(Zawgyi code)
🚨ဒီအပိုင်း နဲနဲမှောင်မှာနော်🌚
🚨မကြိုက်ကျော်ဖတ်😏
🚨မကျော်ချင်လည်း ဆော်ဘေးခေါ်ထားပြီးဖတ်🤭
🚨Fa ဆိုရင်တော့ စောင်ကိုက်ဖတ်😁
----------------------------------------
ဂျူးအိပ်ရာနိုးတာနဲ့ ချက်ချင်းပဲ မျက်နှာသစ်ပြီးအောက်ထပ်ဆင်းလာမိတယ်။
ဂျူးစိတ်ထဲမှာ မနေ့ညက မိုးစံကိုခေါ်လာခဲ့မိလို့ မေတစ်ခုခုများပြောမလားဆိုတဲ့ သိချင်စိတ်လေးဖြစ်နေတယ်။
ဆူမယ်ဆိုလည်း ခံဖို့စဉ်းစားပြီးသား။
တစ်ခွန်းမှ ပြန်မပက်ဖို့လည်း ဆုံးဖြတ်ထားတယ်။
တကယ်တော့ ဂျူးအိပ်ရာထဲ ဆက်လှိမ့်နေချင်သေးတယ်။
ဒါပေမဲ့ မနေ့ညက မိုးစံဟာ အိပ်ပျော်သွားတာနဲ့ ဟောက်လိုက်တာမှ လွန်ပါရော။
ဂျူးလက်မောင်းပေါ်ကိုလည်း သွားရည်တွေကျလို့ ဂျူး စိတ်ပျက်လက်ပျက်နဲ့ မိုးစံကို တစ်ဖက်ကို တွန်းထုတ်ရသေးတယ်။
ပိုဆိုးတာက အိပ်နေရင်း မိုးစံက ဂျူးကို လာလာခွတာ။ မိုးစံခြေထောက်က ဂျူးအသားကို ထိလိုက်တာနဲ့ ဂျူးမှာ အော်တို နိုးနိုးသွားရတယ်။
မနေ့ညက မိုးစံကို ကလပ်က မခေါ်ခဲ့ရင် ကောင်းမှာပဲလို့ ဂျူး အကြိမ်ကြိမ်နောင်တရမိတဲ့အထိပဲ။
ဒါ့ကြောင့် မိုးလင်းတာနဲ့ ခပ်သွက်သွက်လေး အိပ်ရာထဲက ထွက်ခဲ့လိုက်တာ။
မဟုတ်ရင် မနေ့ညက ဇာတ်လမ်းကို ပြန်စနေမှ အခက်။
မိုးလင်းမီးရောင်အောက်မှာ မိုးစံကိုသေချာကြည့်လိုက်တော့ ချစ်စရာလေးပါပဲ။
မျက်နှာဝိုင်းဝိုင်းလေး ဆံပင်ဖြောင့်ဝိုင်းဝိုင်းလေးက လိုက်ဖက်လွန်းပြီး ဂျပန် Anime ကာတွန်းကားတွေထဲက ကောင်မလေးတွေနဲ့တောင် တူနေသေးတာ။
မဟော်ဂနီရောင် ဆံပင်တွေကြားထဲ ခရမ်းရောင်ဟိုက်လိုက်လည်းဖောက်ထားသေး။
ခက်တာက မိုးစံဘာသာ ဘယ်လောက်ပဲ ချစ်ဖို့ကောင်းနေပါစေ ဂျူး စိတ်မ၀င်စားနိုင်တော့တာ။
ပင်ကိုယ်စိတ်ရင်းအမှန်ဆို စိတ်ဝင်စားချင်တာ။ ဒါပေမဲ့ မရတော့တာ။
အခုဆို ဂျူးစိတ်နဲ့ ဂျူးဟာ ပြောစကားနားမထောင်နဲ့ ခွေးတစ်ကောင်နဲ့ သူ့သခင်တို့ရဲ့ ပတ်သတ်မှုမျိုးနဲ့တူနေပြီ။
သခင်းက ခွေးကို ဟိုဟာလုပ်ပါ၊ ဒီဟာလုပ်ပါလို့ ခိုင်းနေပေမယ့်လည်း ခွေးဟာ သူ့စိတ်ထင်တိုင်း လုပ်နေတာမျိုးပေါ့။
ဂျူးဟာ မိုးစံနဲ့ပတ်သတ်ချင်နေတယ်၊ ဒါပေမဲ့ စိတ်က မပါတော့တာ။
အပေါ်ထပ်ကဆင်းလာသည့်တိုင် မေ့အရိပ်ယောင်ပင် မမြင်ရသေး။
ထမင်းစားခန်းထဲဝင်လိုက်တော့ ထုံးစံအတိုင်း မေက မနက်စာပြင်ဆင်ပေးထားတယ်။
၂ ယောက်စာ ပြင်ထားတဲ့ မနက်စာကို ငေးကြည့်ရင်း ဂျူး ငေးမောမောလေးဖြစ်သွားတယ်။
"မင်းနဲ့ မင်းသူငယ်ချင်းအတွက် ပြင်ဆင်ပေးထားတာ၊ အဆင်ပြေပါစေ... မေ"
မေရေးပြီးထားပေးထားတဲ့ စာရွက်ပိုင်းလေးကို ယူဖတ်ကြည့်မိပြီး ၀မ်းနည်းစရာမပါပဲနဲ့ ဂျူး မျက်ရည်ဝေ့မိတယ်။
စိတ်မောသက်ပြင်းချရင်း ထိုစာရွက်ခေါက်လေးကို ဘောင်းဘီအိတ်ထဲထိုးထည့်ပစ်လိုက်ရတယ်။
ကြက်ဥကြော်၊ ၀က်သားခြောက်ကြော်တို့ပါတဲ့ အသီးနှံတွေနဲ့ ကြော်ထားတဲ့ ထမင်းကြော်က ပူနွေးနေတုန်း။
ဂျူးလည်း ဗိုက်ဆာနေပြီဆိုတော့ ထိုထမင်းကြော်ကို ထိုင်စားနေလိုက်မိတယ်။
"ဂျူးကွာ... ရက်စက်တယ်... နိုးတာတောင် လူကိုနှိုးမသွားဘူး..."
အသံကြားရာ လှည့်ကြည့်လိုက်တော့ မိုးစံဖြစ်နေတယ်။
မိုးစံက ဂျူးထုတ်ပေးခဲ့တဲ့ အိမ်နေရင်းဝတ်စုံကို လဲဝတ်ပြီး ဆင်းလာတာ။
"အိပ်ရေးပျက်မှာစိုးလို့ပါ။ လာ... Breakfast လာစားလိုက်။ အဆင်သင့်ပဲ..."
မိုးစံက စားပွဲပေါ်က ထမင်းကြော်ကို အရင်ကြည့်တယ်။
ပြီးတော့ ထမင်းဝိုင်းမှာ ထိုင်ခုံအလွတ် ၄ လုံးရှိရဲ့သားနဲ့ မထိုင်ပဲ ဂျူးပေါင်ပေါ်တွင် ဂျူးနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် တက်ခွထိုင်လိုက်တယ်လေ။
"မိုးစံ... လူကြီးတွေ မြင်ကုန်ဦးမယ်... ဘယ်လိုတွေဖြစ်နေတာလဲ?"
"မင်းအိမ်က ဒီလောက်တိတ်ဆိတ်နေတာ။ ဘယ်သူမှ မရှိပါဘူး..."
"ရှိတယ်... မမေက အနေအေးလို့ သူရှိမှန်း မသိရတာ..."
"အာ မသိဘူးကွာ... မနေ့ညက အကြွေးပြန်ဆပ်ဖို့ရှိတယ်လေ... မေ့နေတာလား?"
မိုးစံက ပြောလည်းပြော။ ဂျူးရဲ့ နှုတ်ခမ်းတွေကို စုပ်ယူနမ်းပစ်လိုက်တယ်။
တစ်ချက်အနမ်းခံပြီး ဂျူးအသာလေး ရှောင်ဖယ်လိုက်တော့ ဂျူးရဲ့လည်တိုင်တွေကို ထပ်ကာ နမ်းပြန်တယ်။
နမ်းရင်းနဲ့ လက်ကလည်း အငြိမ်မနေဘူး။
အင်္ကျီအတွင်းဖက်ကို လျှိုဝင်လာပြီး ဂျူးရဲ့ ရင်ဘတ်တွေကို ကိုင်လို့ ထိုလက်ကို လှမ်းဖမ်းလိုက်ရတယ်။
"မိုးစံ... ဘယ်လိုဖြစ်နေတာလဲ... မမေမြင်သွားရင် မကောင်းဘူးနော်..."
"မြင်ပါစေ... ဘာဖြစ်လဲ?"
