Extra-1 (Z+U)

7.3K 260 8
                                    

(Zawgyi code)

ကားရောက်မလာခင်အထိ ဂျူးဟာ သားကိုကို ပြဿနာတွေရှာနေသေးတာ မေကြားသားပဲ။

မေ့ကိုဘာလို့ခေါ်လာလဲတဲ့... သူငယ်ချင်းတွေပဲ သွားမယ့်ခရီးကို... အမေ အရွယ်ကြီးခေါ်လာတဲ့ကောင်... ဖွန်ကြောင်...ဆိုပြီး တစ်ခုပြီးတစ်ခုပြောနေတာ။

မေ မသိဟန်ဆောင်ပြီး အသာလေး ဖုန်းမှာသီချင်းဖွင့် နားကြပ်ကိုတပ်ကာ သူတို့အုပ်စုနဲ့ ခပ်လှမ်းလှမ်းမှာ သွားထိုင်နေလိုက်တာ။

ဂျူးဟာလေ ဒေါသထွက်ရင် အရပ်ကြီး ဂလံဂလားနဲ့ ခုန်ပေါက်နေသေးတာ။

ဂျူးသာ မသိတာ၊ မေက ဂျူးပေါက်ကွဲပုံကိုကြည့်ပြီး ကျိတ်ရယ်မိနေသေးတာ။

လုပ်စမ်းကွာ... မင်းဘယ်လောက်ဒေါထွက်မလဲ... မေထိုင်ကျိမယ်ဆိုတဲ့အတွေးနဲ့ကို ထိုင်ကြည့်ပစ်နေလိုက်တာ။

မကြာဘူး။

သားကိုစီစဉ်ထားတဲ့ အံဇာတုံးကားကြီးထိုးစိုက်လာတယ်။

အမယ်လေး ကားရပ်တာနဲ့ ဂျူးက သူအရင်ဆုံး ပိုးအိလက်ကိုဆွဲပြီး ကားပေါ်တက်သွားသေးတာ။

ကားခုန်မှာကို မကြောက်တဲ့အတိုင်း၊ ကားရဲ့နောက်ဆုံးတန်း ဘယ်ဖက်ထောင့်မှာ ကျကျနန နေရာသွားယူသေးတာလေ။

"နင်ဒီမှာပဲထိုင်နော် ပိုးအိ။ ဘယ်သူလာလာ မဖယ်ပေးစမ်းနဲ့... ငါ အိပ်ရင် နင်ပဲ ငါ့စောင့်ကြည့်ပေး"

မေကားပေါ်တက်လိုက်တော့ ကြားလိုက်ရတဲ့ ဂျူးဆီက နောက်ဆုံးစကား။

မေ ကျိတ်ပြုံးလိုက်သေးတယ်။ ဂျူးပုံစံက သူ့နားမှာ မေလာထိုင်မှာကို မလိုချင်သလိုလေးပေါ့။

မေက ကားဒရိုင်ဘာကြီးဆီ နားထောင်ချင်တဲ့ သီချင်းတစ်ပုဒ်ထည့်ထားတဲ့ Stick ကိုပေးပြီးဖွင့်ခိုင်းလိုက်တယ်။

သီချင်းကတော့ တခြားမဟုတ်။

The Corrs အဖွဲ့ရဲ့ Runaway သီချင်း။

သီချင်းစဖွင့်လိုက်တာနဲ့ ထအော်တာ ဂျူး။

"အား... အဖွားကြီးတွေဆိုထားတဲ့ သီချင်း၊ မကြိုက်ဘူး။ သီချင်းပြောင်းပါဗျိုး..."

"ပြောင်းဖို့ တခြားသီချင်းမရှိဘူး ကလေးမ..."

ဒရိုင်ဘာကြီးက ဂျူးကို အရေးတယူနဲ့ တုန့်ပြန်နေသေးတာ။

မေကတော့ ခပ်အေးအေးလေးနဲ့ ဘာမှကို ၀င်မပြောပဲ နေနေလိုက်တယ်။

ဂျူးကလည်း တော်ရုံနဲ့ စိတ်မလျော့ဘူးနော်။

"အဲဒီသီချင်းပိတ်လိုက်... လာ ဂျူး ဖုန်းနဲ့ Bluetooth ချိတ်မယ်"

ဖြစ်ချင်တော့ ဂျူးက ကားရဲ့ ဟိုးနောက်ဆုံးမှာထိုင်နေတယ်ဆိုတော့ သူ့ဖုန်းနဲ့က Bluetooth ချိတ်လို့တော့ရတယ်။

ဒါပေမဲ့ အသံက မကြည်ဘူး။ ပြတ်တောင်း ပြတ်တောင်းနဲ့။

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now