Episode 13 (Z+U)

6.6K 371 22
                                    

(Zawgyi code)

ဂျူးအဖြစ်က ရှေ့မတိုးသာ၊ နောက်မဆုတ်သာကြီး။

သေချာတာကတော့ ဂျူးဟာ မေကလွဲပြီး တခြားဘယ်မိန်းမအပေါ်ကိုမှ စိတ်မပါတော့တာပါပဲ။

မေနဲ့ဂျူး ဒုတိယတစ်ခုဖြစ်ပြီးတဲ့နေ့တည်းက ဂျူးဟာ သိသိသာသာ မေ့ကိုရှောင်နေမိတယ်။

နေ့တစ်နေ့ မိုးလင်းတာနဲ့ သဲသဲတို့အိမ်ကို ထွက်ခဲ့လိုက်တယ်။

သဲသဲနဲ့အချိန်တွေဖြုန်းနေရင်း ပိုးအိနဲ့ရွှေရေးပါရောက်လာ
တယ်။

ဒီလိုနဲ့ စားကြသောက်ကြ၊ လျှောက်လည်ကြရင်း ညဖက်ရောက်သွားတယ်။

ကိုကို့ စာချုပ်က ရှိနေသေးတော့ ဂျူးလည်း ညမိုးချုပ်တော့ အိမ်ပြန်ရတယ်ပေါ့။

ဒါပေမယ့် ဒီနေ့တော့ ဂျူးဟာ တစ်ယောက်တည်း မပြန်တော့ဘူး။ ပိုးအိနဲ့ သဲသဲကို အိမ်ကိုခေါ်ခဲ့တယ်။

အရက်သမားသူငယ်ချင်းတွေက ဂျူးဟာ အရက်တိုက်မယ်ပြောတာနဲ့ ချက်ချင်းပဲ ကိုယ်စီကိုယ်ငှ အိမ်တွေဆီဖုန်းဆက်ပြီး ဂျူးအိမ်လိုက်အိပ်မယ့် အကြောင်းပြောပြီး ခွင့်တောင်းပေးကြတယ်လေ။

ဂျူးတို့ သူငယ်ချင်း ၃ ယောက် အိမ်ပြန်ရောက်လာပြီး မကြာဘူး။ ဧည့်ခန်းထဲမှာ ၀ိုင်းထောင်ကြတယ်။

ဂျူးပြန်လာတည်းက မေက ဂျူးနဲ့အတူ ပိုးအိတို့ပါ ပါလာတယ်ဆိုတာတွေ့တယ်။

မေက ခြံတံခါးလာဖွင့်ပေးခဲ့တာဆိုတော့လေ။

ပိုးအိတို့နဲ့သောက်နေတဲ့အချိန် မေလည်း ၀ိုင်းထဲဝင်လာသေးတယ်။

တာဝန်အရ ဧည့်ဝတ်ပြူငှာတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။

ဂျူးက မေ့ကိုတော့ လုံးဝ မကြည့်မိအောင် သတိထားနေမိတယ်။

"မမေ... သောက်ပါဦးလား?"

"အာ ... တို့ အရင်တည်းက သိပ်မသောက်တတ်ဘူးလေ ပိုးအိရဲ့။ မမှတ်မိဘူးလား?"

မေ့အသံလေးဟာ ဟိုးအရင်ကလိုပဲ ပကတိအေးချမ်းစွာနဲ့ စကားဝိုင်းထဲ ထွက်ပေါ်လာတိုင်း ဂျူး ရင်တလှပ်လှပ်နဲ့။

မေက သိပ်လည်း အကြာကြီး မထိုင်ပါဘူး။

"ကဲ လွတ်လွတ်လပ်လပ်နေကြနော်။ တစ်ခုခုလိုရင် မေ့ကိုပြော။ မေ အပေါ်ထပ်အိပ်ခန်းထဲမှာရှိနေမယ်"

"အိပ်ခန်းက အပေါ်ထပ် ဘယ်နားမှာလဲ မမေ။ ဒီကောင် ဂျူးသိတယ်မို့လား?"

"အဟွတ်... ဟွတ်... ဟွတ်..."

အထူအပါးမသိ ၀င်နှောက်လိုက်တဲ့ ပိုးအိစကားကြောင့် ဂျူး အရက်တွေ ငုံထားရင်း သီးကုန်ရတယ်။

အရက်သီးတာ တော်တော်ခံရတာနော်။

မျက်ရည်တွေဘာတွေ ကျလာရတဲ့အထိပဲ။

"သတင်းကောင်း သတင်းကောင်း။ ဂျူးရယ်... နေရင်းထိုင်ရင်း ဘာတွေသီးနေတာတုန်း..."

"ဘာမှမဟုတ်ဘူး..."

ဂျူး စကားနဲ ရန်စဲသဘောမျိုးနဲ့ အရက်ကို ထပ်ငှဲ့ပြီး သောက်တယ်။

မေလည်း အားလုံးနဲ့ နှုတ်ဆက်ပြီး အပေါ်ထပ် တက်သွားတယ်။

မေသွားပြီး ဘယ်လောက်မှမကြာဘူး။ ပိုးအိ ဇာတ်လမ်းစတော့တာပဲ။

"ဂျူး... နင် ကျိန်စမ်း... မမေနဲ့ နင် ဘာမှမဖြစ်ဘူးဆိုတာ... သေနာကြီး..."

