်သံ တွေ ဆူညံစွာ တဒိန်း... ဒိန်း... မြည်လို့လာတယ်။

ခန္ဓာကိုယ်တစ်ခုလုံး ရှိန်းတိန်းတိန်းဖြစ်လာပြီး လက်ဖျား တွေတောင် တုန်ရီလာတဲ့အထိပဲ။

အရင်က ဂျူးဟာ မိန်းမပေါင်းများစွာနဲ့ ရင်းနှီးစပ်ယှက်ဖူးခဲ့ ပါရဲ့။ ဒါပေမဲ့ တစ်ခါဖူးမှ မိန်းမတစ်ယောက်ကြောင့် အခုလို ရင်တွေ မခုန်ခဲ့ဖူးပါ။

ဗိုက်ထဲမှာ အဆာမရှိလို့များလားဟု တွေးမိသေးတယ်။

ရင်တလှပ်လှပ်နဲ့။

တဒုန်းဒုန်ခုန်နေတဲ့ နှလုံးသားဟာ ခြံထဲမှာ အသိမ်းခံရလို့ မကျေနပ်ဖြစ်ပြီး ဒုန်းဆိုင်း ခုန်ပေါက်နေတဲ့ မြင်းရိုင်းတစ် ကောင်လိုပဲ။

ထိန်းမရ၊ သိမ်းမရနဲ့။

ကိုယ့်ရင်ဘတ်ကိုယ် မယုံနိုင်စွာ ပြန်စမ်းကြည့်လိုက်မိ တဲ့အထိဖြစ်ရတာ။

ရင်ခုန်မှုတွေက သိစိတ်နဲ့အတူ ရမ္မက်စိတ်ကို နှိုးဆွလို့လာ ပေပြီ။

ဂျူးဟာ အရင်တည်းက သဘောကျတဲ့လူနဲ့ဆို အပိုင်ရ အောင် ပတ်သတ်မိလေ့ရှိတဲ့အတိုင်း...

အခုလည်း ဒီရေချိုးနေတဲ့မိန်းမကို ထိတွေ့၊ ကိုင်တွယ်၊ ပတ်သတ်၊ စပ်ယှက်ချင်လာပြီ။

ကိစ္စတစ်ခုကို ဘယ်တုန်းကမှ နှစ်ခါပြန်စဉ်းစားလေ့မရှိပဲ စိတ်အလိုကို လိုက်ခဲ့မိတဲ့ ဂျူးဟာ...

အခုလည်းပဲ ရှည်ရှည် ဝေးဝေး မစဉ်းစားတော့ပဲ မှုံရီဝါး နေတဲ့ ရေချိုးခန်းမှန်တံခါးကို အသာယာ ဘေးဆွဲကာ ဖွင့်ပြီး ရေပန်းအောက်က မိန်းမကို အနောက်မှ သိုင်းဖက်လိုက်မိတယ်။

ထူးဆန်းစွာ ငြိမ်သက်နေတဲ့ ထိုအမျီုးသမီးနားတိုးကပ်မိ တော့ ရှန်ပူနံ့လိုလို၊ ကိုယ်သင်းနံ့လိုလို ဆွဲဆောင်မှုရှိတဲ့ ရနံ့တစ်မျိုးဟာ ဂျူးရဲ့ အနံ့ခံအာရုံထဲ ထိုးထွင်းဝင်လာပြီး ဂျူးကို ပိုပြီး ဆွဲဆောင်လိုက်သလိုဖြစ်သွားတယ်။

အနောက်မှ သိုင်းဖက်လိုက်ချင်းတုန်းက ထိုမိန်းမရဲ့ ခါးက သိုင်းဖက်မိတဲ့အတွက် အရှေ့ပိုင်းမှ ကျစ်လစ်ချပ်ကပ်နေ တဲ့ သူမရဲ့ဗိုက်ပေါ်သို့ လက်ဖ၀ါးတွေ ရောက်သွားသော် လည်း နှုတ်ခမ်းနဲ့ အနီးဆုံးကို ရောက်လာတဲ့ လည်တိုင်ကို စုတ်နမ်းယူချင်စိတ်ကြောင့် အကာကွယ်တစ်ခုလိုဖြစ်နေတဲ့ သူမရဲ့ ဆံပင်နက်နက်တွေကို လက်တစ်ဖက်နဲ့ ဖယ်ရှား ရသေးတယ်။

