Part - 27 ( U + Z )

27.8K 1.3K 173
                                    

Unicode

မောင့်မျက်နှာ ခွဲစိတ်ပြုပြင်ပြီးနောက် ဆေးရုံပေါ်တွင် မောင် ဟာ နောက်ထပ် ၃လကြာနေခဲ့ရသည်။ ထိုလများတွင် ဒေါ်ကျော့ကေသီ နှင့် ရှုတိုင်းယဉ် ဟာ ညီအစ်မသဖွယ် ရင်းနှီးလာခဲ့ကြလေသည်။

"ကျေးဇူးတင်ပါတယ် ယဉ် ရယ် မမကျော့ သမီးကိုကယ်တင်ပေးခဲ့တဲ့အတွက်"

"ကျေးဇူးတင်ရမယ့်လူတွေမှမဟုတ်ပဲ မမကျော့ ရယ် ဒါ ယဉ်တို့ရဲ့တာဝန်ပဲလေ မောင် ကလဲ အသက်ရှင်ချင်တဲ့စိတ်ဆန္ဒပြင်းပြနေလို့ အခုလို အောင်မြင်သွားရတာပါ"

"ဘာပဲဖြစ်ဖြစ် မမကျော့ ယဉ့်ကို ကျေးဇူးတင်တယ် မမကျော့ မှာ ဒီသမီးလေးတစ်ယောက်ထဲရှိတော့တာ လွှဲချော်သွားခဲ့ရင် မမကျော့ ရူးရချည်ရဲ့.."

ထို စကားကိုတော့ ဒေါ်ကျော့ကေသီ ဟာ မောင့်ကိုကြည့်ရင်းပြောလာသည်။ မောင် ကတော့ မှန်ရှေ့တွင် သူ၏ မျက်နှာကို သေချာကြည့်နေလေသည် ။

မြမှူးခက် တယုတယ နမ်းရှိုက်ခဲ့သည့် မောင့် ရဲ့ပါးပြင်လေး မြမှူးခက် နမ်းရှိုက်ခဲ့သည့် မောင့် နှာဖူးပြင်လေးဟာ မရှိတော့ပေ။ မောင် ဟာ အမျိုးသားတစ်ယောက် မျက်နှာကို ပြောင်းလဲသွားလေသည် ။

အချိန်အတန်ကြာစိုက်ကြည့်နေရင်း မှန်တွင်ပေါ်နေသော မောင့် မျက်နှာလေးသည် တစ်ဖြေးဖြေးမေးကြောများထောင်ကာ ခက်ထန်လာသည် ။

မော်ဖူးမောင် အနေဖြင့်သွားလျှင် ဦးမာန်ထက် သိလိမ့်မည် ။ ယခုလိုပြောင်းလဲသွားသည့် မောင့် မျက်နှာသည် ထိုးစစ်ဆင်ရန်လွယ်ကူသည် ။ ဒါဟာ ဘုရားသခင်က မောင့် ကို ဒုတိယအကြိမ် အခွင့်အရေး ပေးခြင်းဖြစ်သည်။

တစ်ဆက်ထဲမှာပင် မောင် ဟာ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချမှတ်လိုက်လေသည် ။ မျက်နှာတစ်ခုသာပြောင်းလဲသွားပေမယ့် အသံအိုးသည် ယခုချိန်ထိမိန်းကလေးအသံဖြစ်နေသည် ။

အဆုံးထိ ထိုလမ်းကိုဆက်လျှောက်မည်ဟု မောင် ဆုံးဖြတ်ချက်ချလိုက်လေသည်။ မောင်ဖြစ်သူ လွမ်းမဂ္ဂမောင် အဖြစ် မော်ဖူးမောင် ဆက်လက်ရှင်သန်မည် ။ ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲပြင်ဆင်မည် ။

Daddy Wife (Completed)Where stories live. Discover now