ဂျူး စိတ်ပျက်ပျက်နဲ့ အရက်တစ်ခွက်သာ မော့သောက်ပစ်လိုက်တယ်။

ပိုးအိကို ဘာမှမတုန့်ပြန်မိ။

နေရာတကာ တစ်ချို့လူကြီးကိစ္စတွေကို ဂဃနဏမသိတဲ့ သဲသဲကတော့ မျက်လုံးလေး ကလယ်ကလယ်နဲ့ ၀င်ပြောသေးတယ်။

"ဟဲ့ ဂျူးနဲ့ မမေက ဘာဖြစ်ရမှာလဲ? မမေက ကိုအာကာမိန်းမလေ။ ဂျူက မစားသင့်တဲ့အသီးကိုတော့ သိမှာပါ ပိုးအိရဲ့။ နော်ဂျူး..."

"အင်း..."

"အံမယ်... နင် ဒီကောင့်အကြောင်း ဘာသိလို့ဝင်ပြောနေတာလဲ သဲသဲရဲ့။ အခုချိန်ထိ ဘဲဥမကွဲသေးတဲ့လူကများ"

"ဟဲ့ ပိုးအိ။ ငါက ဘဲဥမကွဲသေးဘူးဆိုတာ ငါ့အိမ်ထောင်ရေးကို အိမ်က စီစဉ်ပေးမှာမို့ သမီးအလိမ္မာလေး လုပ်ချင်လို့ ငြိမ်နေလိုက်တာနော်။ ငါ့ကိုများ... မစွံလို့ ဘဲဥမကွဲသေးတာ မဟုတ်ဘူး"

ဂျူးလည်း စိတ်မပါလို့ ပိုးအိနဲ့ သဲသဲတို့ စကားနိုင်လုပ်နေကြတာကို အသာလေး လွှတ်ပေးထားလိုက်တယ်။

မဟုတ်ရင် မျှားဦးက ဂျူးဖက်ကို လှည့်လာနိုင်သေးတယ်လေ။
စားလိုက်သောက်လိုက် စကားပြောလိုက်နဲ့ ဂျူးတို့ ၃ ယောက်လုံး အပေါ်ထပ်အိပ်ခန်းဆီတောင် မသွားဖြစ်တော့ပါဘူး။

ဧည့်ခန်းထဲမှာတင် ညအိပ်ဖြစ်လိုက်ကြတယ်။
----------------------------------------

နောက်တစ်နေ့မနက်အိပ်ရာနိုးတာနဲ့ မေပြင်ဆင်ပေးထားတဲ့ မနက်စာကိုစားပြီးတာနဲ့ ဂျူးလည်း သဲသဲတို့နဲ့ ရောပြီး လိုက်ခဲ့လိုက်တယ်။

တစ်နေ့လုံး သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပြီး ညဖက်ကျ သူတို့ထဲက ၂ ယောက်၊ မရရင် ၁ ယောက်ကိုတော့ ရအောင်ခေါ်ပြီး ဂျူး အိမ်ပြန်သွားတယ်။

တစ်နေ့လုံး သူငယ်ချင်းတွေနဲ့ အပြင်မှာ လိုက်နေတယ်၊ ညကျ သူငယ်ချင်းတွေကိုခေါ်ပြီး အိမ်ပြန်အိပ်တယ်။ 

ဒီလိုပုံစံနဲ့ပဲ ဂျူးဟာ ၁ ပတ်လောက်ကို ဖြတ်ကျော်ခဲ့လိုက်တယ်။

ခန့်ထည်ကတော့ ဂျူးဆီ တစ်ရက်ခြားလောက် ဖုန်းဆက်ပါ သေးတယ်။

ဂျူးလည်းဖြစ်ပျက်နေတာတွေ ဘာဆိုဘာမှမပြောပဲ အားလုံး အဆင်ပြေပါတယ်ဆိုတည်ချည်းပဲ ပြောမိတယ်။

ဒီတစ်ပတ်အတွင်း မေ့ကို အဆင်ပြေလား၊ နေကောင်းလားဆိုတဲ့ သာမာန် စကားကိုတောင် မပြောဖြစ်။

ဂျူးဟာ မေ့ကို သိသိသာသာရှောင်နေတယ်ဆိုတာ တခြားလူတွေသာ သတိမထားမိတာ။ ပိုးအိက သတိထားမိတယ်။

ပိုးအိက ဂျူးကို ထိုကိစ္စနဲ့ပတ်သတ်ပြီး မေးချင်၊ မြန်းချင်နေတယ်။

ဒါပေမဲ့ ဂျူးကလည်း အရှောင်အတိမ်းဆို သိပ်တော်တယ်ဆိုတော့ စကားစက တော်ရုံနဲ့ ဆက်မရ။

ဒီလိုနဲ့ တစ်ရက်မှာတော့ ဂျူးဟာ ထုံးစံအတိုင်း ပိုးအိကိုခေါ်ပြီး အိမ်ပြန်လာခဲ့လိုက်တယ်။

