Unicode
ရုံးခန်းထဲမှ မျက်နှာကြီးဆူပုတ်ကာထွက်သွားသော ခက် ကြောင့် မောင် အနောက်မှ အသည်းအသန်လိုက်လာခဲ့မိသည်။ ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူမ အမျိုးသမီးလေးကိုတော့ ချော့ရမည်။
ကားအားအရှိန်တင်ကာ ခက် ရှိသည် Royal Asia သို့ထွက်လာလေသည်။ ခက် မသိအောင် ကော်ရစ်တာတစ်လျှောက် ခြေဖွနင်းလာသည်။
အခန်းထဲမှ စကားပြောသံကြားသောကြောင့် မောင် နားထောင်မိသည်။ အသံမှာ အမျိုးသားတစ်ဦး ၏ အသံဖြစ်တာကြောင့် မောင် တံခါးအား အသာလေးဆွဲဖွင့်လိုက်လေသည်။
"ခက်! ကို ခက် ကိုချစ်တယ် မလေးနက်သလိုဖြစ်သွားပေမယ့် ဒီစကားကတော့ လေးနက်ပါတယ် ခက်ကိုစတွေ့ထဲက ချစ်ခဲ့တာ အရိပ်တကြည့်ကြည့်နဲ့ ကြည့်ချင်နေမိတယ် ကို့ ရဲ့မနက်ခင်းတိုင်းမှာ ခက် နဲ့အတူနိုးထချင်တယ် ခက် ကို့ အချစ်ကိုလက်ခံရင် ကို ခက် မေမေ ဆီမှာ မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူပါမယ် ခက်ကို စိတ်ချမ်းသာအောင် ထားပါ့မယ်"
ကိုယ့်နားကိုတောင် မယုံနိုင်ဖြစ်မိသည်။ ခက် ၏ သွယ်လျသောလက်ချောင်းများသည် မောင့် ဒယ်ဒီ လည်ပင်းပေါ်တွင် သိုင်းဖက်ထားလေသည်။
ထိုမြင်ကွင်းသည် မောင့် ရင်ကိုဓားနှင့်ခွဲသလိုပင်။ ဒယ်ဒီက အန်တီ ကို ချစ်တယ်တဲ့လား ။ အန်တီ ကရော ဒယ်ဒီ့ ကို ချစ်နေသလား။ မောင် ဝေခွဲမတတ်တော့ပေ။
လေးလံသောခြေလှမ်းများနှင့် အတူ မျက်ဝန်းမှ မျက်ရည်စများ မဖိတ်ခေါ်ပဲ စီးကျလာလေသည်။ မမြင်ချင်တော့ ။ မကြားချင်တော့ ။ မခံစားချင်တော့ပေ။
"ကျွန်မကိုလွှတ်ပါ ကိုထက်"
"အာ ဆောရီးပါ"
ခက်သည် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ ဦးမာန်ထက်သည်လည်း ခက်၏ဘေးသို့လာထိုင်လေသည်။ ခက် ချက်ချင်းပင် ဘေးသို့ရွှေ့သွားလေသည်။
"ခက် ကို ခုနကပြောတာ..."
"ခဏလေး ကိုထက် ကျွန်မ ကိုထက်ကို လက်မခံပါရစေနဲ့ ကျွန်မဘက်က ကိုထက် ကိုလုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ မပိုခဲ့ပါဘူး ဒီစကားတွေကိုမကြားခဲ့ဘူးလို့ပဲ သဘောထားပေးပါ"
![](https://img.wattpad.com/cover/350691152-288-k8606.jpg)
YOU ARE READING
Daddy Wife (Completed)
Romance"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15.12.2023