Unicode
မောင် ဟာ ခြံထဲမှထွက်သွားသည်နှင့် အားယူကာရပ်တန့်ထားသော ခက် ၏ခြေတစ်စုံသည် ယိုင်နဲ့ကာ ခွေကျသွားလေသည် ။
ရင်ထဲကမပါသည့်စကား ။ နှလုံးသားက လက်မခံသည့် စကားလုံးတွေကို ခက် အားယူကာပြောလိုက်မိသည် ။ သူမလို အိမ်ထောင်သည် ကလေးတစ်ယောက် မိခင် ဟာ မောင် နှင့်မထိုက်တန်ပေ။
"အဟင့်!! တောင်းပန်ပါတယ်မောင်ရယ် အန်တီ တောင်းပန်ပါတယ်! မောင့် ဘဝအတွက်ပါ မောင့် ဘဝလေးအပူအပင်မရှိဖြတ်သန်းနိုင်အောင်လို့ပါ အန်တီ့ကို မုန်းလိုက်ပါမောင်ရယ်!!"
တိတ်ဆိတ်သောခြံကြီးထဲတွင် ခက် ဟာ သူ၏ ရင်ဘတ်လေးကိုဖိလျှက် အော်ဟစ်ငိုကြွေးလေသည် ။ ဒုတိယအကြိမ်သူ၏ နှလုံးသားကို ချနင်းခဲ့သည် ။ ဒုတိယအကြိမ် မောင့် ကိုစွန့်ပစ်ခဲ့သည် ။ ယခုတစ်ကြိမ်တွင်တော့ ပြန်မဆုံဆည်းနိုင်တော့ပေ။
ခက် ၏ ခြံထဲမှ ထွက်လာပြီးနောက် တင်းခံထားသော မောင့်မျက်ဝန်းမှ မျက်ရည်စများသည် ရေတံခွန်သဖွယ် စီးဆင်းလာသည် ။ မောင် မျှော်လင့်ချက်တွေ ထားခဲ့သည် ။ ဒီတစ်ကြိမ်တော့ လက်တွဲနိုင်မည်ဟု မောင် ထင်ခဲ့လေသည် ။ သို့သော် အထင်နှင့်အမြင်လွဲမှားခဲ့လေသည် ။
"Boss အဆင်ပြေရဲ့လား"
"အင်း .. ပြေပါတယ်"
"ကျွန်တော် ကုမ္မဏီ ကိုပဲမောင်းလိုက်ရမလား"
"အင်း"
မောင် ဟာ အနည်းငယ်တိတ်ဆိတ်သွားလေသည် ။ တင်ထားသော ကားမှန်အား ချလိုက်သည်နှင့် တိုက်ခတ်လာသည့် လေများသည် မျက်ရည်ကျရန်အတွက်အတော်လေးလိုက်ဖက်လွန်းသည် ။
မောင့် ကားလေဟာ Shine & Bright သို့ရောက်ရှိသည်နှင့် သူ၏ ရုံးခန်းသို့ တည့်မတ်စွာသွားလေသည် ။ ရုံးခန်းထဲသို့ရောက်သော် အလုပ်စားပွဲပေါ်ရှိ ဓာတ်ပုံဘောင်လေးဖြင့် ထည့်ထားသည့် ခက်၏ ပုံများကို ဖြုတ်ကာ အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်လေသည်။
"အန်တီ မောင့် ကို ဒုတိယအကြိမ်စွန့်ပစ်ခဲ့ပြီ မောင်လဲ အန်တီ့ကို ဒုတိယအကြိမ်ဆုံးရှုံးသွားခဲ့ပြီ မောင်တို့နှစ်ယောက်ကြားမှာ စည်းခြားသွားခဲ့ပြီ ဒါတွေမလိုအပ်တော့ဘူးလေ ဟုတ်တယ်မလား"
ESTÁS LEYENDO
Daddy Wife (Completed)
Romance"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15.12.2023