ပိုးအိနဲ့အတူ ဧည့်ခန်းထဲစားသောက်ပြီး အိပ်ပျော်သွားတာ မနက်မိုးလင်း နိုးလာတော့ ဧည့်ခန်းထဲ ဂျူးကလွဲပြီး တခြားဘယ်သူမှ မရှိတော့ဘူး။

မနေ့ညက သောက်တာကလည်း များတယ်ဆိုတော့ ခေါင်းက သိသိသာသာလေးလံနေတယ်။

လှဲအိပ်နေရာမှ မနည်းကျုံးထလိုက်တော့ မေဟာ ဧည့်ခန်းထဲဝင်လာပြီး မနေ့ညက ဂျူးတို့ စားသောက်ပြီး ဖွ၊ မွထားတဲ့ ပုလင်းတွေ၊ ခွက်တွေ၊ စားထားသောက်ထားတဲ့ ညစ်ပေနေတဲ့ ပန်းကန်တွေနဲ့အတူ သုံးထားတဲ့ Tissue စတွေကိုပါ သိမ်းဆည်းနေတာ တွေ့လိုက်ရတယ်။

ပိုးအိ အပေါ်ထပ်အိပ်ခန်းထဲ ရေများသွားချိုးနေလားဆိုတဲ့သိချင်စိတ်နဲ့ အပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။

ဒါပေမဲ့ ပိုးအိကိုမတွေ့။

ရေများသွားကူးနေလားဆိုပြီး ရေကူးကန်ဖက်ထွက်လာကြည့်မိသေးတယ်။

ဒါပေမဲ့လည်း မရှိပြန်။

ဒါနဲ့ ဂျူး စိတ်မရှည်နိုင်တော့ပဲ ပိုးအိကို ဖုန်းဆက်တော့ ဖုန်းကိုလည်း မကိုင်။
ခြံထဲမှာတော့ ပိုးအိရဲ့ကားက မရှိတော့။

ဂျူး စိတ်ပျက်ပျက်နဲ့ ဧည့်ခန်းထဲပြန်ဝင်လာတော့ မေဟာ ဂျူးကို စိုက်ကြည့်နေတာနဲ့ တန်းတိုးတယ်။

မေးစရာလူမရှိဘူးဆိုတော့လည်း ဂျူးဟာ မေ့ကို မေးလိုက်ရတော့တာပေါ့။

"ဟိုကောင် ပိုးအိရော?"

"မနက်တည်းက အစောကြီး ပြန်သွားတာ။ သူ့အဖွား ဆေးရုံတင်ရလို့တဲ့..."

"တောက်... ပိုးအိကလည်း မနှိုးသွားဘူး..."

"မင်းကို သူနှိုးပါသေးတယ်။ ဒါပေမဲ့ မင်းမှ မနိုးတာ..."

"အာ့ဆို တစ်ချက်လိုက်သွားဦးမှ..."

ဂျူးပြောပြီး ရေမိုးချိုးဖို့ အပေါ်ထပ်တက်ရန်ပြင်လိုက်စဉ် မေက နောက်မှ လှမ်းခေါ်တယ်။

"ဂျူး... နေဦး..."

မေခေါ်သံကြားလိုက်တိုင်း တုံ့ခနဲရပ်ရပ်သွားတဲ့ ခြေထောက်တွေကို ဂျူးတစ်ရက်ရိုက်ချိုးမိလိမ့်မယ်။

"မင်းနဲ့တို့ ပြောစရာရှိတယ်..."

"ဂျူးမှာ ပြောစရာမရှိဘူး..."

"ဘာကို ပြောစရာမရှိတာလဲ... ဂျူး မင်းဟာ တနေ့တခြား အသက်ကြီးလာလေလေ ပိုပိုပြီးရိုင်းစိုင်းလာလေလေပါလား?"

ဂျူးကို နှိမ်သလိုလို၊ ကဲ့ရဲ့သလိုလိုပြောလိုက်တဲ့ မေ့စကားကြောင့် ဂျူး စိတ်ထဲ ဖျင်းခနဲဖြစ်သွားပြီး မေ့ကို လှည့်ကြည့်မိသွားတယ်။

"ဂျူးက ခင်ဗျားကို ဘာတွေများ ရိုင်းစိုင်းမိသွားလို့လဲ?"