ဂျူးရဲ့လှုတ်ရှားမှုတွေက မှော်ဝင်စီးသလို အရာရာနှေးကွေး လေးနက်လွန်းနေတယ်။

သေချာတာကတော့ အခု ဂျူးဖက်ထားတဲ့ မိန်းမဟာလည်း ဂျူးနည်းတူ ရင်တွေခုန်နေတယ်ဆိုတာပါပဲ။

နောက်ပြီး ဂျူးရင်ခုန်သံတွေကိုလည်း ကျောဖက်ရဲ့ အထိ တွေ့ကြောင့် ထိုမိန်းမလည်း သိနေလောက်ပေပြီ။

ရေပန်းမှ ရေစက်တွေက မရပ်တမ်းဆက်ကျနေတာမို့ ရွှေအိုအောင် လိမ်ခွေခွေ ဂျူးဆံပင်တွေလည်း စိုစွတ် အိကျ ကုန်ပေပြီ။

ထိုမိန်းရဲ့ လည်တိုင်မှာ ဖုံးကွယ်နေတဲ့ ဆံပင်တွေကို ဂျူး လက်တစ်ဖက်နဲ့ ဖယ်ရှားလိုက်ပြီးတဲ့နောက်မှာတော့ ရင်ခုန်သံတွေရဲ့ တိုက်တွန်းရာ၊ ရမ္မက်မီးတို့တောက်လောင် ရာကို ခဏတာ နှစ်သိမ့်ပေးနိုင်လိုလိုငှား...

ဂျူးဟာ ၀င်းခနဲပေါ်လာတဲ့ ထိုလည်တိုင်လေးကို အားရ ကျေနပ်၊ မက်မောစွာ၊ အငမ်းမရ စုတ်ယူနမ်းရှိုက်မိတယ်။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...

ဂျူးရဲ့ အနမ်းနဲ့အတူ ဂျူးဟာလည်း တစ်ချိန်လုံး မိန်းမတွေ တစ်ယောက်ပြီး တစ်ယောက် ပတ်သတ်ခဲ့မိတာဟာ ယနေ့ ဒီမိန်းမရဲ့ ရင်ခွင်ထဲရောက်မှ အရာရာ ငြိမ်းချမ်းသွားသလို...

ဒါဟာပဲ ဂျူးဘ၀ရဲ့ ကွမ်းခိုရာ ရင်ခွင်လို...

ဒီမိန်းမဆီမှာပဲ တစ်သက်တာအချိန်တွေ အကုန်လုံး ကုန်ဆုံးချင်လာသလို...

မက်မောရူးသွပ်စွာ နမ်းစုပ်ယူမိနေရင်း နိုးထလာတဲ့ ရမ္မက် တို့ရဲ့ ဆွဲဆောင်ရာလမ်းအတိုင်း...

ဂျူးရဲ့လက်ဖ၀ါးတွေဟာ သူမရဲ့ မို့မောက်နေတဲ့ ရင်သား တွေဆီ တဖြည်းဖြည်းတိုးကပ်သွားပြီးနောက်...

သူမရင်သားရဲ့ အလယ်ဗဟိုမှာရှိတဲ့ နေရာလေးကို လက်ညိုး၊ လက်မတို့နဲ့ တို့ထိဆော့ကစားမိရင်း...

ပါးစပ်ဖြင့် ငုံကာစုပ်ယူနမ်းရှိုက်နေမှုကိုလည်း ဂျူး မရပ်တံ့ နိုင်သလို...

ဒီထက်ပိုနီးစပ်တဲ့၊ ဒီထက်ပိုလိုလားတဲ့ တောင့်တမှုစိတ် တစ်စုံနဲ့အတူ...

ရူးသွပ်မက်မောတဲ့ အနမ်းရှိုင်းရှိုင်းတွေ သူမနှုတ်ခမ်းဆီသို့ ချွေချဖို့ ဆုံးဖြတ်ချက်နဲ့ သူမရဲ့ မေးစေ့ကို လှမ်းကိုင်ရင်း သူမ မျက်နှာကို ဂျူးဖက်သို့ ဆွဲလှည့်လိုက်မိတဲ့ တခဏမှာ တော့...

"ဂျူလီယာ..."

"ဟင်... ခင်ဗျား...???"

----------------------------------------------------

ဆက်ရန်...

(ဆက်ရေးဖို့ အားရှိအောင် နဲနဲလောက် Vote နဲ့ Comment လေး မပေးချင်ကြဘူးလားရှင်)

🩷🩷🩷🩷🩷🩷🩷🩷🩷🩷

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now