Part - 3 ( U + Z )

50.2K 1.4K 142
                                    

Unicode

မနက်စာစားပွဲဝိုင်းတွင် ခက် ၏အမေသည် ခက်အားစိုက်ကြည့်နေလေသည်။ ညက ခြံထဲတွေ့လိုက်ရသည့် လူတစ်ယောက်အကြောင်း ဒေါ်သီတာခက် သိချင်နေလေသည်။ သို့သော် သမီးဖြစ်သူက ပါးစပ်မဟသေး။

"ညက အိမ်ထဲဝင်လာတာ ဘယ်သူလဲ ခက်"

"ရှင်!!"

မိခင်၏ စကားကြောင့် ခက် ၏မျက်ဝန်းတွေကျယ်လောင်သွားရလေသည်။ မေမေ ကဘယ်လိုသိသလည်း ။ ဘာပြန်ဖြေရမှန်းမသိ ခက် ကြောင်တောင်တောင်လေးဖြစ်နေသည်။

"မြမှူးခက်!!"

"ရှင်! ရှင် မေမေ"

"ညက အိမ်ထဲဝင်လာတာ ဘယ်သူလဲ လို့"

"ဟို ဟို ဆေးရုံက nurse မလေးတစ်ယောက်ပါ အရေးကြီး patient တစ်ယောက်ရဲ့ ဖိုင်တွေလာပို့ပေးတာပါ"

"အဲ့ဒါများ ညဘက်ကြီး လာရသလား လူမြင်မသင့်တော်လိုက်တာ"

"ခက် နောက်ဆို ဆင်ခြင်ပါ့မယ် မေမေ"

ဒေါ်သီတာ သည် ခေါင်းညှိမ့်ကာ အရှေ့ရှိကော်ဖီခွက်အား ယူသောက်လေသည်။ ထို့နောက် ခက် အားတစ်ခုခုပြောရန် အစပြုလေသည်။

"ဒီတစ်ပတ်ခက်အားတယ်မဟုတ်လား"

"ဟုတ် ခက် အားပါတယ် မေမေ"

"ဒါဆို မောင်ထက် တို့ကိုထမင်းစားဖိတ်ကြရအောင်"

"ရှင်!!"

"ညည်းဘယ်လိုဖြစ်နေသလဲ မြမှူးခက် တစ်မနက်လုံးတစ်ရှင်ရှင် ဖြစ်နေတာ"

"မဟုတ်ပါဘူး မေမေကတစ်ခါမှမဖိတ်ဖူးလို့ပါ"

"ငါအခုဖိတ်ပြီ တနင်္ဂနွေ ထမင်းစားဖိတ်မယ် မောင်ထက်တို့သားအဖအတွက် ဒီနေ့ပဲဈေးကြိုဝယ်ထား"

"ဟုတ် ဟုတ်ကဲ့မေမေ"

ခက်မှာဘာမှပြန်မပြောနိုင်။ ခက် သည်မေမေ့အားကြောက်သည်။ စားလက်စ မနက်စာကို ခပ်သွက်သွက်လေး စားကာ supermarket သို့ထွက်လာလေတော့သည်။

ကားမောင်းနေသော်လည်း ခက် စိတ်ထဲတွင်မပါ။ ဦးမာန်ထက် နှင့် ခက်အား ဒေါ်သီတာ သဘောတူနေသည်ကို ခက် သိသည်။ သို့သော် ဦးမာန်ထက် အား မိတ်ဆွေတစ်ယောက်ထက် မပို။

Daddy Wife (Completed)Donde viven las historias. Descúbrelo ahora