"ဘာတွေများ ရိုင်းစိုင်းမိသွားလို့လဲ ဟုတ်လား။ မင်း မသိဘူးလား။ မင်းနဲ့ တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ဒီဧည့်ခန်းထဲမှာပဲ ဘာတွေဖြစ်ပျက်ခဲ့ကြတယ်ဆိုတာ မင်း မသိတော့တာလား။ မေ့သွားတာလား၊ ရူးချင်ဟန်ဆောင်နေတာလား"

"ကဲပါ... အဲဒီကိစ္စဆိုရင်တော့ ဂျူးမှာ ပြောစရာ ဘာမှ မရှိဘူး"

"မင်းမရှိပေမယ့် တို့ရှိတယ်"

"ရှိလည်း နားမထောင်ချင်ဘူး"

"မရဘူး မင်းနားထောင်ရမယ်"

မေဟာ ဒေါသတကြီးနဲ့ လှည့်ထွက်မယ်ဟန်ပြင်တဲ့ ဂျူးကို ဆွဲဆောင့်ပြီး သူမဖက် လှည့်ပြစ်လိုက်တယ်။

"ဂျူး မင်းက တို့ကို ဘာထင်နေတာလဲ... မင်းနဲ့တို့ ဖြစ်ခဲ့ကြတဲ့ ကိစ္စအတွက် မင်းမှာ ဘာမှပြောဖို့ စကားမရှိဘူးလား"

"မရှိဘူး။ ရှိစရာလည်း မလိုဘူး..."

"ဘာ... ဘာ မင်း ရက်စက်လိုက်တာ ဂျူးရယ်... မင်းလုပ်ရက်လိုက်တာ... မင်း တို့အပေါ် လုပ်ရပ်လိုက်တာ"

မေဟာ နာကျဉ်စွာဖြင့် မျက်ရည်တွေဝေ့လာတော့ ဂျူး စိတ်တွေရှုတ်လာပြီး အော်ဟစ်ဟားတိုက်ရယ်မိသွားတယ်။

"ဟား...ဟား...ဟား... ဒေါ်ဟန်နီမေ... ခင်ဗျားအခုမှ ဘာ ဒရမ်မာတွေ လာခင်းနေတာလဲ? ဖြစ်ခဲ့တုန်းက ဂျူးတစ်ယောက်တည်းရဲ့ အလိုမဟုတ်ဘူးနော်။ ခင်ဗျားလည် အလိုတူအလိုပါ ဖြစ်ခဲ့တာ။ အခုမှ မုဒိန်းကျင့်ခံရတဲ့ သားကောင် စောက်ပေါက် လာမချိုးနဲ့"

"ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ တို့ မရှက်တမ်း ၀န်ခံပါတယ်။ အဲဒီနေ့က ဇာတ်လမ်းကိုမင်းက စခဲ့တယ်ဆိုပေမယ့် တို့လည်း စိတ်ပါလက်ပါရှိခဲ့ပါတယ်"

"အေးလေ အဲဒါ ခင်ဗျားက အခုမှ ဘာပြန်ပြီး ပွဲလုပ်ချင်နေတာလဲ? အဲဒီအမှားက ခင်ဗျားရော ဂျူးပါ..."

"နေပါဦးဂျူး။ အဲဒီနေ့က ဖြစ်ခဲ့တာကို မင်းက အမှားတစ်ခုလို့ ခေါင်းစဉ်တပ်ချင်တာလား"

မေ နာကျဉ်စွာ မျက်ရည်ပေါက်ပေါက်ကျရင်းမေးလာတော့ ဂျူး စကားတွေဆွံ့အကုန်တယ်။

"ဂျူး... ဟုတ်ပါတယ်။ မင်းက အမှားလို့တောင် သတ်မှတ်ပြီးပြီဆိုတော့ တို့က ဘာဆက်ပြောရမှာလဲ?
ဒါပေမဲ့ အမှားလို့ မင်းခေါင်းစဉ်တပ်ပေမယ့်လည်း... ဒီမှာ ဂျူလီယာ... ပိုက်ဆံပေးပြီး ငှားလာတဲ့ မိန်းမကိုတောင် မင်းလုပ်ပြီး တစ်ခုခုတော့ ပြောသင့်တယ် မဟုတ်ဘူးလား။ အခုတော့ မင်းက တို့နဲ့အိပ်လိုက်ပြီး တို့ကို လှည့်တောင်မကြည့်တော့တာ...ဘာလဲ တို့က မင်းအတွက်ဆို ဒီလောက်တောင် တန်ဖိုးမရှိတဲ့မိန်းမလား။ ဟုတ်လား။ ဘာလဲ မင်းလိုချင်တိုင်း ရက်ရက်ရောရောတွေ ပေးနေမိလို့ မင်းက တို့ကို တန်ဖိုးမထားတာလား။ ဂျူး တို့က လမ်းဘေးက မိန်းမ မဟုတ်ဘူးနော်။ မင်းပြုသမျှ နုနေတယ်ဆိုတာ တဏှာရာဂကြီးလို့ မဟုတ်ဘူး။ မင်းကို မက်မောလွန်းလို့ မင်းကို ခင်တွယ်လွန်းလို့"

"မပြောနဲ့တော့... ခင်ဗျား ဘာမှဆက်မပြောနဲ့တော့..."

ဂျူးဟာ မေပြောနေတဲ့စကားတွေကို မကြားဝံ့စွာ တားမြစ်လိုက်ပေမယ့်လည်း မေဟာ ဆက်ပြောနေတုန်းပဲ။

"ဒီမှာ ဂျူလီယာ... မင်းဘာလို့ တို့ကို ဒီလောက်တောင် မုန်းတိနေတာလဲ မင်းပြောစမ်း၊ မင်းဘာလို့ ဒီလောက်တောင် မုန်းတီးနေရတာလဲ?"