မိုးစံဟာ သူ့လက်တွေကို ရုန်းဖယ်လိုက်ပြီး ဂျူး ဘောင်းဘီသရေကြိုးကို ဆွဲဟကာ အတွင်းဖက်သို့ လက်ကို ထိုးထည့်လိုက်တယ်။
ဂျူးက အိမ်နေရင်း အောက်ခံဘောင်းဘီဝတ်လေ့မရှိဘူး ဆိုတော့ မိုးစံလက်က ဂျူးဆီးဂုံဆီတန်းရောက်သွားလို့ ဂျူး မှာ ပြာပြာသလဲ မိုးစံလက်ကို ဖမ်းချုပ်ရတော့တာပေါ့။
"မိုးစံ ငြိမ်ငြိမ်နေကွာ... မမေမြင်ရင် မကောင်းဘူး..."
"တကယ်လို့ သူမြင်ပြီး စိတ်ပါလာရင်လည်း သရီးဆမ်းကြတာပေါ့..."
"မိုးစံ... ဖယ်ဟာ..."
ဂျူးဘယ်လိုပဲ တားနေပါစေ၊ မိုးစံက မရ။ လည်တိုင်တွေ၊ ဂုတ်တွေကို လိုက်ကာ နမ်းစုပ်နေပြီး လျာနဲ့လည်း အသည်းယားလာအောင် ခပ်ဖွဖွလေး လျက်ပေးသေးတယ်။
ဒါပေမဲ့ ခက်တာက ဂျူးဟာ ကျောက်တုံးတစ်တုံးလိုပဲ။ ဘယ်လိုမှ ခံစားချက်မရှိတော့တာ။
သိတဲ့အတိုင်းပဲ။ မိုးစံက လွယ်လွယ်နဲ့လက်မလျော့ချင်သေး။
လက်ကို ဘောင်းဘီအတွင်းဖက်သို့ လျှိုထည့်လိုက်ပြီး ဂျူးရဲ့ ဆီးဂုံနဲ့ ပေါင်အရင်းဖက်တွေကို ခပ်ဖွဖွလေး ပွတ်သတ်နေသေးတယ်။
အဲဒီလို ပွတ်သတ်နေရင်း ဂျူးရဲ့ အဓိကနေရာ အလယ်ဗဟိုကို လက်လေးနဲ့ မထိတထိလေး စ,စ,ပြီး ထိရင်း လက်တည့်စမ်းသေးတယ်။
ဂျူးလည်း စိတ်မပါတဲ့အတူတူ လိုက်ထိန်းမနေတော့ဘူး။
လုပ်ချင်တာ လုပ်တော့ဆိုတဲ့ပုံစံမျိုး လွှတ်ထားလိုက်မိတယ်။
မိုးစံက ဂျူးငြိမ်နေတာကို အကောင်းမှတ်ပြီး ဂျူးရဲ့ ပေါင်အလယ်ကြားထဲ လက်ခလယ်လေးနဲ့ အသာလေး တို့ထိလိုက်တယ်။
ထိုသို့ ထိမိပြီးသွားတာနဲ့ တစ်ပြိုင်နက် မိုးစံရဲ့ Mood က လုံးဝပြောင်းသွားရတယ်လေ။
စိတ်ပျက်လက်ပျက်နဲ့ လက်ကို ပြန်ဆွဲထုတ်ပြီး တခြားခုံတွင်ပြောင်းထိုင်ကာ ထမင်းစားဖို့လုပ်တယ်။
"လက်သွားဆေးဦးလေ..."
"ဘယ်လက်ကိုဆေးရမလဲ... ဘာမှကို မပေတာလေ... မင်းကို ဒီလောက်နူးနေတာတောင် မင်းက တစ်စက်လေးတောင် မစိုဘူး။ ခြောက်ကပ်နေတာပဲ။ ဂျူး... မင်း Straight မဟုတ်လား..."
"အမယ်လေး... ဂျူးတို့က မွေးကတည်းက ကွေးပြီး မွေးလာတာ။ Straight လုံးဝ မဟုတ်ဘူး..."
"အာ့ဆို မင်းဘာလို့ ဒီလောက် ခက်ခဲနေတာလဲ?"
"ပြောပြီးသားပဲ မိုးစံရယ် စိတ်ထည့်လို့ မရတော့လို့ပါဆို..."
"ချီးပဲ... အခုမနက်စာ စားပြီးတာနဲ့ ပြန်မယ်။ နောက်နောင် လမ်းတွေ့ရင်တောင် မခေါ်နဲ့"
မိုးစံ ဒေါသထွက်ပြီး ထမင်းကြော်ကို ခပ်သွက်သွက်စားတယ်။ ဒါပေမဲ့ နဲနဲပါပဲ။
စားပြီးတာနဲ့ အပေါ်ထပ်ကို ၀ုန်းဒိုင်းကျဲ ပြေးတက်သွားတယ်။
ခဏပဲကြာတယ်။ သူ့အ၀တ်သူပြန်ဝတ်လာပြီး အိမ်ထဲကထွက်ပြီး ကားပေါ်တက်၊ စက်နှိုးတယ်။
ဂျူးလည်းခပ်သွက်သွက်လေး ခြံပေါက်ဝထိပြေးသွားပြီ ခြံတံခါးကို ဖွင့်ပေးလိုက်မိတယ်။
ခြံဝမှ မိုးစံက ကားမောင်းထွက်ခါနီးမှ မှန်ချလိုက်လို့ ဂျူး ကားခေါင်းခန်းဆီသို့ ပြေးသွားပြီး ငုံ့ကြည့်မိတယ်။
မိုးစံ တစ်ခုခုကျန်ခဲ့လို့များလားပေါ့။
"ဂျူး... မင်းသိထားဖို့ကလေ... မင်းဒီပုံစံနဲ့ဆို ကြာရင် မလွယ်ဘူးသိလား။ သေချာတာက မင်းစိတ်ကို တစ်ယောက်ယောက်က အပိုင်သိမ်းလိုက်ပြီ။ သူမှမဟုတ်ရင် မင်းမရတော့ဘူး။ သူမှမဟုတ်ရင် မင်းမကြွတော့ဘူး။ အဲဒီတော့ တို့ပြောချင်တာက မင်းကံကောင်းပါစေ ဂျူးရယ်... သူ့မှ မင်းမရရင် မင်းဘ၀တော့ မလွယ်ဘူးသိလား? မင်း အဲဒီတစ်ယောက်ကို တော်ရုံစွဲလန်းနေတာ မဟုတ်ဘူး... ရူးရူးသွပ်သွပ်နဲ့ကို စွဲလန်းနေတာ... မင်းကို သနားလိုက်တာ ဂျူးရာ။ ကံကောင်းပါစေကွာ... ကဲ တာ့တာ..."
မိုးစံပြောချင်ရာ ဇွတ်ပြောပြီး ကားမောင်းထွက်သွားတယ်။
ဂျူးလည်း ဘာပြန်ပြောရမှန်းကို မသိတော့။
မိုးစံပြောမယ်ဆိုလည်း ပြောချင်စရာ။
ဒါနဲ့ပဲ ခြံတံခါးကို ပြန်ပိတ်ပြီး အိမ်ထဲဝင်ခဲ့လိုက်မိတယ်။
မနက်စာကိုတစ်ယောက်တည်းထိုင်စားနေရင်း မိုးစံပြောသွားတဲ့စကားလုံးတွေက အာရုံမှာ ပဲ့တင်ထပ်လာတယ်။
"သူ့မှ မင်းမရရင် မင်းဘ၀တော့ မလွယ်ဘူးသိလား? မင်း အဲဒီတစ်ယောက်ကို တော်ရုံစွဲလန်းနေတာ မဟုတ်ဘူး... ရူးရူးသွပ်သွပ်နဲ့ကို စွဲလန်းနေတာ"
မိုးစံရည်ရွယ်တဲ့ "သူ"ဆိုတာ ဘယ်သူများလဲ... မေလား?
တိတ်ဆိတ်မှုကြောင့်လား ဘာလားတော့ မသိ။ ဂျူး သိသိသာသာ အထီးကျန်သလိုလို၊ ၀မ်းနည်းသလိုလိုဖြစ်လာတယ်။
ဂျူးတွေ့မလားလို့ မေ့ကို အိမ်ထဲပတ်ပြီးလိုက်ရှာမိသေးတယ်။
ဒါပေမဲ့ မတွေ့ဘူး။
ဒါနဲ့ပဲ မနက်စာစားပြီး မာမီ့ဆီဖုန်းခေါ်ကာ ဒေးဗစ်ကျန်းမာရေးအခြေအနေကို မေးလိုက်မိတယ်လေ။
"သက်သာပါတယ်ဂျူးရယ်... အဆင်ပြေတယ်။ သူ လမ်းလျှောက်နိုင်ပြီဆိုတာနဲ့ မာမီလာခဲ့မယ် သိလား။ စိတ်ချနော်။ ဒါနဲ့ မေနဲ့ရော အဆင်ပြေလား..."
"အင်း ဒီလိုပါပဲ..."
ဖြစ်ကြောင်းကုန်စင်တွေ မာမီ့ကို တင်ပြမနေချင်လို့ ခပ်တိုတိုပဲပြန်ဖြေလိုက်မိတယ်။
"ရန်တွေဘာတွေဖြစ်ကြသေးလား?"
"အာ မဖြစ်ပါဘူးဆို။ မာမီက လုပ်ပြီ..."
