BOD { 2 }

387 44 7
                                    

" လူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ "

" ဒါဆို..."

" အင်း ဟုတ်တယ် ။ အဲဒီ့ကလေးက ငါ့ကိုမေ့သွားပြီ "

ကြောက်စရာကောင်းလောက်အောင်အေးစက်နေပေမဲ့ အနည်းငယ်လဲ ဝမ်းနည်းစရာကောင်းနေတဲ့စကားလုံးများနဲ့ ပုံပြင်လေး။
နံရံခြေမှာ ခြေဆင်းထိုင်နေသူရဲ့ အနီရောင်သွေးကြောဗရပွနဲ့မျက်ဝန်းခဲရင့်ရောင်တွေထဲ အငယ်စူးစမ်းကြည့်မိတော့ နာကျင်ခြင်းဝေဒနာတွေက ဖိတ်လျှံထွက်နေသလိုမျိုး။

" သူက ငါ့ကို လုံးဝမမှတ်မိတော့ဘူး "

အခိုက်အတန့်တစ်ခုကြာမှ ထပ်ပြီးထွက်လာတဲ့ လေသံအက်ကွဲကွဲမှာ အနားသတ်တွေကတုန်ခါနေသလို။
အငယ်က ခရမ်းရောင်သွေးကြောတွေနဲ့ပြည့်နက်နေတဲ့ သွေးပျက်စရာမျက်နှာကို ဘေးတိုက်ငေးနေရင်းကနေ ရင်ထဲကသိချင်စိတ်တွေနဲ့အတူ ထပ်ပြီး

" ခင်များ သူ့ကို သိပ်ချစ်တာပဲလားဟင် "

" အင်း ငါ့ဘဝ၊ငါ့အသက်ထက်ပိုပြီးတောင် သူ့ကိုပဲ "

" သူကရော..."

" သိပ်မုန်းသွားခဲ့မှာပေါ့ ငါ့..ကို..လေ.."

ရုတ်တရက်ကြီး ရေခဲတောင်အရည်ပျော်ကျသလိုမျိုး အေးစက်တောင့်ခဲစွာနဲ့ တစ်လုံးချင်းထွက်ပေါ်လာတဲ့ အဖြေစကား။
သူ့ကိုလှည့်မကြည့်ဘဲပြောလာတာတောင် အငယ့်ရဲ့ ခန္ဓာကိုယ်အပေါ်ယံကမွေးညင်းနုလေးတွေပါ ထောင်ထသွားတဲ့အထိကြောက်ရွံ့သွားကာ ဒူးပိုက်ထိုင်ထားမိတဲ့ကိုယ်လုံးလေးကို ဘေးအနည်းငယ်တိုးကပ်သွားလိုက်ရင်း

" အာ့..အာ့ဆို အခု သူ..သူကရော ဘယ်ရောက်..."

စကားမဆုံးခင်မှာပဲ ဆတ်ခနဲလှည့်လာတဲ့ ဦးခေါင်းကြီးကြောင့် အငယ့်ရဲ့အမေးစကားဟာ တိခနဲဆိုသလိုရပ်တန့်သွားကာ မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာ ကြောက်ရွံ့ခြင်းအရိပ်အယောင်များ ဝုန်းခနဲ။
ရုတ်တရက်ကြီး မီးတောက်မတတ်နီရဲလာတဲ့မျက်ဝန်းတွေကို ငေးကြောင်ကြည့်နေမိရင်းက နှလုံးအိမ်တစ်ခုလုံး တုန်လှုပ်ခြင်းတွေနဲ့ ပြည့်နက်လာတယ်။ နောက်ဆုံး ပျော့ညံ့နေတဲ့စိတ်ကိုဖုံးကွယ်ရင်း မျက်တောင်ရှည်ကော့ကော့တွေကိုတဖျတ်ဖျတ်ခတ်လို့ အားနာနေတဲ့လေသံဖျဖျနဲ့

Bridegroom of ✝ DEMON ✝Место, где живут истории. Откройте их для себя