"မုန်းတယ်... ဟုတ်တယ်။ ခင်ဗျားကို ဂျူး သေလောက်အောင်မုန်းတယ်။ မုန်းတယ်... မုန်းတယ်..."

"အဲဒါဆို ပြောစမ်း။ မင်းဘာလို့ တို့ကို ဒီလောက်တောင် မုန်းနေတာလဲ... ဘာဖြစ်လို့လဲ? ဘာဖြစ်လို့လဲ? တို့ဘာများလုပ်မိလို့လဲ?"

မေမျက်ရည်ပိုးပေါက်စွာကျရင်း ဂျူးရဲ့ ပခုံးကိုကိုင်ပြီးမေးတဲ့အခါ ဂျူးရဲ့ ခေါင်းကြီးက မေ့ရင်ဝတွင် ငိုက်စိုက်ပြီးကျလာပြီး ငြိမ်သက်နေတယ်။

မထင်မှတ်ထားတဲ့ ဂျူးရဲ့လှုတ်ရှားမှုကြောင့် မေတစ်ယောက် ကြောင်ငေါင်ပြီး ငြိမ်နေမိတဲ့တခဏ ဂျူးခန္ဓာကိုယ်ဟာ တစ်သိမ့်သိမ့်တုန်လှုတ်ပြီးတဲ့အခါမှာတော့ မေ့ခြေဖမိုးပေါ် တစ်တောက်တောက်ကျလာတဲ့ ပူနွေးစိုစွတ်တဲ့အထိတွေ့ကြောင့် မေဟာ ထိတ်လန့်ရင်း ဂျူးခေါင်းတွေကို ဆွဲမော့ယူကြည့်လိုက်တော့ ဂျူးဟာ ငိုနေတာပါ။

ဂျူးဟာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျအောင် ငိုနေတာပါ။

တော်ရုံနဲ့ ဘယ်တုန်းကမှ မျက်ရည်မလွယ်ဖူးတဲ့ ဂျူးမျက်ရည် တွေကိုမြင်လိုက်ရတော့ မေ့ရင်ထဲ တလှပ်လှပ်နဲ့။

"ဟင် ဂျူး... မင်း... မင်း...  ငိုနေတာလား"

"ဒီနေ့ ဒီလိုတွေဖြစ်ရတယ်ဆိုတာ ခင်ဗျားကြောင့်... ခင်ဗျားကို ဂျူး စောက်ရမ်းမုန်းတာ။ ခင်ဗျားလုပ်ရပ်ကြောင့် ခင်ဗျားကို မေ့လို့မရအောင် မုန်းနေတာ ဒေါ်ဟန်နီမေရဲ့..."

----------------------------------------

ထိုအဖြစ်ပျက်တွေ စတင်ဖြစ်ပွားခဲ့တဲ့အချိန်ဟာ ဂျူး ပထမနှစ်လောက်တုန်းကပါ။

အဲဒီနှစ်က ဂျူးတို့ သူငယ်ချင်းတစ်သိုက် သားကိုရဲ့ အဖိုးအိမ်ကို ပျော်ပွဲစားထွက်တဲ့နှစ်ပေါ့။

သူငယ်ချင်းတွေပဲ လွတ်လွတ်လပ်လပ်သွားကြမယ့် ခရီးမှာ သားကိုက မေ့ကိုပါခေါ်လာခဲ့တာ။

ခရီးအစမှာတည်းက မေပါလာလို့ ဂျူးနဲ့ သားကို ရန်ဖြစ်ကြသေးတယ်။

"နင်က ဘာအတွက် သူ့ကို ခေါ်လာခဲ့တာလဲ။ ဒီခရီးက ငါတို့ သူငယ်ချင်းတွေချည်းပဲ သွားရမှာလေ"

"သူ လိုက်ချင်တယ်ဆိုလို့ ငါလည်းခေါ်လာခဲ့တာလေ။ နောက်ပြီး အခု မမေကို ငါ လိုက်နေတယ်ဆိုတာ နင်လည်းသိသားနဲ့ဂျူး။ သူ့ကိုငါဘယ်လိုလုပ်ပြီး ငြင်းလို့ရမှာလဲ?"