"ဒါနဲ့ မေရော... မနေ့ညကတော့ မာမီနဲ့ ဖုန်းပြောဖြစ်သေးတယ်..."
"ဟုတ်လား။ ဘာတွေပြောဖြစ်လဲ။ ဂျူးအကြောင်းပါသေးလား?"
"မပါပါဘူးဂျူးရယ်။ မေက အဲဒီလိုပြောတတ်တဲ့ မိန်းကလေးမျိုးမှ မဟုတ်တာ။ ဒါနဲ့ အခု မေရော?"
"မသိဘူး။ ဂျူးနိုးလာတည်းက မတွေ့ဘူး"
"အပြင်သွားတာလား... ဖုန်းလေးဘာလေး ဆက်ကြည့်ပါဦးကွယ်။ နှစ်ယောက်တည်းနေပြီး တစ်ယောက်ဘယ်သွားလဲဆိုတာ တစ်ယောက် မသိဘူးဆိုတာတော့ မဟုတ်သေးပါဘူး..."
"ဖုန်းဆက်ဖို့ကျ ဂျူးမှာ သူ့ဖုန်းနံပါတ်မှ မရှိတာ..."
"အော် အာ့ဆို မာမီခု ပို့ပေးမယ်။ ဆက်မေးလိုက်နော်။ မကောင်းဘူး။ တော်ကြာ တစ်ခုခုဖြစ်နေမှ အခက်။ တစ်အိမ်တည်းနေတယ်ဆိုတော့ အနည်းဆုံးတော့ ဖုန်းနံပါတ်က သိထားသင့်တယ်လေ..."
ဒီလိုနဲ့ ဂျူးလည်း မာမီပို့ပေးလို့ မေ့ဖုန်းနံပါတ်လေးကို ရလိုက်တယ်ဆိုပါတော့။
ဂျူး ဖုန်းနံပါတ်ကိုကြည့်ပြီး ဆက်သင့်၊ မဆက်သင့် ချက်ချင်းမဝေခွဲနိုင်။
ဆက်ပြီးရင်လည်း ဘာပြောရမလဲဆိုတာ မသိပြန်။
ပိုဆိုးတာ ဂျူးဟာ မေနဲ့ စကားမပြောရဲတာ။
ဒါပေမဲ့လည်း မိုးစံနဲ့ပတ်သတ်ပြီး မေ့ထင်မြင်ယူဆချက်ကို ဂျူးသိချင်နေပြန်သေးတယ်။
နောက်ဆုံး စိတ်ကို သေချာမပြင်ဆင်မိသေးပဲ မေ့ဖုန်းကို ဂျူးခေါ်လိုက်မိတယ်။
"တူ... တူ... တူ..."
တစ်ဖက်ကို ဖုန်းဝင်သွားသံ "တူ... တူ..."က ဂျူးနှလုံးသားကို လှုတ်ခတ်စေတယ်။
ဘာကြောင့်မှန်းမသိ။ သိသိသာသာ တုန်ရီလာတယ်။
"ဟဲလို?"
မေ့အသံလေး ဖုန်းထဲကတဆင့်ကြားလိုက်ရတော့ ဂျူးလက်ဖျားတွေ အေးစက်သွားကာ ကြောက်လန့်တကြား ဖုန်းချလိုက်မိတယ်။
ဖုန်းချပြီးမှ တစ်ခုခုပြောလိုက်လို့လည်း ရသားနဲ့လို့တွေးကာ ကိုယ့်နဖူးကိုယ်ပြန်ထုမိသေးတယ်။
"ကလင်... ကလင်... ကလင်..."
"ဗုဒ္ဓေါ..."
မေက ဖုန်းပြန်ခေါ်လာတာ။ ဂျူး ဖုန်းကို ချက်ချင်းမကိုင်အား။
မြည်နေတဲ့ ဖုန်းကိုကြည့်ရင်း သက်မချတယ်၊ ပြီးတော့ တံတွေးမျိုချရင်း အားတင်းကာ ဖုန်းကိုင်လိုက်တယ်။
"ဟဲလို..."
"ဟုတ်ကဲ့... အခုန ဒီဖုန်းကိုခေါ်ထားလို့ပါ..."
"ဟုတ်တယ်... အဲဒါ ဂျူး..."
"အော်... ဂျူး... ပြော... ဘာကိစ္စလဲ?"
"ကိစ္စရှိမှ ဖုန်းဆက်ရမှာလား?"
"မဟုတ်ဘူးလေ။ မင်းက တို့ကို ဖုန်းဆက်လေ့မှ မရှိတာ။ ဒါနဲ့ ဖုန်းနံပါတ် ဘယ်လိုရတာလဲ?"
"မာမီ့ဆီက..."
"အော်... ကဲပြော... ဘာအတွက်ဖုန်းဆက်တာလဲ?"
"ခင်ဗျား ဘယ်မှာလဲ?"
"တို့ အပြင်မှာ။ ဈေးဝယ်နေတာ... မင်းကို စာရေးပြီးတင်ပေးခဲ့တယ်လေ..."
"စာထဲမှာ ခင်ဗျား ဈေးသွားမယ်လို့မှ မပါတာ..."
"အော်... ဟုတ်သားပဲ။ ကဲ တို့ ဈေးရောက်နေတာ။ ဘာလိုချင်လဲ ပြောလေ။ ၀ယ်ခဲ့ပေးမယ်..."
"ဘာမှ မလိုချင်ဘူး။ ခင်ဗျားသာ မြန်မြန်ပြန်လာခဲ့... ဒီမှာ ဂျူးတစ်ယောက်တည်း"
ရင်ဘတ်ထဲက ပြောချင်တဲ့စကားတွေက စိတ်ရဲ့အထိန်းအကွပ်မပါပဲ ပါးစပ်က သူ့အလိုလိုထွက်သွားသလိုမျိုး။
ဂျူးပြောပြီးမှ မေ့ကို ကြူးနေတယ်လို့ မေထင်သွားမှာစိုးရိမ်ပြီး ဖုန်းချပစ်လိုက်မိတယ်။
မေထပ်ခေါ်လာမှာစိုးလို့ ဖုန်းကိုပါ ပိတ်မိတဲ့အထိပဲ။
ပြီးတော့ အပေါ်ထပ်သို့ တက်ခဲ့လိုက်မိတယ်။
ဂျူးဟာ တော်ရုံဆို လွယ်လွယ်နဲ့ ကြူးတတ်တဲ့ လူမျိုးမဟုတ်။
တစ်ဖက်က ရေလာမြောင်းပေးလုပ်လွန်းမှ တစ်ခွန်းစ၊ နှစ်ခွန်းစ ကြူးတတ်တာ။
အခုတော့ မေနဲ့မှ ဘလိုင်းကြီး ကြူးပစ်မိတာ။
ကိုယ့်အတွေးနဲ့ကိုယ် နံရံပေါ်ကို လှမ်းကြည့်လိုက်တော့ ချိတ်ထားတဲ့ မေနဲ့ ကိုကို့ မင်္ဂလာဆောင်ဓါတ်ပုံထဲမှ ကိုကိုက ဂျူးကို စိုက်ကြည့်နေတာ မကျေနပ်သလိုလို၊ ဒေါသထွက်သလိုလို။
ဂျူး အောက်ထပ်မှာဆက်နေဖို့ လိပ်ပြာမလုံတော့။
အဲဒါကြောင့် အပေါ်ထပ်သို့ အပြေးတက်ခဲ့မိသွားတယ်။
"ဟူး... ငါတော့ သေတော့မှာပဲ..."
ဂျူး ကုတင်ပေါ် ငုတ်တုတ်ကြီးထိုင်ကာ စောင်ကြီး ခေါင်းထိခြုံပြီး တိတ်တိတ်လေး နေနေမိတဲ့အထိ။
----------------------------------------
သိပ်မကြာဘူး။
အောက်ထပ်မှ ကားသံကြားလို့ မေပြန်လာပြီဆိုတာ ဂျူးသိလိုက်ပြီး အောက်ထပ်သို့ဆင်းလာခဲ့တယ်။
မေဟာ သူဝယ်လာတဲ့ နောက်ဖေးအတွက် ရိက္ခာတွေကို ရေခဲသေတ္တာထဲ ထည့်သင့်တာထည့်တယ်၊ နောက်ဖေးဘီရိုတွေထဲ ထည့်သင့်တာထည့်တယ်။
ပြီးတော့ ဟင်းချက်ဖို့ ပြင်ဆင်တယ်။
ဂျူး မယောင်မလည်နဲ့ နောက်ဖေးကို ၀င်သွားသည့်တိုင် မေဟာ ဂျူးကို ဘာစကားတစ်ခွန်းမှ မပြောသေး။
"ဘာကူပေးရမလဲ?"
"ရတယ်... ကျေးဇူး..."
