Unicode
"အန်တီ ... မောင့် အန်တီ မော်ဖူးမောင်ရဲ့အန်တီ"
နောက်ကျောပေးကာ ဟင်းချက်နေသည့် ခက်ကတော့ ထိုစကားကိုမကြားနိုင်ပေ။ မောင် ဖက်ဖူးသည့် ခက် ၏ ခါးသွယ်သွယ်လေး မောင့်ရဲ့ မေးလေးတင်ခဲ့ဖူးသည့် ခက် ၏ ပုခုံးလေး။ ထိုအမှတ်တရတွေကို မောင် ဟာ ပြန်မြင်ယောင်လာမိသည်။
ကျောပေးထားသည့် ခက်ကတော့ မောင့် ကိုမမြင်ရပေ။ ယခုချိန်ထိ ခက်၏ နောက်ကျောအလှဟာ ထင်ရှားနေဆဲပင် ။
"ဒေါက်တာမြမှူးခက်!"
"အမလေး!!"
~ ခွမ်း!! ~
"အား..!!"
မောင် ၏ ရုတ်တရက်ခေါ်သံကြောင့် ခက် သည် တုန်တက်သွားပြီး လက်ထဲတွင် ကိုင်ထားသည့် ချဉ်ရည်ဟင်း ပန်းကန်မှာ ကျကွဲကာ ခြေထောက်အပူလောင်သွားလေသည်။
"အန်တီ!!"
"အား ... သေပါပြီ!!"
မောင် ဟာ ခက်ကိုပွေ့ချီကာ ဧည့်ခန်းမကြီးထဲသို့ခေါ်သွားလေသည်။
"အား...!! ပူလိုက်တာ!!"
"အန်တီ! .. ခဏလေးနော် မောင် လုပ်ပေးမယ်"
မီးဖိုချောင်ထဲရှိ ရေခဲသေတ္တာ ထဲမှရေခဲများကိုထုတ်ယူကာ ကော်ပုံးထဲသို့ ရေနှင့်ရေခဲရောထည့်၍ ဧည့်ခန်းထဲသို့ ယူ၍ ခက် ၏ ခြေထောက်အား မ ကာ ထိုကော်ပုံးထဲသို့ နှစ်ချလိုက်လေသည်။
"အမလေး ..!! အေးလိုက်တာ!!"
"ခဏလေး ဒီအတိုင်းနေနော် အန်တီ မောင် ဆေးလိမ်းပေးမယ်"
မောင် သည် မီးဖိုချောင်ထဲရှိ ဗီရိုကြီးတစ်ခုပေါ်တွင် တင်ထားသည့် ဆေးအိတ်ကိုချက်ချင်းယူလာလေသည်။ ခက် ဟာ သူ့အပူနှင့်သူဖြစ်နေတာကြောင့် မောင် ဘာပြောလဲ သတိမထားမိပေ။
ကော်ပုံးထဲတွင် ရေခဲရေစိမ်ထားသည့် ခက်၏ ခြေထောက်ကို မကာ အဝတ်ဖြင့်သုတ်ပေးလေသည် ။ ထို့နောက် အသင့်ယူလာသော ဆေးအိတ်ထဲမှ ဆေးဘူးလေးထုတ်ကာ ခက် ၏ ခြေထောက်အား အသာလေးလိမ်းပေးလေသည်။
ထိုအခါမှ ခက် ဟာ အသိပြန်ဝင်လာသည့်ပုံ
"ဟင်.. ကို .. ကိုလွမ်းမဂ္ဂမောင်"
BINABASA MO ANG
Daddy Wife (Completed)
Romance"မောင်မငိုရဘူးနော် နာကျင်စွာမုန်းလိုက်ပါ" Own Creation ။ Starting Date - 24.8.2023 Ending Date - 15.12.2023