မြမှူးခက်၏ဒိုင်ယာရီ

1.3K 171 18
                                    

Unicode

ကျွန်မဒီနေ့ Golden Palace ရဲ့ရှယ်ယာရှင်အစည်းအဝေးကို သွားခဲ့တယ် ။ ကုမ္မဏီ ရဲ့ကားပါကင်မှာ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ အဲ့ဒီကောင်မလေး ကျွန်မကိုကြည့်တဲ့အကြည့်တွေကိုလေ ဘာကြောင့်မှန်းမသိ သဘောကျမိသလိုဖြစ်မိသား ။ ရင်ထဲဖော်ပြလို့မရတဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရတယ် ။ နည်းနည်းတော့ထူးဆန်းတယ် ။ ဒီခံစားချက်ဟာ ဘာများဖြစ်နိုင်မလဲ ။

~
ချစ်တယ် … အန်တီ့ကိုချစ်တယ်တဲ့ ။ ကျွန်မပြုံးမိလိုက်လေသလား ။ ဘာကြောင့်ကျွန်မပြုံးမိလိုက်လည်း ကိုယ့်ကိုကိုယ်တောင်မသိလိုက်ဘူး ။ ရင်ခုန်သွားတာလား ။ ချစ်တယ်လို့ပြောတဲ့သူကလဲ မိန်းကလေးတစ်ယောက်ဖြစ်နေတယ်လေ ။ သူဖွင့်ပြောတော့ အတော်လေးစွန့်အမိသွားတယ် ။ မိန်းကလေးတစ်ယောက်ဟာ မိန်းကလေးကိုဖွင့်ပြောတာ ကျွန်မ နားကြားများမှားသွားသလား ။

~
ဒီကောင်မလေး ကျွန်မဆေးရုံကို အမြဲတမ်းရောက်လာတယ် ။ ကျွန်မကိုတွေ့လိုက်တိုင်းလည်း အမြဲတမ်းချစ်ကြောင်းတွေပြောတယ် တစ်ဇွတ်ထိုးဆန်လိုက်တာ ဘယ်လိုကောင်မလေးပါလိမ့် ။ ဒါပေမယ့် ကျွန်မအနည်းငယ်တော့ သဘောကျမိသလိုဖြစ်မိသား ။ သူ့ကို ကျွန်မ သဘောကျမိသွားတာလား ။

~
မောင် …… ကျွန်မသူ့ကို ပထမဦးဆုံး မောင်လို့စခေါ်ခဲ့တယ် ။ သူ့အချစ်ကို ကျွန်မလက်ခံခဲ့တယ် ။ မောင်ကအတော်လေးပျော်နေပုံပဲ ။ ဒီနေ့က မောင်နဲ့ကျွန်မ ချစ်သူဖြစ်ခဲ့တဲ့နေ့လေးပေါ့ ။ ကျွန်မ မိန်းကလေးတစ်ယောက်ကို ချစ်မိသွားခဲ့လိမ့်မယ်လို့ မထင်ခဲ့မိဘူး ။ ကျွန်မချစ်သူက မိန်းကလေးတဲ့လေ ။

~
မောင် နဲ့ ကျွန်မ သိပ်ကိုချစ်ခဲ့ကြတာပေါ့ ။ မောင်ကကျွန်မရဲ့ နွေးထွေးရာလေး ။ ကျွန်မရဲ့ မျှော်လင့်ချက်လေး ။ ကျွန်မရဲ့ အနာဂတ်လေးပေါ့ ။ ကျွန်မအနားမှာ မောင် ဆိုတဲ့ဖြစ်တည်မှုလေးက သိပ်ကိုနွေးထွေးလွန်းပါတယ် ။

~
ကျွန်မတို့ ချစ်သူဖြစ်ခဲ့ကြတာ နှစ်နှစ်ရှိခဲ့ပြီ ။ ဒီနှစ်နှစ်အတွင်းမှာ စိတ်ဆိုး စိတ်ကောက်တွေရှိခဲ့သလို တစ်ခါတစ်လေ စကားများကြတဲ့အခိုက်အတန့်ရှိတယ် ။ ဒါပေမယ့် မောင်က သိပ်တော်တယ် ကျွန်မ စိတ်ဆိုး စိတ်ကောက်ရင် ချက်ချင်းလာချော့တတ်တယ်လေ ။ ကျွန်မ မောင့် အချစ်ကို ရခဲ့တာ ကံကောင်းတဲ့လူသားတစ်ယောက်လား ။ မောင် က ကျွန်မကိုသိပ်ချစ်တာပေါ့ ။

Daddy Wife (Completed)Tempat cerita menjadi hidup. Temukan sekarang