နောက်ဆုံး ဂျူးနဲ့ သားကို ရန်မဖြစ်တော့အောင် ကြားထဲက သူငယ်ချင်းတွေ ၀င်ရောက်ဖျန်ဖြေပေးကြတယ်။

"ကဲပါ... ခရီးကလည်း ၄ ညအိပ် ၅ ရက်ခရီးပဲ... မမေပါလာလို့လည်း ငါတို့ ဒီလောက်အနှောက်ယှက်ဖြစ်မှာ မဟုတ်ပါဘူး ဂျူးရယ်။ ခွင့်ပြုပေးလိုက်ပါ"

သူငယ်ချင်းတွေကြားထဲက ၀ိုင်းပြောပေးနေလို့ ဂျူး စိတ်လျော့ပေးလိုက်ရတယ်။

သားကိုရဲ့အဖိုးအိမ်က နယ်လေးတစ်ခုမှာပါ။ ပဲခူးရဲ့ ဟိုဖက်ပိုင်းမှာပေါ့။

ခြံနဲ့ဝန်းနဲ့ထိုတိုက်အိမ်ကြီးရဲ့အနောက်ဖက်မှာ ရေကန်တစ်ကန်လည်းရှိသေးတယ်။

ရေကန်ဆိုတာ ရေကူးကန်လို သေချာ ကြွေပြားတွေကပ်ပြီး တည်ဆောက်ထားတဲ့ ကန်မျိုးမဟုတ်ဘူး။

သဘာဝအတိုင်းဖြစ်နေတဲ့ ရေကန်ကြီး။

ရေသေကန်ဖြစ်ပေမယ့်လို့ ကန်ထဲက ရေတွေက ကြည်စိမ်းပြီး အေးမြနေတယ်။

ဂျူးတို့ ခရီးရောက်တဲ့နေ့တုန်းက ကိုယ်စီကိုယ်ငှ အခန်းတွေခွဲအိပ်ကြတော့ မိန်းကလေးတွေက နှစ်ခန်း၊ ယောက်ျားလေးတွေက တစ်ခန်း ခွဲယူခဲ့ကြတယ်။

တစ်နေ့လုံး ချက်ကြ၊ ပြုတ်ကြ၊ စားကြ၊ သောက်ကြနဲ့။

ညရောက်တဲ့အခါ ထိုရေကန်ကြီးဘေး မီးပုံပွဲလေးလုပ်ရင်း ဂီတာတီးတဲ့လူနဲ့ သီချင်းဆိုတဲ့လူနဲ့။

အတော်ကို ပျော်စရာကောင်းတဲ့ ခရီးလေးတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီခရီးမှာ ဘယ်သူမှ မသိလိုက်တဲ့ အဖြစ်ပျက်လေးတစ်ခုရှိခဲ့တယ်။

အဲဒီအဖြစ်ပျက်ရဲ့ ကာယကံရှင်နှစ်ယောက်ကတော့ မေနဲ့ ဂျူးပါပဲ။

အဲဒီနေ့က ခရီးရောက်ပြီး ၃ ရက်မြောက်နေ့။

မနက်ပိုင်း မြို့ထဲသွားပြီး ဈေးသွားဝယ်ခဲ့ကြတာ ဂျူးရယ်၊ ပိုးအိရယ်၊ သားကိုယ်။

ဒီတော့ ဂျူးက ဘီယာသောက်ချင်တယ်ဆိုပြီး ဘီယာတစ်ဖာဝယ်ခဲ့လိုက်တယ်။

အဲဒီနေ့က ရာသီဥထုကလည်း သိသိသာသာ အေးစိမ့်နေသေးတယ်။

တနေ့လုံး စာလုပ်လိုက်၊ စားလိုက်သောက်လိုက်နဲ့ ပျော်ပါးနေကြတာ။

ညနေပိုင်းရောက်တော့ အားလုံးလိုလို မှောက်ကုန်ကြပြီ။

ဒါပေမဲ့ ဂျူးက အိပ်မပျော်နိုင်။

ဒါ့ကြောင့် ရေကန်ကြီးဘေးဆီသို့ လျှောက်လာမိတယ်။

မနေ့ညက လုပ်ထားတဲ့ မီးပုံပွဲက လက်ကျန် ထင်းပုံကြီးရဲ့ဘေးမှာ ဂျူးဟာ ဖျာတစ်ချပ်ကို ခင်းပြီး အေးအေးလူလူ လှဲအိပ်နေခိုက် ခြေသံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ မေဖြစ်နေတယ်။

"ဘာလာလုပ်တာလဲ?"

"မင်းဒီဖက်ထွက်သွားတာ မြင်လိုက်ရလို့... လိုက်ခဲ့တာ။ တစ်ယောက်တည်း ဖြစ်နေလို့။ စိုးရိမ်လို့"

"အိမ်ကို ဒီကနေလှမ်းမြင်နေရတဲ့ကိစ္စ... လမ်းပျောက်စရာလည်းမရှိဘူး။ ဘာကို စိုးရိမ်တာလဲ?"

ဂျူးမေးတာကို မေက ချက်ချင်းမဖြေသေးပဲ ဘေးမှာ ပူးပူးကပ်ကပ်ဝင်ထိုင်လိုက်လို့ ဂျူး ခါးတွေမတ်ကုန်တယ်။

"မင်းကိုတစ်ခုလောက်မေးချင်လို့"

"အင်းမေး။ ဖြေလို့ရတာဆို ဖြေပေးမယ်"

"မင်းဘာလို့ တို့နဲ့စကားပြောရင် ဘုဘောက်ပြောရတာလဲ?"