မေဟာ မိုးစံနဲ့ပတ်သတ်ပြီး ဘာမှမမေးသလို ပြောလည်း မပြော။ ထို့အတွက် စိတ်ဆိုးနေတာမျိုးလည်း မဟုတ်ပြန်။
ဂျူး ဘယ်လိုလူမျိုးနဲ့ပဲတွဲတွဲ မေ့အတွက် အရေးမကြီးလို့ မမေးတာမျိုးလားလို့ ဂျူးတွေးမိပြီး ၀မ်းနည်းလာရတယ်။
ဒါနဲ့ပဲ ဧည့်ခန်းထဲပြန်သွားထိုင်နေမိတယ်။
လူကတော့ သေချာတယ် ဘူနေပြီ။
ဒါပေမဲ့ ကြာကြာလည်း မထိုင်ဖြစ်။ မေ့အနားကို ပြန်ရောက်သွားပြန်တယ်။
"ဂျူးက ငါးစားတယ်နော်"
မေက သူဝယ်လာတဲ့မုန်လာဥအဖြူတွေကို အခွံနွှာနေရင်း မေးတာ။
"အင်း... စားပါတယ်။ ဘာငါးလဲ?"
"ငါးဖယ်နဲ့ ငါးဒန်... ငါးဖယ်ကို ချိုချဉ်လေးကြော်ပေးမယ်၊ ငါးဒန်ကိုတော့ မုန်လာဥအဖြူနဲ့ ချဉ်စပ်လေးချက်ပေးမလို့..."
"အင်း...ကောင်းတယ်... ကြိုက်တယ်။ ဂျူး... ဘာကူညီပေးရမလဲ?"
"ရပါတယ်။ တို့အဆင်ပြေတယ်... နားနားနေနေ နေလေနော်..."
မေ့ဆီက စကားသံတို့ တိတ်ကုန်ပြန်တယ်။
ဂျူး ဘာဆက်လုပ်ရမှန်း မသိပေမယ့်လို့ ထိုနားကနေလည်း ထွက်မသွားမိသေးဘူး။ ယောင်လည်လည်နဲ့ ရပ်နေမိတုန်း။
မေကတော့ သူ့အလုပ်ကို တစ်ခုချင်း ဆက်တိုက် လုပ်နေတယ်။
ဂျူးရပ်နေရင်း လူပိုတစ်ယောက်လိုခံစားလာမိတယ်။
မေ့တိတ်ဆိတ်မှု၊ လစ်လျှူရှုမှုကို ဂျူး မခံစားနိုင်ဘူး။
ဒါပေမယ့် မိုးစံကိစ္စကို ဘလိုင်းကြီး ပြောပြဖို့ကျပြန်တော့လည်း တစ်မျိုးပဲ။
နောက်ဆုံးဂျူးပဲ လက်လျော့လိုက်ပြီး ခြံထဲဆင်းခဲ့မိတယ်။
ခြံထဲရောက်တော့မှ သတိထားကြည့်မိတယ်။
မေက ဂျူးအ၀တ်တွေ ယူပြီးလျှော်လှန်းခဲ့သေးတာကိုး။
ခြံထဲက အပင်တွေမှာလည်း သစ်ရွက်အနွမ်းဆိုတာ မရှိသလောက်ပဲ။
မေဟာ ခြံထဲရှင်းတာကိုလည်း တစ်ယောက်တည်း ရအောင်လုပ်တယ်။
ပန်းအိုးတွေ ဟိုဒီရွှေ့နိုင်ဖို့ ဘီးပါတဲ့ တွန်းလှည်းလေးတစ်ခုကိုလည်း ဆောင်ထားသေးတယ်။
အပင်တွေ ပေါင်းသင်တာ၊ ဆေးဖျန်းတာ၊ ရေဖျန်းတာတွေ လည်း မေက စိတ်ရှည်လက်ရှည်လုပ်သေးတာ။
အိမ်ထဲလည်း မေပဲ။
နောက်ဖေးမီးဖိုချောင်ကစ၊ အ၀တ်လျှော်တာအလယ်၊ အိမ်ရှင်းတာအဆုံး။
ဟိုရက်ကဆိုရင် မေဟာ ဂျူးအိပ်ခန်းထဲက ရေချိုးခန်းကိုတောင် လာတိုက်ပေးသွားသေးတာ။
မေဟာ တော်တော်လေးကို မိန်းမပီသတဲ့ အမျိုးသမီးပါလား။
အိမ်မှုကိစ္စတွေကို တကယ်နိုင်နင်းလွန်းတယ်။
ဂျူးဆိုရင်တော့ ကြည့်ကောင်းဦးမယ်၊ အိုးနင်းခွက်နင်းနဲ့။
ဂျူးစိတ်ထဲ မေ့ကို ချီးကျူးတာလား၊ ဘာလား?
မေလျှော်ပေးထားတဲ့အ၀တ်တွေကို ငေးကြည့်မိရင်း ဂျူး ကြည်နူးမိတာတော့ အမှန်။
----------------------------------------
နေ့လည်ထမင်းစားချိန်တုန်းကလည်း မေဟာ ထမင်း၊ ဟင်းနဲ့ပတ်သတ်တာကလွဲပြီး တခြားဘာစကားမှ မပြောခဲ့။
တနေ့လုံးလည်း သူ့အလုပ်နဲ့ သူရှုတ်နေသေးတယ်။
သားကိုက ဖုန်းဆက်ပြီး အပြင်ထွက်ဖို့ ချိန်းပေမယ့် ဂျူးစိတ်မပါလို့ ငြင်းလိုက်မိတယ်။
အခု ညစာတောင် စားနေကြပြီ။ မေ့ဆီက မိုးစံနဲ့ပတ်သတ်ပြီး ဘာစကားတစ်ခွန်းမှ မဟသေး။
စိတ်မ၀င်စားလို့ အရေးတယူလုပ်ပြီး မမေးတာလားလို့ တွေးမိတိုင်း ဂျူးရင်ထဲတဆစ်ဆစ်နဲ့ နာကျင်ရတာ။
ညစာစားပြီးချိန် မေဟာ သိမ်းစရာရှိတာသိမ်းပြီး အိပ်ခန်းထဲဝင်သွားပေပြီ။
အိပ်ခန်းထဲမ၀င်ခင် ခြံထဲဆင်း သော့တွေခတ်သေးတယ်။
ပြီးတော့ အိမ်ရှိ တံခါးတွေ ပြတင်းပေါက်တွေကိုလည်း သေချာ လိုက်စစ်ဆေးပြီး ပိတ်ခဲ့တယ်။
ပြီးမှ အိပ်ခန်းထဲဝင်သွားတာ။
မေ အိပ်ခန်းထဲဝင်တဲ့အချိန်ထိ ဂျူးက ဧည့်ခန်းထဲမှာပဲ ရှိသေးတာ။
စိတ်မပါပဲနဲ့ စာအုပ်တစ်အုပ်ကို ဖတ်ချင်ဟန်ဆောင်နေခဲ့တာ၊ ထိုစာအုပ်က ဘာအကြောင်းရာရေးထားလဲဆိုတာကိုတောင် ဂျူးမသိပါဘူး။
မေများ အခန်းထဲက ပြန်ထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဂျူး ဆက်ထိုင်ပြီး စောင့်မိနေသေးတယ်။
ဒါပေမယ့် တစ်နာရီကျော်ကျော်ကြာသွားသည့်တိုင် မေ အခန်းထဲက လုံးဝ ထွက်မလာ။
နောက်ဆုံး မေ ထွက်မလာတော့ဘူးလို့ ယူဆပြီး ဂျူးလည်း အောက်ထပ်မှာ မီးတွေပိတ်ခဲ့ကာ အပေါ်ထပ်သို့ တက်ခဲ့လိုက်မိတယ်။
မေ့အိပ်ခန်းတံခါးရဲ့အောက်မှာ မီးအလင်းရောင်လေးတောင် မရှိတော့ဘူး။
သဘောက မေဟာ မီးတွေပိတ်ပြီး အိပ်နှင့်နေပြီပေါ့။
ဒါနဲ့ ဂျူးလည်း အိပ်ခန်းထဲဝင်ပြီး တံခါးကို လော့ခ်ချပစ်လိုက်တယ်။
ဂျူး အိပ်လို့ပျော်ဦးမှာ မဟုတ်သေးပါဘူး။ မေဟာ တကယ်ပဲ ဂျူးနဲ့ မိုးစံကိစ္စကို စိတ်မ၀င်စားတာလား။
ဂျူး အာရုံတွေ ဆောက်တည်ရာမရစွာ အိပ်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်မိနေပြန်တယ်။
စိတ်ပျက်လက်ပျက်နဲ့ အရက်တစ်ခုခုသောက်ဖို့ စဉ်းစားမိပေမယ့် အရက်သောက်ပြီး အမှားတွေဖြစ်မှာကိုလည်း မလိုလားပြန်။
ကုတင်ပေါ် ထိုင်ချလိုက်ပေမယ့် ဒူးက အငြိမ်မနေ။ တဆတ်ဆတ်လှုတ်ခါနေတယ်။
အဲကွန်းကို ၁၆ ထိချပြီးဖွင့်ထားတာတောင် ချွေးတို့ စို့ချင်ချင်။
ရန်ကုန်နွေကလည်း ပူလောင်လွန်းလှပါဘိ။
"ဒေါက်... ဒေါက်... ဒေါက်..."
