Part - 19 ( U + Z )

28.4K 1.2K 107
                                    

Unicode

ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ် ။

ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး ၏ ပြည်တွင်းဝင်ပေါက်ရှေ့တွင် အမျိုးသားတစ်ဦးသည် ရပ်နေလေသည် ။ အနက်ရောင်ဂျင်းဘောင်းဘီ အနက်ရောင် T shirt နှင့် အနက်ရောင်ဂျာစီ ဝတ်ထားသည့်အပြင် ဦးထုတ်နှင့်မျက်မှန်ကိုလည်း အနက်ရောင် ကိုသာရွေးပြီး ဝတ်ဆင်ထားလေသည် ။

အရပ် ၅ ပေ ၇ လက်မရှိသော ထိုအမျိုးသားအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင်ရှိသော ယောက်ျား မိန်းမ မရွေး စူးစမ်းကြည့်နေကြလေသည် ။

"တောင်းပန်ပါတယ် boss ကျွန်တော်နောက်ကျသွားပါတယ်"

"အချိန်ကိုလေးစားဖို့ ငါဘယ်နှစ်ခါပြောရမလဲ"

"တောင်းပန်ပါတယ် boss ကားလမ်းတွေပိတ်နေလို့ပါ"

"ထားလိုက်တော့ နောက်တစ်ခါအချိန်ကိုလေးစားပါ"

"ဟုတ်ကဲ့ပါ boss နောက်မဖြစ်စေရပါဘူး"

ထိုအမျိုးသားသည် အရှေ့မှ ဦးဆောင်ကာ ရန်ကုန်လေဆိပ်မှထွက်ခွါလာသည် ။ ကားပေါ်ရောက်သည်နှင့် ဆောင်းထားသည့် ဦးထုတ်နှင့် မျက်မှန်အား ချွတ်လိုက်လေသည် ။

ဘေးနှစ်ဖက် ပါးရိုးအနည်းငယ်ကားပြီး နှာတံစင်း မျက်ခုံးမွှေးထူထူ ပန်းရောင်သန်းစပြုနေသည့် နှုတ်ခမ်းသား နှင့်အတူ ခန္တာကိုယ်တောင့်သည့် ထိုအမျိုးသားသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်သည် ။

"သီ..!"

"မခေါ်စမ်းနဲ့ ရွံစရာကောင်းတဲ့ကောင်"

"ဟို.."

"Golden Palace ကထင်ထားတာထက်ပိုအောင်မြင်နေတာပဲ ဂုဏ်ပြုရမှာလား သူများအပိုင်ကိုကိုယ့်အပိုင်လိုဟန်ဆောင်ထားတဲ့ ရှင့်ကိုလေ"

"ဟက်! သူများအပိုင်တဲ့လား"

"ပိုင်ရှင်ကိုယ်စားစောင့်လျှောက်ပေးထားတဲ့ ရှင့်ကို ကျေးဇူးတင်ရမှာပေါ့ ကျေးဇူးတင်ပါတယ် ဦးမာန်ထက် ကျွန်မကုမ္မဏီ ကိုစောင့်လျှောက်ပေးထားတဲ့အတွက်"

ထိုအမျိုးသမီးဟာ ဘယ်သူလဲ ။ ဦးမာန်ထက် အပေါ်ဆက်ဆံသည့် စကားလုံးများသည် အထက်ဆီးဆန်လွန်းသည် ။ မျက်နှာသွယ်သွယ် မေးရိုးချွန်ချွန် ဘယ်ဘက်နှုတ်ခမ်းထောင့်တွင် မှဲ့စိမ်းလေးတစ်ခု ရှိသည့် ထိုအမျိုးသမီးသည် တစ်စုံတစ်ယောက်နှင့် ဆင်တူလှသည်။

Daddy Wife (Completed)Tempat cerita menjadi hidup. Temukan sekarang