"ဂျူးက အဲဒီလိုပဲ ပြောတတ်လို့လေ"

"မဟုတ်သေးပါဘူး။ မင်းတို့ကို စတွေ့တည်းက အဲဒီလို အချိုးမျိုးနဲ့။ တို့ မှတ်မိသေးတယ်။ မင်းကို တို့စတွေ့တုန်းက မင်းက ငါးတန်းလားရှိသေးတာ"

"ကောင်းပြီ။ ဂျူးက မမေကို ဘုဘောက်ပြောတယ်ပဲ ထားပါတော့။ အာ့ ဘာလို့ အဲ့လိုဆက်ဆံမိတာလဲဆိုတာ မမေမသိဘူးလား"

"ဧကန်ဏ တို့ကြောင့် မင်းသူငယ်ချင်းယောက်ျားလေးတစ်ချို့ အချင်းချင်းစိတ်ဝမ်းတွေကွဲပြီး ရန်ဖြစ်ကြရလို့လား"

"အင်း ဖြစ်မှာပေါ့..."

"တခြား ဘာကျန်သေးလဲ?"

"အဲဒါပဲဖြစ်မှာပါ..."

"အဲဒါပဲဆို တို့ မင်းနဲ့အခု ငြိမ်းချမ်းရေးယူချင်တယ်။ တို့နဲ့ အစကနေ သူငယ်ချင်းပြန်လုပ်ပေးမလား?"

မေက လက်လေးတစ်ဖက် ကမ်းပေးရင်းပြောတော့ ဂျူး မဝံ့မရဲလေး ထိုလက်ကို လှမ်းဆွဲယူ နှုတ်ဆက်လိုက်မိတယ်။

"မမေ သူများတွေရဲ့အသည်းတွေကို မခွဲတော့ဘူးဆိုရင် သူငယ်ချင်းလုပ်မယ်"

"တကယ်တော့လေ တို့က သူများတွေရဲ့အသည်းကို ခွဲတာ မဟုတ်ဘူးသိလား။ သူတို့တွေက တို့ကို အသည်းသန်တွေ လိုက်ကြိုက်တာ။ တို့ကမှ မကြိုက်တာ။ မကြိုက်လို့ ငြင်းတော့ တို့က အသည်းခွဲတဲ့လူ ဖြစ်ရော"

"မကြိုက်ဘူးဆိုလည်း သူတို့ စလာကြိုက်တည်းက ငြင်းလေ... အခုတော့ မမေက သူတို့ကို မျှော်လင့်ချက်တွေ ပေးပေးပြီးမှ ငြင်းပစ်တာဆိုတော့..."

"တကယ်တော့ တို့က သူတို့ကို မျှော်လင့်ချက်ပေးတာ မဟုတ်ဘူး ဂျူလီယာရဲ့။ ထားပါတော့ကွာ။ တို့ကို မင်းသူငယ်ချင်းတစ်ယောက်၊ ဒါမှမဟုတ် တခြားလူတစ်ယောက်က လာကြိုက်တယ်ပဲ ထားပါတော့။ တို့လည်း အဲဒီလူကို ပြန်ကြိုက်လို့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူနဲ့ ရင်းနှီးအောင် ပတ်သတ်မိတာ။ ဒါပေမဲ့ ရင်းနှီးလာလေ တို့က သူ့ကို စိတ်မဝင်စားလေဖြစ်လာလို့ နောက်ဆုံး တို့ငြင်းရတာ..."

မေရှင်းပြတော့လည်း အဖြစ်ပျက်က လက်ခံပေးလို့ရနေလို့ ဂျူးငြိမ်သွားရတယ်။

"ကဲ ဘယ်လိုလဲ တို့နဲ့ သူငယ်ချင်း လုပ်ချင်လား?"

"အင်း လုပ်မယ်လေ..."

မေက ဂျူးကိုင်ထားတဲ့ လက်လေးကို ဝှေ့ယမ်းရင်း လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

လက်ဆွဲနှုတ်ဆက်နေရင်း မေကြည့်လာတဲ့ အကြည့်တွေက အရမ်းကို လေးနက်ပြီး အရိုင်းဆန်လာလို့ ဂျူး မျက်လွှာလေး ချလိုက်မိတဲ့အထိပဲ။


အဲဒီအချိန်တုန်းက ဂျူးဟာ ဘယ်သူနဲ့မှ မတွဲဖူးသေးဘူး။ တကယ့်ကို အင်နိုးစင့်လေး။

နောက်ပြီး မိန်းမတစ်ယောက်နဲ့ ဒီလို ရင်းရင်းနှီးနှီးပူးပူးကပ်ကပ်ရှိဖူးတာလဲ ဒါ ပထမဦးဆုံးပဲ။

"ရေကူးကြမလား?"

"ဟင်... အယ်... အဝတ်စားအပိုမှ မပါတာ..."

