Part - 2 ( U + Z )

66.9K 1.6K 114
                                    

Unicode

ဆေးရုံအုပ်ကြီးရုံးခန်းတွင် လှပကျော့ရှင်းကာ ထိုင်နေသူမှာ ဒေါ်မြမှူးခက်ပင်။ သွယ်လျလှပသောလက်ချောင်းများဖြင့် ကီးဘုတ်ပေါ်တွင် ပြေးလွှားလို့နေသည်။

ထို့နောက်သူမလက်ပေါ်မှ နာရီကိုကြည့်လိုက်ရာ အချိန်သည်ကား နေ့လည် ၁၂ နာရီရှိလေသည်။ မောင့် အား ဖုန်းခေါ်မည်ဟုပြင်လိုက်ကာ Telegram ရှိ video call အားနှိပ်လိုက်လေသည်။

~ တူ တူ တူ ~

"ဟေး မောင့် အမျိုးသမီးလေး"

"မောင် ဘာလုပ်နေတာလဲ ဟင်! ဘာတွေကြည့်နေတာလဲ!"

မောင်သည် ထိုင်ခုံအား နောက်ပြန်လှည့်ထိုင်ကာ လက်တော့ဖွင့်ထားသည်။ဗီဒီယို တစ်ချို့ ကြည့်နေပုံရသည်။

"ဪ... ဒါလား အန်တီ့အတွက်ကြည့်နေတာလေ"

"ဟင်! ဘယ်လို"

"ဘာကြည့်နေတယ်လို့ထင်လဲ"

"တို့မှ မသိပဲ"

"အဲ့ဒါဆိုပြမယ် သေချာကြည့်နော်"

မောင် သည်သူ၏ဖုန်းအား လက်တော့အနီးသို့ ရွှေ့လိုက်သည် ။မြင်လိုက်ရသည့် ဗီဒီယိုကြောင့် ခက် အလန့်တစ်ကြားဖြစ်သွားသည် ။ WWE Championship ပွဲမှ CM Punk နှင့် John Cena တို့၏ ရွှေခါးပတ်လုပွဲဖြစ်သည်။

"အို...မောင်နော် ဘာတွေလျှောက်ကြည့်နေတာလဲ သွေးထွက်သံယိုတွေနဲ့ကွာ ကြောက်ဖို့ကောင်းလိုက်တာ ဖုန်းချလိုက်တော့မယ်"

"နေပါဦး အချစ်ရဲ့ အတွေ့အကြုံအသစ်လေးတွေယူနေတာပါ အချစ်အနားကိုကပ်လာတဲ့ အမျိုးသားထုကြီးကို မောင်က အဲ့လိုတွေဖိုက်တင်ချမှာ"

"ဟာ!! ဘယ်လိုဖြစ်နေတာလဲလို့ ပြောတာတွေကလဲရန်များလိုက်တာကွာ တော်ပြီ ဖုန်းချပြီ ဒါပဲ"

"အယ်! နေဦးလေ! အချစ်! အချစ်! ဟော .. ဆရာဝန်မကြီးကလဲ ကြောက်တတ်လိုက်တာကွာ"

မောင် နှင့် ဖုန်းပြောပြီးနောက် ခက် သည်ဖုန်းချကာ သူမ၏ LV ပိုက်ဆံအိတ်အားလက်မောင်းမှချိတ်လျှက် ဆေးရုံဝန်းထဲမှထွက်လာလေသည်။

ဆေးရုံအဝင်အဝတွင်ရုတ်တရက်တွေ့လိုက်ရသော သူကြောင့် ခက် ခြေလှမ်းများရပ်တန့်သွားလေသည်။

Daddy Wife (Completed)Donde viven las historias. Descúbrelo ahora