စိတ်ပြေလက်ပျောက်ဖြစ်အောင် ရေချိုးပစ်လိုက်မယ်ဆိုတဲ့အတွေးနဲ့ အင်္ကျီချွတ်ဖို့ ပြင်ရုံရှိသေး တံခါးခေါက်သံကြားလိုက်ရတယ်။
ဂျူး ချက်ချင်းပဲ အင်္ကျီကို ပြန်ကောက်စွပ်ပြီး တံခါးဆီခပ်သွက်သွက်လေးပြေးကာ ဖွင့်ပေးမိတယ်။
"အိပ်နေပြီလား ဂျူး..."
တံခါးလာခေါက်တာက မေ။
ဂျူးတံခါးကို ခပ်ဟဟဖွင့်ပေးလိုက်ပေမယ့် မေက အခန်းထဲ ၀င်မလာ။
"မအိပ်သေးပါဘူး... အိပ်တော့မလို့ပဲ..."
မေ့ကိုမြင်တာနဲ့ ဂျူးလေ ရင်တွေခုန်တာ သေတော့မယ့် အတိုင်းပဲ။
"ဘာကိစ္စရှိလိုလဲ?"
"တို့ပြောစရာရှိလို့..."
"လာ အခန်းထဲဝင်လေ..."
"ဟင့်အင်း... ဒီမှာပဲ ပြောမယ်လေ..."
မေက ဂျူးကိုမယုံတာလား၊ သူ့ကိုယ်သူ မယုံတာလားဆိုတာ မခွဲခြားနိုင်ပဲ ဂျူးရဲ့ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်တယ်။
"အင်းပြော... ဘာပြောချင်တာလဲ?"
"ပြောချင်တာထက် မေးချင်လို့ပါ... တို့စိတ်ထဲ မတင်မကျနဲ့ဖြစ်နေလို့... တို့နဲ့မဆိုင်ဘူးထင်ရင်တော့ မဖြေပေးနဲ့ပေါ့နော်..."
"မေးလေ... ဘာမေးချင်တာလဲ?"
"တို့မေးချင်နေတာ မနေ့ညတည်းက... ဒါပေမဲ့ တို့နဲ့မဆိုင်ဘူးဆိုပြီး မင်းပြောမှာစိုးလို့ ငြိမ်နေလိုက်တာ။ ဒါပေမဲ့ စိတ်ချင်စိတ်ကို ထိန်းမရတဲ့အဆုံး... တို့အိပ်လို့လည်း မပျော်လို့လေ..."
"အင်း... ရတယ်... မေးပါ..."
"မနေ့ညက မင်းခေါ်လာတဲ့ မိန်းကလေးက မိန်းမအစစ်နော်..."
"မိုးစံလား... အင်းလေ... မိန်းမပဲလေ..."
"ဒါဆို မင်းက မိန်းကလေးတွေနဲ့လည်း တွဲတယ်ပေါ့ ဟုတ်လား?"
"မိန်းကလေးတွေနဲ့လည်း တွဲတယ်... အဲဒါ ဘယ်လိုစကားလဲ... ဂျူးနားမလည်ဘူး..."
မေက မေးဖို့ ဟန်ပြင်လိုက်ပေမယ့် တွန့်ဆုတ်ဆုတ်လေး ဖြစ်နေသေးတယ်။ ပြီးမှ အားယူလိုက်ပြီးမေးရှာတယ်။
"တို့မေးတာက မင်းက Straight လား Bi လား?"
"ဂျူးက Lesbo ပါ... ဂျူး ယောက်ျားလေး မကြိုက်ဘူး။ ဟိုးအရင်တည်းက မိန်းကလေးနဲ့ပဲ တွဲခဲ့ဖူးတာ..."
"ဟိုးအရင်တည်းက... ဟုတ်လား?"
နောက်ဆုံး မေးလိုက်တဲ့ မေ့မေးခွန်းဟာ ၀မ်းနည်းသံတွေ စွက်ဖက်နေတယ်။
"တို့လည်း မသိခဲ့ရပါလား ဂျူးရယ်..."
"ဂျူးက လူတကာကို ကျမက Lesbo တစ်ယောက်ပါလို့ လျှောက်ပြောနေလို့ ရတာမှ မဟုတ်တာ..."
မေက ဂျူးစကားအဆုံး ဂျူးကို အကြာကြီးစိုက်ကြည့်တယ်။
ကြည့်နေရင်း မေ့မျက်ဝန်းထဲမှာ မျက်ရည်တွေဝေ့လာလို့ မေဟာ ဆတ်ခနဲ အကြည့်ကို လွှဲပစ်ရင်း မျက်ရည်တွေကို သုတ်ပစ်တယ်။
တစ်ဆက်တည်းမှာပဲ ဂျူးကို ကျောခိုင်းထွက်သွားတယ်လေ။
"Good night နော်"
မေ ဘာကိုဆိုလိုချင်မှန်း၊ မေဘာ့ကြောင့် ငိုမှန်း အဲဒီနေ့ညက ဂျူးနားမလည်နိုင်ဖြစ်ခဲ့ရတယ်။
ထပ်ပြီးမေးချင်ပေမယ့်လည်း မေ့ကိုမြင်တိုင်း ဒုန်းစိုင်းနေတဲ့ ရင်ခုံသံတွေကြောင့် အမှားမှားအယွင်းယွင်းတွေ လုပ်မိမှာလည်း မလိုလားဘူးလေ။
ဒါနဲ့ပဲ ကျောခိုင်းထွက်သွားပြီဖြစ်တဲ့ မေ့ကျောပြင်ကို ငေးကြည့်ရင်း စိတ်မောသက်ပြင်းရှည်ကြီး ချလိုက်ရုံမှအပ ဂျူး တခြားဘာများတတ်နိုင်ဦးမှာတဲ့လဲ။
ဂျူး မေ့အပေါ် ထပ်အမှားမလုပ်မိအောင် ထိန်းထိန်းသိမ်းသိမ်းနေမှဖြစ်မှာမဟုတ်လား။
ကိုကို့မျက်နှာကိုလည်း ထောက်ထားသင့်တယ်လေ။
----------------------------------------
ပြဿနာတွေ အသစ်က ပြန်စရတာ လမ်းထိပ်က ဂျူတို့အိမ်ရဲ့ လျှပ်စစ်တာဝါတိုင်ကြီးကို ကားတစ်စီးက ၀င်တိုက်သွားရတဲ့ နေ့မှာပေါ့။
ဂျူးတို့တစ်လမ်းလုံး မီးတွေပျက်ကုန်တယ်။
သိတဲ့အတိုင်းပဲ။
ရန်ကုန်နွေကလည်း ဘယ်လောက်ပူလဲဆိုတော့။
ဂျူးက ဒီအတိုင်း အဲကွန်းဖွင့်ထားရင်တောင် အိုက်စပ်စပ်ဖြစ်နေတတ်တဲ့လူ။
ရာသီဥထုကပူ၊ မီးကပျက်၊ လူက စိတ်ညစ်နေတုန်း ခန့်ထည်ဆီက ဖုန်းဝင်လာသေးတယ်။
'ဂျူးလေး...အိမ်မှာလား? အဆင်ပြေလား။ မုန့်လေးဘာလေး စားချင်လား။ ကိုခန့်ဝယ်ကျွေးမယ်လေ။ လာခေါ်ရမလား?'
ဖုန်းစကိုင်လိုက်တာနဲ့ ဆက်တိုက်လိုလိုပြောလာတဲ့ ခန့်ထည်စကားတွေကို ဂျူး စိတ်ပျက်မိတာအမှန်ပဲ။
'ဘယ်ကစဖြေရမှန်းတောင် မသိတော့ဘူး ကိုခန့်ရေ'
'ကဲ ကဲ... ဒါဆို ကိုခန့် တစ်ခုချင်းမေးမယ်၊ အရင်ဆုံး ဂျူးလေး မုန့်စားချင်လား။ စားချင်ရင်ပြော... ကိုခန့်လာခေါ်မယ်လေ...'
ခန့်ထည်က မေနဲ့တွေ့ချင်လို့ ဂျူးဆီ လမ်းကြောင်းခင်းနေ တယ်လို့ ဂျူးယူဆမိသေးတယ်။
'ကိုခန့် ဒီရက်ပိုင်း အိမ်ကို မလာဖြစ်ဘူးနော်။ ဘာလဲ အခု ဂျူးကို မုန့်ကျွေးမယ်ဆိုတာက ကိုခန့် မမေနဲ့ တွေ့ချင်လို့လား?'