"မင်းအောက်မှာတော့ underwear နဲ့ ဘောလီတော့ ပါတယ် မို့လား"

မေက ရဲရဲတင်းတင်းလေး ရှေ့သို့တိုးလာပြီး နဖူးချင်း ခပ်ဖွဖွတိုက်ကာ မေးလိုက်တော့ ဂျူးရှက်ကာ ခေါင်းငုံ့သွားပြီး တိုးတိုးလေး ပြန်ဖြေမိတယ်။

"အင်း ပါတယ်လေ"

"အာ့ဆို အာ့နဲ့ ကူးမယ်လေ"

"အာ ရှက်စရာကြီး... တစ်ယောက်ယောက် ချောင်းကြည့်နေရင် ဘယ်နှယ့်လုပ်မလဲ?"

ဂျူး မျက်နှာတွေ နီရဲသွားရင်း ပြောတော့ မေက သဘောကျစွာ ရီလိုက်တယ်။

"အဟင်း... ဟင်း... ဟင်း... ဒီမှာဘေဘီ... မင်းဘော်ဒီက တစ်ယောက်ယောက် အချိန်ကုန်ခံပြီး ချောင်းကြည့်နေရလောက်အောင် ဆွဲဆောင်မှုရှိနေတယ်လို့ ထင်နေတာလား... အဲဒါဆို မှားသွားမယ်။ လာပါကွာ..."

မေက ပြောလည်းပြော။ ထိုင်နေရာမှ မတ်တပ်ထ,ရပ်ပြီး ၀တ်ထားတဲ့ တီရှပ်ကို ချွတ်ပစ်လိုက်လို့ မကြည့်ရဲတဲ့ ဂျူး မျက်နှာတွေ နီရဲနေရင်း အကြည့်လွှဲလိုက်ရတယ်။

မေဟာ တစ်ဆက်တည်း ဂျူးရှေ့မှာပဲ အောက်မှာ ၀တ်ထားတဲ့ ဂျင်းဘောင်းဘီအရှည်ကိုပါ ချွတ်ပစ်လိုက်တယ်လေ။

ဘောင်းဘီမချွတ်ခင် အရင်ဆုံး ဖိနပ်ကိုချွတ်သေးတယ်။

မေ့ကိုယ်တွင် underwear နဲ့ ဘောလီကလွဲလို့ တခြားအဝတ်စားမရှိတော့။

ဂျူး မေ့ကိုမြင်ပြီး ရှက်လွန်းလို့ ရင်တွေခုန်လာခဲ့ရတယ်။

မေက ဂျူးတုတ်တုတ်မလှုတ်ပဲ ခေါင်းကြီး ငုံ့နေတာ မြင်တော့ အားမလိုအားမရနဲ့ ဂျူးလက်ကိုကိုင်ယူပြီး ဆွဲထူတယ်။

"လာကွာ... ချွတ်တော့။ ဘာလဲ တို့ချွတ်ပေးရမှာလား?"

"အာ မလုပ်နဲ့။ ဂျူးဘာသာ ချွတ်မယ်"

"အာ့ဆို ချွတ်..."

မေက စိုက်ကြည့်နေလို့ ဂျူး အင်္ကျီကျယ်သီးချွတ်နေတဲ့ လက်တွေ ဆတ်ဆတ်တုန်ရင်လာတယ်။

ဒါနဲ့ပဲ မေဟာ အရဲတင်းစွာဖြင့် ဂျူးအနားသို့ တိုးကပ်လာပြီး ဂျူး ကြယ်သီးတွေကို တစ်လုံးချင်းချွတ်ပေးပြန်တယ်။

"ရပါတယ်... ဂျူးဘာသာ ဂျူး..."

"ငြိမ်ငြိမ်နေကွာ..."

မေ့လက်နဲ့ ကိုယ်တိုင် ကြယ်သီးတွေ အချွတ်ခံနေရတာကိုက ဂျူးအတွက် ပိုပြီးစိတ်လှုတ်ရှားချင်စရာ၊ ရင်ခုန်ချင်စရာဖြစ်လို့ လာရတယ်။

"ပုံမှန်ဆို မင်းက ဒီလိုပဲ ရင်တွေအရမ်းခုန်နေကြလား?"

မထင်မှတ်စွာ ကြားလိုက်ရတဲ့ မေ့စကားကြောင့် ဂျူးဟာ မေ့လက်တွေကို ပုတ်ထုတ်လိုက်မိတယ်။

"ကွကို ချွတ်မယ်။ မမေ ဟိုဖက်လှည့်"

"ဟုတ်ပါပြီ။ ဟုတ်ပါပြီ"

မေဟာ တစ်ဖက်ကို အလှည့်ပြလိုက်တာနဲ့ ဂျူးဟာ မေ့ကို ကျောခိုင်းရင်း အပေါ်က ရှပ်အင်္ကျီလေးကို ချွတ်လိုက်တယ်။

ပြီးတော့ ဘောင်းဘီကို ကုန်းချွတ်ပြန်တယ်။

မေက တစ်ဖက်ကိုသာ အလှည့်ပြလိုက်တာပါ၊ တကယ်လည်း ဂျူး အဝတ်တွေချွတ်တော့ ပြန်လှည့်ပြီး မက်မက်မောမောနဲ့ကို စိုက်ကြည့်နေသေးတာ။

စိတ်ကူးနဲ့ ... ရူးWhere stories live. Discover now