Part - 1 ( U + Z )

176K 3.2K 286
                                    

Unicode

~ ရင်ခုန်သံမင်းနားကြပ်ကလေးနဲ့ နားထောင်ပါဦး
ဆေးကျောင်းသား မောင့်ရဲ့အချစ်ရေ မောင့်လာကုပေး ~

"နေပါဦး ငါ့အချစ်က ဆေးကျောင်းသူမှမဟုတ်တာ ဆရာဝန်ပဲ ဘာသီချင်းပြောင်းဆိုရမလဲ .. "

မှန်ရှေ့တွင် မောင့်ဆေးကျောင်းသူ သီချင်းဆိုနေသည့် မော်ဖူးမောင် ဟာ ဆရာဝန်သီချင်းပြောင်းဆိုရန် ခါးတစ်ဖက်ထောက်၍ မေးစေ့အားလက်ဖြင့်ပွတ်ကာ ဆရာဝန် သီချင်းကို အတော်လေး စဉ်းစားနေသည့် ပုံ

~ ဒုန်း! ဒုန်း! ဒုန်း! ~

"ဟဲ့ကောင်! မော်ဖူးမောင်!! မင်း မထသေးသေးဘူးလား နာရီကိုကြည့်ကွ! နေဖင်ထိုးနေပြီ! တစ်အိမ်လုံးမှာ မင်းအသာယာဆုံး! ဘယ်နှယ့်ကွာ! ဖအေ က ကုမ္မဏီ မှာအလုပ်လုပ်နေရတယ်! သမီးလုပ်သူက အိမ်မှာအေးအေးဆေးဆေး လက်ယားလက်ယားနဲ့ ကူညီမယ်ဆိုတာ မရှိဘူး!!"

မောင် နှင့် ဖခင်ဖြစ်သူ ဦးမာန်ထက် တို့သည့် မနက်မိုးလင်းတိုင်း ထိုကဲ့သို့ စကားများနေကြခြင်းပင် ။ ဘွဲ့ရတာမကြာသေးသည့် မောင် ကတော့ အလုပ်ထဲမဝင်သေးပဲ အပြင်သွားရင်သွား မသွားရင် အိမ်ထဲတွင်သာ ဂိမ်းဆော့လေ့ရှိသည် ။

ဖခင်ဖြစ်သူ ဦးမာန်ထက် ကတော့ မောင့် ကို ကုမ္မဏီမှာ အလုပ်အတည်တစ်ကျဝင်လုပ်စေချင်သည် ။ ဆက်ခံသူဟာ မော်ဖူးမောင် တစ်ယောက်ပဲ ရှိတာကိုး။

အခန်းတံခါးကို အဆက်မပြတ်ထုနေသော ဖခင်ဖြစ်သူကြောင့် တံခါးအားအလျှင်အမြန်ဖွင့်လိုက်လေသည် ။

"ဒယ်ဒီကလဲဗျာ မနက်တိုင်းပွါးတယ် မောင် နိုးနေတာကြာပါပြီ စဉ်းစားနေတာ"

"အောင်မာ! ကြီးကြီးကျယ်ကျယ်! မင်းကဘာတွေများ စဉ်းစားနေတာလဲ ပြောစမ်းပါဦး"

"သီချင်းတွေထဲမှာ ဆရာဝန်သီချင်း ဘာသီချင်းများရှိမလဲလို့"

"ဟာ!! ဒီကောင်ကတော့ တောက်!!"

ဦးမာန်ထက်၏ ကြိမ်းဝါးသံကြောင့် မောင် သည် အိမ်ထဲမှပြေးထွက်သွားပြီး သူ၏ ကားကို မောင်းကာ ချစ်ရသူ အမျိုးသမီးလေး ရှိသည့် Shangrila Hotel ကြီးသို့ မောင်းနှင်လေသည် ။

Daddy Wife (Completed)Donde viven las historias. Descúbrelo ahora