Part - 25 ( U + Z )

27K 1.2K 40
                                    

Unicode

"ငါထင်သလို မဖြစ်ပါစေနဲ့ မာန်ထက် သာ မောင့်ကိုသတ်လိုက်တယ်ဆိုရင် .. ဟင့်အင်း! ငါအတွေးလွန်နေတာဖြစ်မှာပါ"

ရဲသွေးမောင် ဆုံးသွားပြီဖြစ်ကြောင်း နှစ်ဖက်မိဘများ အကြောင်းကြားပြီးနောက် ကျော့ကေသီ မိဘတွေ ရန်ကုန်သို့ ရောက်လာကြလေသည်။ ရဲသွေးမောင် မိဘများကတော့ ခရီးဝေးကနေလာရမည် ဖြစ်သောကြောင့် တစ်ရက်ခန့်ကြာဦးမည်။

ရဲသွေးမောင် ၏ အမှုဟာလူသတ်မှုဖြစ်သောကြောင့် ရဲများစုံစမ်းစစ်ဆေးလေသည် ။ မာန်ထက် ဟာသိပ်တော်သည့် လူတစ်ယောက်ပင် ခြေရာလက်ရာ အကုန်ဖျောက်ထားသူတစ်ယောက်ဖြစ်သည် ။

ရဲတွေ ဘယ်လိုပင်စုံစမ်းစစ်ဆေးပါစေ သက်သေမရှိသည့်အတွက် ဖော်ထုတ်လို့မရပေ။ ရဲသွေးမောင် ၏ ဦးခေါင်းသို့ဖောက်ဝင်သွားသော ကျည်ဆံ သည် ပြည်တွင်းတွင်စုံစမ်းလို့မရသောကြောင့် ပို၍ခက်ခဲလေသည်။

ရဲသွေးမောင် ၏ ရက်လည် ပြီးသွားသည့်တိုင် ကျော့ကေသီ သည် မာန်ထက်အား စောင့်ကြည့်ခဲ့သည် ။ ကျော့ကေသီ အနားသို့သိသိသာသာကပ်လာခဲ့သည် ။ ဒီကြားထဲတွင် ကျော့ကေသီသည် အလွတ်စုံထောက်တစ်ဦးနှင့် တိတ်တဆိတ်စုံစမ်းခဲ့လေသည် ။

ခင်ပွန်းဖြစ်သူ၏ လူသတ်မှု ကို ကျော့ကေသီ မရရအောင် စုံစမ်းမည်ဟုဆုံးဖြတ်ထားသည် ။ ရဲသွေးမောင် ဆုံးသွားသည့်နောက်ပိုင်း မြစိမ်းရောင် ဆောက်လုပ်ရေးလုပ်ငန်းသည် မာန်ထက်၏ လက်အောက်သို့ တစ်ဖြေးဖြေးရောက်လာခဲ့သည်။

အိမ်ထောင်ကျပြီးသည်နှင့် ကျော့ကေသီဟာ အိမ်ထောင်ရှင်မတစ်ဦးအဖြစ်နေထိုင်လာခဲ့ပြီး ဆောက်လုပ်ရေးနှင့်ပက်သက်သည့်လုပ်ငန်းများကို အတွင်းကျကျမသိရပေ။ လုပ်ငန်းနှင့်ပက်သက်သည်ကိုလည်း ရဲသွေးမောင် မှ မပြောပြခဲ့။

ထိုအရာသည်ကား မာန်ထက် ၏ အခွင့်အရေးတစ်ခုဖြစ်လာခဲ့သည် ။ ကျော့ကေသီ ဟာ အလွတ်စုံထောက်တစ်ဦးနှင့် ရဲသွေးမောင် ၏လူသတ်မှုအားစုံစမ်းခိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ အဖြစ်မှန်ကိုသိခဲ့ရလေသည် ။

ရဲသွေးမောင် ၏ မိဘတွေသည် ရက်လည်ပြီးသည်နှင့် အမေရိကားကိုပြန်သွားကြပြီး ကျော့ကေသီ၏ မိဘတွေသည် ရန်ကုန်တွင် ကျန်ခဲ့လေသည်။

Daddy Wife (Completed)Where stories live. Discover now