Ending ( U + Z )

59.4K 1.7K 566
                                    

Unicode

"အန်တီ .. အန်တီ မောင့်ကိုကြည့်ပါဦး အဲ့လိုကြီးမနေပါနဲ့"

သျှားခက်မာန် ၏ နာရေးကို မောင် ကိုယ်တိုင်စီစဉ်ပေးသည် ။ ယနေ့မနက်တွင်တော့ မောင် အပါအဝင် ဒေါ်ကျော့ကေသီ နှင့် ယဉ် ပါအတူ ခက် ၏ နေအိမ်သို့ရောက်နေလေသည် ။

ကြီးမားသော ဧည့်ခန်းမကြီးရှိ သျှားခက် ၏ နာရေးဓာတ်ပုံလေးရှေ့တွင် သျှားခက် ကြိုက်တတ်သည့် အစားအစာများနှင့် အဝတ်အစားအသစ်တစ်စုံ နှင့်အတူ သျှားခက် သဘောကျသည့် ကစားစရာတစ်ချို့ကို ချထားလေသည် ။

သျှားခက် ၏ နာရေးဓာတ်ပုံလေး ဘေးတွင်တော့ ခက် ဟာ ထိုင်နေသည် ။ ခက် သည် မနေ့ညထဲက ယခုထိ မျက်ရည်တစ်စက် မကျသေးပေ ။ တင်းခံထားသည်ဟုထင်ရသည် ။

"အန်တီ .. ငိုချလိုက်ပါ အန်တီရယ် အဲ့လိုကြီးတင်းမခံထားပါနဲ့ မောင် မကြည့်ရက်ဘူး"

ခက် သည် သျှားခက် ဆုံးသွားသည့် ညထဲက မည်သူနှင့်မှ စကားမပြောပေ။ မောင် သည် ခက် ၏ လက်ဖဝါးနုနုလေးကို အသာကိုင်လိုက်ရင်း ..

"မောင် ရှိပါတယ် အန်တီ .. ငိုချလိုက်ပါနော် အဲ့လိုကြီးမနေပါနဲ့"

ယခင် က ထိုအိမ်ကြီးထဲတွင် ပြေးလွှားဆော့ကစားနေသည့် ကလေးငယ် တစ်ဦး၏ ပုံရိပ် ။ ယခင် က ထိုအိမ်ကြီးထဲတွင် အသံဆာဆာဖြင့် အော်ဟစ်ငိုတတ်သည့် ကလေးတစ်ယောက် ၏ ငိုသံလေးဟာ ထာဝရ တိတ်ဆိတ်သွားလေသည် ။

~ တီ တီ တီ ~

ထိုစဉ် မောင့် ဖုန်းကလေးသည် သူ၏ အိတ်ကပ်ထဲမှ အသံမြည်လာသည် ။ ခက်၏အနားမှ အသာလေးထကာ ဖုန်းကိုင်လိုက်သည်။

"ကျွန်တော် သတင်းကြားပါတယ် ဦးမာန်ထက် လွတ်သွားတယ်ဆိုတာ"

" ... "

"ကျွန်တော် သူ့သား နာရေးမှာပါ"

" ... "

"ဟုတ်ကဲ့ ကျေးဇူးပါ"

ဖုန်းချပြီးသည် နှင့် အနားသို့ ဒေါ်ကျော့ကေသီ ရောက်လာသည် ။

"ဘယ်သူတွေလဲ သား"

"စခန်းကပါ ညက ဦးမာန်ထက် လွတ်သွားတဲ့ကိစ္စရော အခုသူ့ကို ဝရမ်းထုတ်လိုက်ပြီတဲ့"

Daddy Wife (Completed)Donde viven las historias. Descúbrelo ahora