'အိမ်ကို မလာဖြစ်ဘူးဆိုတာက မေကိုယ်တိုင် ကိုခန့်ကိုပြော ထားလို့ပါကွာ။ အခု ဂျူးတို့အိမ်မှာက ယောက်ျားသားမရှိတော့ ဘူးဆိုတော့ ကိုခန့်က အရင်လို ၀င်ချင်တိုင်းဝင်၊ ထွက်ချင်တိုင်း ထွက်လို့ မသင့်တော်ဘူးတဲ့လေ။ ပတ်ဝန်းကျင် ဆိုတာ ရှိသေးတယ်တဲ့။ အဲဒါကြောင့် မာမီပြန်လာမှပဲ အိမ်လာလည်ချင်လာပါတဲ့... အဲဒါကြောင့် ကိုခန့်လည်း ဂျူးလေးကို အခု သတိရလို့ အပြင်ကို ခေါ်ထုတ်ဖို့။ မေကတော့ ရပါတယ်။ သူ့မတွေ့ရလည်း ကိစ္စမရှိပါဘူး'
ခန့်ထည်ဆီက စကားကို ပြတ်သားစွာကြာလိုက်ရတော့ ဂျူး မေ့ကို စိတ်ထဲ အမှတ်ပေးမိတာတော့ အမှန်။
ဘယ်ဆိုးလို့လဲ။ မေက ဒီလိုဆိုတော့လည်း ဂျူးစကားကို နားထောင်သားပဲ။
ကျေနပ်မှုပီတိလေးနဲ့အတူ ဂျူး ခန့်ထည်နဲ့ဖုန်းပြောတာ အပေါက်လမ်းတည့်နေတယ်။ မုန့်မစားချင်ဘူးဟုသာ ငြင်းပြီး နောက်ဆုံး ဖုန်းချပစ်လိုက်တယ်။
မီးပျက်တဲ့အကြောင်းတော့ ပြောမနေတော့ဘူး။
ပြောလိုက်လို့ ဂျူးနဲ့ မေ့ကို လာခေါ်နေမှ အခက်။
မေနဲ့ ခန့်ထည်တွေ့မှာကို ဘာလို့မှန်းကိုမသိ၊ ဂျူးလုံးဝ မနှစ်သက်။
ဂျူးက မေ့ဆီဖုန်းဆက်ပြီး မီးစက်နှိုးဖို့ပြောပေမယ့် မေက မီးစက်က မသုံးတာကြာလို့ နှိုးလို့မရဘူးတဲ့။
ပြင်ဆရာခေါ်ဖို့ကျပြန်တော့လည်း နေ့ချင်းပြီးတော့ မဖြစ်နိုင်ဘူးတဲ့။
ဒီတော့ ပိုဆိုးပြီပေါ့။ အခုဆို ပူလွန်းလို့ ခန္ဓာကိုယ်မှာ အ၀တ်တောင် မကပ်နိုင်တော့ဘူး။
ပူလွန်းလို့ ရေကူးမယ်ဆိုပြီး ရေကူးကန်ဖက်ထွက်လာတော့ ကန်ထဲမှာ မေက ကူးနှင့်နေပြီ။
Swimming Suit လေးနဲ့ ရေကူးနေတဲ့ မေ့ခန္ဓာကိုယ်လှုတ်ရှားမှုတွေကို ဂျူး မျက်လုံးမလွှဲနိုင်ခဲ့ဘူး။
ကြည့်နေရင်း ရမ္မက်စိတ်တို့ နိုးထလာလို့ ဂျူး ရေးကူးမယ့်အစီစဉ်ကိုပါဖျက်ပြီး အိမ်ထဲ ပြန်ဝင်ခဲ့လိုက်မိတယ်။
ဧည့်ခန်းထဲရောက်သည့်တိုင် လူက ရင်ထဲ တလှပ်လှပ်နဲ့။
ထိုင်ခုံမှာလည်း ထိုင်မရ။ စိတ်က ဂဏှာမငြိမ်နိုင်။
သိပ်မကြာဘူး။
မေက ရေစိုနေတဲ့ ခန္ဓာကိုယ်ကို သေချာမသုတ်ပဲ အပေါ်က ပိုးသားထပ်အင်္ကျီ ပါးပါးလေးဝတ်ပြီး ဧည့်ခန်းထဲဝင်လာတယ်။
နက်မှောင်ပြီးဖြောင့်စင်းနေတဲ့ မေ့ဆံပင်တွေက ရေတွေစိုရွှဲနေတုန်း။
မေက ဧည့်ခန်းထဲရှိ သစ်သားထိုင်ခုံပေါ် လာထိုင်ရင်း သဘက်တစ်ခုနဲ့ ဆံပင်တွေကို သုတ်နေတယ်။
ဂျူး ရင်ခုန်သံတွေ ပိုပြီးမြန်လာရတယ်။
စိတ်ရိုင်းတွေဝင်လာရပြီ။
မေ့ဆီက အကြည့်ကို သတိထားပြီးလွှဲနေမိပေမယ့်လည်း အကြည့်က အဲဒီကိုပဲ ပြန်ပြန်ရောက်သွားတယ်။
ဧည့်ခန်းထဲက ဗြုန်းစားကြီး လှည့်ထွက်သွားရင်လည်း မသင့်တော်ပြန်ဘူး။
ဂျူး သိတာကတော့ တစ်ခုခုလေး လွဲသွားတာနဲ့ မေ့အပေါ် ဂျူးစိတ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။
"အာ... စာအုပ်သွားယူဦးမှ..."
ဂျူး အကြောင်းပြချက်တစ်ခုပေးပြီး ဧည့်ခန်းထဲက ထွက်ဖို့လုပ်တော့ မေက...
"ခုန ရေကူးဖို့မို့လား။ တို့ကူးနေလို့ မင်းရှောင်သွားတာ မဟုတ်လား?"
ဟု မေးလာတယ်။
ဂျူးက မေ့ကိုရှောင်နေတာတော့ ဟုတ်တယ်လေ။
ဘာ့ကြောင့်ဆိုတာတော့ မေသိတာမှ မဟုတ်တာ။
အဲဒါကြောင့် စကားလာရှည်နေတဲ့ မေ့ကို ဂျူး မကျေနပ်သလိုလေး စိုက်ကြည့်မိတယ်။
"ရှောင်တာ မဟုတ်ပါဘူး။ ခင်ဗျားကူးနေတော့ ဂျူးခဏစောင့်ပေးတာပါ။ ဒါပါပဲ"
"အပိုတွေ၊ ရေကူးကန်က ဒီလောက်အကျယ်ကြီးကို။ မင်းလည်း ၀င်ကူးလို့ရပါတယ်"
"မကူးချင်လို့ မကူးတာလေ။ ဘာဖြစ်လို့လဲ?"
"မင်းက သက်သက်ကြီး လူကိုရှောင်နေတာလေ..."
"အေးလေ ရှောင်တယ်လေ။ အဲဒါ ဘာဖြစ်လို့လဲ?"
ဂျူး မကျေမနပ်လေး ခါးထောက်မေးတော့ မေက ၀ုန်းခနဲ ထိုင်နေရာမှ ထရပ်လိုက်တယ်။
ခေါင်းသုတ်နေတဲ့ သဘက်ကို ထိုင်ခုံပေါ်ပစ်တင်လိုက်ပြီး ဂျူးရှေ့ မကြောက်မလန့်တိုးကပ်လာပြီး မကျေနပ်သလို ပြန်ပြောတယ်။
"မင်းရှောင်နေရအောင် တို့က ဘာများဖြစ်နေလို့လဲ? မင်း လူတကာနဲ့ဆိုရင် အပေါက်လမ်းကို တည့်နေတာပဲ။ တို့နဲ့ကျမှ မင်းဘာလို့ အဲဒီလိုတွေ ဖြစ်နေတာလဲ ဂျူး... တို့ မင်းအပေါ် ဘာများ မတရားလုပ်မိလို့လဲ?"
ဒေါသနဲ့မေးရင်း မေ့တိုးကပ်မှုက အရမ်းကို နီးကပ်လာလို့ ဂျူး ခေါင်းခါပြီး လှေကားထစ်ပေါ်တက်ရန် လှည့်ထွက်တော့ မေက ဂျူးလက်တစ်ဖက်ကို လှမ်းဆွဲတယ်။
"နေဦး... တို့မေးတာကို ဖြေခဲ့... ဖြေပြီးမှ မင်းသွားရမယ်"
လူမြင်ရင်တောင် မီးလိုတောက်နေတဲ့ ဂျူးဆန္ဒတွေက အခု မေက လက်ကိုပါလှမ်းဆွဲပြီး မျက်နှာချင်းတိုးကပ်လာတယ်ဆိုတော့ ဂျူး ဘယ်လိုမှ မျိုသိပ်လို့မရတော့။
"လက်ကို လွှတ်လိုက်... ဒီမှာ အဆင်မပြေတော့ဘူးနော်..."
"မလွှတ်ဘူး... မင်း တို့မေးတာကို ဖြေမှ လွှတ်မယ်..."
မေဟာ ဘယ်တုန်းက ဒီလောက်သတ္တိရှိသွားတယ်မသိ။
ဂျူးရှေ့ကို တကယ်ကြီး တိုးကပ်လာတာ။
အဲဒီအချိန် ဂျူးသိလိုက်တာ တစ်ခုပဲရှိတယ်။
အဲဒါ မေပဲ။
မေကလွဲပြီး ဂျူးအာရုံမှာ ဘာမှမပေါ်တော့။
ထိန်းထားတဲ့စိတ်တွေကိုလည်း ဂျူး မနိုင်တော့။
ဒါ့ကြောင့်...
"မင်း... အွန်း... ဟင့်... ဖယ်... အင့်..."
