Unicode
"ကိုမာန်ထက် ပြန်လာပြီ"
"ဘာ!!"
"ဒုက္ခပဲ! သူပြောသွားတာ နှစ်ပတ်လောက်ကြာမယ်ဆိုပြီးတော့ အစောကြီးရောက်လာတယ်"
"မောင် ထွက်တွေ့လိုက်မယ်လေ"
"မင်းရူးနေလား!!"
"ဒါဆို ဘယ်လိုလုပ်မလဲ မောင့် ကားကခြံထဲမှာလေ"
"စိတ်ညစ်ပါတယ် မော်ဖူးမောင်! မင်းအခုလို တစ်ဇွတ်ထိုးရောက်လာလို့ဖြစ်တာ"
"မောင် မှားသွားပါတယ် အန်တီရယ်"
"မတတ်နိုင်ဘူး မီးစင်ကြည့်ကရမှာပဲ ဟန်မပြတ်နေ"
"ဟုတ်ကဲ့"
ဦးမာန်ထက် သည် ကားပေါ်မှ ဆင်းကာ အောက်ထပ်တွင် ခက် ကို ရှာနေလေသည် ။ ခြံထဲတွင် ကားတစ်စီးတွေ့ရှိပြီး အပေါ်ထပ်တွင်လည်း စကားပြောသံကြားသောကြောင့် တက်မည်အပြု
"ဦးမာန်ထက် တောင်ပြန်ရောက်လာပြီပဲ"
"ကို .. ကိုလွမ်းမဂ္ဂမောင် ဘယ်လိုဖြစ်ပြီး အိမ်အပေါ်ထပ်ကဆင်းလာတာလဲ"
"ပြန်လာတာ စောလိုက်တာ ကျွန်မကိုပြောတော့ နှစ်ပတ်ဆို"
"ခက်!!!"
"ကျေးဇူးတင်ပါတယ် ဒေါက်တာမြမှူးခက် မအားတဲ့ကြားထဲက အခုလိုကူညီပေးတဲ့အတွက်"
"ရပါတယ် ကျွန်မ on ထားတဲ့ဆေးညွှန်းအတိုင်း သေချာလေးတိုက်ပေးပါ"
"ဟုတ်ကဲ့ ခင်ဗျ .."
မောင်နှင့်ခက် ပြောနေသည့်စကားများကို ဦးမာန်ထက် ဟာ နားမလည်သည့် ပုံစံဖြင့်ကြည့်နေလေသည်။
"ဘာတွေပြောနေကြတာလဲ နောက်ပြီး ကိုလွမ်းမဂ္ဂမောင် ကဘာလို့ အပေါ်ကဆင်းလာတာလဲ"
"ဪ .. ဒီလိုပါ ကျွန်တော့် မာမီ ရုတ်တရက်မူးလဲသွားလို့လေ ကျွန်တော်လဲ ဘယ်ဆရာဝန်နဲ့ပြရမလဲမသိတော့ ဒေါက်တာမြမှူးခက် ကိုအကူအညီလာတောင်းတာပါ အခုတော့အဆင်ပြေသွားပါပြီ ကျေးဇူးတင်ပါတယ် ဒေါက်တာ"
"ရပါတယ်"
"ဒါဖြင့် ကျွန်တော့်ကိုခွင့်ပြုပါဦး"
![](https://img.wattpad.com/cover/350691152-288-k8606.jpg)
VOUS LISEZ
Daddy Wife (Completed)
Roman d'amour"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15.12.2023