ဂျူး မေ့ကို သိုင်းဖက်ပြီး အရမ်းကို တောင့်တနေတဲ့ဆန္ဒတွေနဲ့အတူ မေ့နှုတ်ခမ်းအပေါ် အနမ်းကြမ်းကြမ်းတွေနဲ့ ဖိစုပ်မိတယ်။
မေက ရုန်းဖယ်တယ်။
မေ နှုတ်ခမ်းကိုရှောင်ပစ်တော့ ဂျူးက မေ့လည်ပင်းအနှံ့ကို လျှောက်နမ်းမိတယ်။
သေချာတယ် ဂျူးဘယ်လိုမှ မရပ်တံ့နိုင်တော့ဘူး။
"ဂျူး မင်းကတိပေးထား... အင့်... အွန့်..."
မေ့စကားမဆုံး။ ဂျူးက မေ့နှုတ်ခမ်းကို တေ့ကာ စုပ်ယူမိတယ်။
ပထမပိုင်း နမ်းနေတာက ဂျူးဖက်ကပါပဲ။
ဒါပေမဲ့ ဂျူးရဲ့ တင်းကြပ်စွာဖက်ထားမှုကြောင့်တစ်ကြောင်း၊ နှစ်ယောက်လုံး ၀တ်ထားတဲ့ အ၀တ်စားတွေရဲ့ ပါးလျပ်မှုကြောင့် မေ့စိတ်တွေလည်း မထိန်းနိုင်တော့ဘူး။
ဂျူးရဲ့ ချယ်လှယ်ရာသို့ မေလည်း အလိုက်သင့်ပြန်ကမိတဲ့အခါမှာတော့ ဧည့်ခန်းလေးထဲမှာ နှုတ်ခမ်းအချင်းချင်း နမ်းရှိုက်စုပ်ယူတဲ့အသံတွေ ထွက်ပေါ်လာရတယ်။
ဂျူး နမ်းနေရင်း မေ့ကို တွန်းရင်း တွန်းရင်းနဲ့ ဆိုဖာခုံပေါ်သို့ ပို့မိသွားတယ်။
"အင့်..."
မေ ပလက်လေး ဆိုဖာခုံပေါ်ရောက်တော့ ဂျူးလည်း မေ့အပေါ် ဖိမိုးပြီး မေ့လည်တိုင်တွေ၊ မေ့ ရင်ဘတ်တွေကို အငမ်းမရစုပ်နမ်းမိတယ်။
ဆီအပြည့်ထည့်ထားတဲ့ ရထားတစ်စီး ခုတ်မောင်းနေသလိုပါပဲ။ တားမရ၊ဆီးမရနဲ့။
"ဂျူး... အား... အင့်... အွန့်..."
ဂျူး နမ်းနေရင်း မေ့အ၀တ်စာတွေကို ချွတ်ပစ်မိသလို သူ့ကိုယ်ပေါ်က အင်္ကျီကိုလည်း ဆွဲချွတ်မိတယ်။
ဗလာကျင်းသွားတဲ့ ဂျူး ခန္ဓာအပေါ်ပိုင်းကို မေစိုက်ကြည့်ပြီး ဂျူး လည်တိုင်လေးတွေကို ကုန်းထလာရင်းနမ်းတယ်။
မေ့နမ်းချက်တိုင်းက ဂျူးအင်ဂျင်ကို နှိုးနှိုးလိုက်သလိုပဲ။
နမ်းချက်တိုင်းအတွက် ဂျူးဖက်က စက်စက်ယို ကျေနပ်မိသည်အထိ။
မေ့ကိုဆွဲမော့ပြီး ဂျူး နှုတ်ခမ်းတွေကို စုပ်ယူနမ်းမိတယ်။
မေ့နှုတ်ခမ်းတွေကို ဂျူး လျှာလေးနဲ့ တို့ထိကြည့်တော့ မေဟာ ဂျူးရဲ့ ထိုလျှာထိပ်လေးကို ခပ်ဖွဖွလေး စုပ်နမ်းပေးတယ်။
ပြီးတော့ မေလည်း ဂျူးကို လျှာလေးနဲ့ ပြန်စတော့ ဂျူး စိတ်မထိန်းနိုင်တော့ပဲ မေ့လျှာကို ခပ်ပြင်းပြင်း စုပ်မိတယ်။
"အွန်း... အွန့်..."
မေနာသွားတယ်နဲ့တူတယ်၊ ဂျူး ပခုံကို ဆတ်ဆတ်ပုတ်ပြီး ရုန်းတယ်။
"အား... နာ...နာတယ်... အွန်း... လွှတ်..."
မေ မပီတပီလေးအော်နေလို့ ဂျူး စုပ်နေတဲ့ လျှာလေးကို လွှတ်ပေးလိုက်ပေမယ့် နမ်းတာကိုတော့ မရပ်လိုက်။
ဂျူး မေ့ကို ထပ်ကာ နမ်းနေရင်း တဖြည်းဖြည်းနဲ့ မေ့ရင်ဘတ်တွေဆီ နိမ်လျော့ဝင်သွားပြီး မေ့ရင်ဘတ်လေးတွေကို နမ်းစုပ်မိပြန်တယ်။
မေ့ Nipple လေးတွေဟာ ရမ္မက်ဆန္ဒကြောင့် တင်းမာထိုးထောင်နေပြီ။
ဂျူးဟာ ထို အရာလေးတွေကို တစ်ဖက်ချင်း အားရပါးရစုပ်ယူရင်း တစ်ဖက်ကိုလည်း လက်နဲ့ အငမ်းမရ ဆုပ်ကိုင်နယ်မိတယ်။
"အ!... ဂျူး..."
ဂျူး သွားလေးနဲ့အသာဖိကိုက်ဆွဲလိုက်တော့ မေခါးလေးကော့သွားရင်း ဂျူး ဆံပင်တွေကြားထဲ လက်ချောင်းတွေ ထိုးထည့်လာတယ်။
မေက ဂျူးဆံပင်တွေကို ခပ်တင်းတင်းဆုတ်ကိုင်လာတဲ့အခါ ဂျူးစိတ်တွေ ပိုမိုလောင်ကျွမ်းလာရတယ်။
ဒါနဲ့ပဲ ဂျူးလည်း မဖြစ်သင့်ဘူးဆိုတဲ့အသိစိတ်ကို ခဏဘေးဖယ်ထားပြီး မေ့အောက်က ဘောင်းဘီကို ဆွဲချွတ်ပစ်လိုက်မိတယ်။
ပြီးတော့ မေ့ဗိုက်သားလေးတွေကို နှုတ်ခမ်းနဲ့တေ့စုပ်ပြီး လျှာလေးနဲ့ အသာယက်ပေးမိတယ်။
မေ ကော့ခနဲ ကော့ခနဲ ခါးလေး မော့မော့လာတယ်။
မေဟာ ခေါင်းတွေကို မော့ထားပြီး နှုတ်ခမ်းကို ကိုက်ကားအံကျိတ်ထားတယ်။
မေ့ဆီက အသံတွေထွက်မလာအောင် တားဆီးနေမိတာပါ။
ဒါပေမဲ့ ဒီလိုအချိန်မှာ ခံစားချက်ကြောင့်ဖြစ်ပေါ်တဲ့ အာမေဋိတ်ညီးညူးသံတွေ ပါးစပ်က မထွက်အောင် ထိန်းရတာဟာ တော်တော့်ကို ခက်ခဲလှတယ်ဆိုတာ မေနားလည်သွားရပြီ။
မေဟာ သူ့လက်ညိုးတစ်ချောင်းကိုလည်း ပါးစပ်တွင်တေ့ပြီး အံကျိတ်ကာ ကိုက်ထားမိသေးတယ်။
ဂျူးကတော့ မေ့ဗိုက်သားလေးတွေကို နမ်းနေရင်း တစ်ဖြည်းဖြည်းအောက်သို့ဆင်းသွားတာ မေ့ ပေါင်ကြားသို့ ခေါင်းက ရောက်သွားပေပြီ။
ထိုအခါမှ ဂျူးတွေ့လိုက်ရတာက မေ့ပေါင်ကြားအဓိက နေရာလေးမှာရှိနေတဲ့ ကွဲကြောင်းနေရာလေး။
သပြေသီးညိုရောင်လိုမျိုးနေရာလေးတွင် ရွှဲစိုနေမှုကြောင့် ၀င်းလဲ့နေတယ်။
ဂျူးက မေ့ Clit လေးရှိရာနေရာသို့ အသာယာ လျှာလေး ထိုးထည့်လိုက်တဲ့အခါ မေ့ အင့်ခနဲ ခါးတွေကော့မတ် ကုန်တယ်။
ပြီးတော့ ဂျူး မေးစေ့ကို လှမ်းကိုင်ကာ အပေါ်သို့ ဆွဲခေါ်တင်ယူတယ်။
"ပါးစပ်နဲ့တော့ မလုပ်ပါနဲ့ကွာ..."
"ဟင့်အင်း...ခဏလေးပဲ။ ဂျူးကို မတားနဲ့နော်..."
"ဟင့်အင်း... မလုပ်ပါနဲ့... တောင်းပန်..."
မေက ဂျူးကို သနားသလို အားနာသလိုဆိုလာတဲ့အခါ ဂျူး စိတ်မရှည်နိုင်တော့ပဲ မေ့နှုတ်ခမ်းတွေကို ဆွဲစုပ်မိတယ်။
ပြီးတော့ ဂျူးဟာ ထိန်းမနိုင်စွာနဲ့ပဲ မေ့ပေါင်ကြားဆီသို့ ပြန်ဆင်းသွားရင်း မေ့ Clit လေးကို လျှာနဲ့ အသာလေး ထိုးလိုက်မိတယ်။
"အွန့်... ဂျူး..."
မေ ကော့တက်လာပြီး ဂျူး ခေါင်းမှ ဆံပင်တွေကို အားယူဆုတ်ကိုင်လာတယ်။
ဂျူးလည်း ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘူး။
မေ့လှုတ်ရှားမှုတိုင်းက ဂျူးအတွက် ပိုပြီး လှုံ့ဆော်ဆွဲဆောင်နေသလိုပဲ။
ဂျူး လျှာကို ကွဲကြောင်းထဲသို့ ခပ်ပြင်းပြင်းလေး ထိုးထည့်ပြီး အပေါ်အောက် ယက်ပေးလိုက်တော့ မေ ကော့ပြန်လန်ပြီး ညီးသံတွေ ပိုမိုထွက်လာတယ်လေ။
"အ... ဂျူး... အွန်း... အွန်း... အင်း..."
မေ့အံကျိတ်သံတွေကို ဂျူးကြားနေရရင်း မေဟာ မကြာတော့ဘူးဆိုတာ ဂျူးနားလည်လိုက်တယ်။
"ဂျူး... မရတော့ဘူး... မရတော့ဘူး... အဲဒီအောက်နားက တစ်မျိုးကြီးဖြစ်လာပြီ... မရတော့ဘူး"
ဂျူး ဘာမှမစဉ်းစားတော့ပဲ ဘောင်းဘီတွေ ဆွဲချွတ်ပစ်က မေ့အပေါ် ခွထိုင်လိုက်မိတယ်။
မေ့ရဲ့ ပူနွေးနေတဲ့ Clit လေးနဲ့ ဂျူး Clit လေး ထိမိသွားတဲ့အခါ မေဟာ မျက်လုံးတွေ မှေးစင်းရင်း ခေါင်းမော့သွားတာကို တွေ့လိုက်ရတော့ ဂျူးစိတ်တွေ ပိုပြီး ထန်လာတယ်။
ဒါနဲ့ပဲ ဂျူးလည်း ပထမပိုင်းတော့ ခပ်ဖြည်းဖြည်းနဲ့ မှန်မှန် Clit ချင်းပွတ်ပေးနေမိပေမယ့် နောက်ပိုင်းမှာတော့ ရမ္မက်ဆန္ဒကြောင့် ဂျူးလှုတ်ရှားမှုတွေ ပိုပြီး အားပါသလို သွက်လာခဲ့တယ်။
"အွန့်... အွန့်... အွန့်.... အွန့်... အွန့်..."
"အား... ဂျူး... အား...အွန်း... အွန်း..."
ဂျူး ခန္ဓာကိုယ်က ပြီးတော့မယ်ဆိုတာ အချက်ပြနေပြီ။
မေလည်း အောက်တွင် လူးလှိမ့်နေပြီ။
Clit လေးတွေလည်း ရွှဲနစ်နေကြပြီ။
အဲဒါကြောင့် ဂျူး အရှိန်တင်ပြီး အားကုန် လှုတ်ရှားပြီးတဲ့အခါမှာတော့ မေ့ခါးလေးကာ အားကုန်ကော့တက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ်တုန်ခါလာတော့တယ်။
မေ့လှုတ်ရှားမှုတွေကြောင့်ပဲ ဂျူးပေါင်ရင်းသားတွေ ဆတ်ဆတ်ခါ တုန်ရီလာပြီး ဂျူး ပြီးသွားတဲ့အခါ မေ့ဆီမှလည်း...
"အား... အား... မရတော့ဘူး... အား... ပြီးပြီ... ပြီးပြီ... အား..."
ဆိုကာ ကော့တက်နေတဲ့ ခါးလေး ပြန်ကျသွားပြီး မေဟာ မောဟိုက်ငြိမ်သက်သွားပါတော့တယ်။
ဂျူးလည်း မောဟိုက်ကျဉ်ကျိန်းနေပြီဖြစ်လို့ မေ့အပေါ် မှောက်လျက်ကြီးကျ ငြိမ်သက်သွားမိတယ်။
ဂျူးရော မေရော နှစ်ယောက်လုံး မောဟိုက်ကာ အသက်ရှုသံနက်နက်ကြီးတွေထွက်ပေါ်နေတုန်းပါပဲ။
ဧည့်ခန်းထဲအတွင် မိန်းကလေးနှစ်ယောက်ရဲ့ ကာမစပ်ယှက်မှု ပြီးမြောက်သွားတဲ့အခါမှာတော့ အခုန ညီးညူသံ၊ လှုတ်ရှားမှုတို့ ပြန်လည် တိတ်ဆိတ်သွားပြီး ဧည့်ခန်းလည်း ငြိမ်သက်သွားတယ်။
မိနစ်တော်တော်ကြာသည်အထိ ဂျူးနဲ့ မေ ငြိမ်နေကြပြီးမှ ဂျူး အကြည့်က နံရံပေါ်က ကိုကို့မင်္ဂလာဓါတ်ပုံဆီ ရောက်သွားတယ်။
စိတ်ထဲ တင်းခနဲဖြစ်သွားရင်း ဂျူးချက်ချင်းပဲ မေ့ပေါ်မှ ကျုံးထလိုက်တယ်။
ပြီးတော့ အခုန ချွတ်ပစ်ထားခဲ့တဲ့ အ၀တ်တွေကို ကောက်ဝတ်နေရင်းမှ ဂျူးဟာ အခုန ဘာမှမဖြစ်ခဲ့ဖူးတဲ့လူတစ်ယောက်လို ဧည့်ခန်းထဲမှ ခပ်သွက်သွက်ထွက်ရင်း အပေါ်ထပ်သို့ ပြေးတက်သွားတယ်။
မောဟိုက်ခြင်းတွေ မပြေသေးတဲ့ မေဟာ ဂျူးရဲ့ ချက်ချင်းပြောင်းလဲသွားတဲ့ လှုတ်ရှားမှုကို နားမလည်နိုင်စွာဖြင့် ခေါင်းထောင်ကြည့်ရင်း ကျန်ခဲ့ရတယ်။
စိတ်ထဲ ၀မ်းနည်းမိတာပဲရှိတော့တယ်။
ဂျူးဆွဲချွတ်ပစ်ခဲ့တဲ့ အ၀တ်တွေကို တစ်ခုချင်းကောက်ရင်း မေပြန်ဝတ်လိုက်တယ်။
မျက်ရည်တွေ ပေါက်ပေါက်ကျလာမိတယ်။
ဂျူးဟာ မေ့ကို Sex Drive တစ်ခုအဖြစ်ပဲ မြင်နေတာလား?
မေဟာ ဂျူးအတွက် အဲဒီလောက်ပဲ တန်ဖိုးရှိတာလား?
ကိစ္စ၀ိစ္စလည်းပြီးရော တစ်ချက်လေးတောင် လှည့်မကြည့်ပဲ အပေါ်ထပ်သို့ ပြေးတက်သွားတဲ့ ဂျူးလုပ်ရပ်က မေ့ကို တကယ်နာကျဉ်စေတာပါ။
မေကိုယ်တိုင်ကလည်း ဂျူးကိုဆို မငြင်းနိုင်တာက ခက်တယ်။
မေဟာ ဂျူးအတွက်ဆို ဘာတန်ဖိုးမှ မရှိတဲ့၊ သုံးပြီးတာနဲ့ လွှင့်ပစ်ခံရတဲ့ Tissue တစ်ရွက်လိုပါပဲလား။
အေးပေါ့... အရာရာကို အလွယ်လေး လိုက်လျောမိတာကိုး။
ဒီတော့ဘယ်လိုလုပ်ပြီး တန်ဖိုးအထားခံရမှာတဲ့လဲ?
မေ ရှက်လည်းရှက်၊ နာလည်း နာကျင်တယ်။
ဝမ်းနည်းပြီး ငိုချင်တာပဲသိလို့ အိပ်ခန်းထဲတက်လာပြီး အားရပါးရ ငိုကျွေးမိတဲ့အထိပေါ့။
----------------------------------------
ဆက်ရန်...
(ရှင်တို့ ကျမရဲ့ဇာတ်လမ်းကို ကြိုက်တယ်ဆိုလည်း Follow ထားဦးနော်... ☺️
နောက်ထပ်ဇာတ်အသစ်တွေလည်း အများကြီး တင်ပေးဦးမှာ
ခုဇာတ်ကိုလည်း Vote လေးဘာလေး ပေးအူးဟ...)
❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥❤️🔥
YOU ARE READING
စိတ်ကူးနဲ့ ... ရူး