✝
ချစ်ခြင်းမေတ္တာတွေဟာ တန်ဖိုးကြီးလွန်းတယ်။
အထူးသဖြင့် ကိုယ်မရနိုင်တဲ့အခါ အဲဒီ့ချစ်ခြင်းမေတ္တာတွေရဲ့တန်ဖိုးက ဟိုးကောင်းကင်ထက်က တစ်ခါတစ်ရံမှမြင်တွေ့ရတတ်တဲ့ ရှားပါးတဲ့သက်တန့်တစ်စင်းလိုပဲ။
အကွာအဝေးက ကိုယ်တို့လက်လှမ်းလို့မမှီနိုင်တော့ဘူး။>>>>>>>>>>>>>>
လွန်ခဲ့သော ၂၉ နှစ်ခန့်က>>
" အူဝဲ!!!!!"
" မွေးပြီဟေ့ မွေးပြီ မွေးပြီ ။ ကလေးက ဝဝတုတ်တုတ် ဖြူဖြူဖွေးဖွေးကြီးနဲ့ ယောက်ျားလေးတော် "
ဘုတ်!...
" ဟင် "
ဆရာဝန်အမျိုးသမီးကြီးဟာ ဘေးနားက သူနာပြုမလေးလက်ထဲရှိကလေးကို လှည့်ကြည့်ပြီး ရေရွတ်မိချိန် အနှီးထုတ်ထဲက ကလေးဆီ လှမ်းနေတဲ့လက်တစ်ဖက်ဟာ အိပ်ရာပေါ်လျှောခနဲပြုတ်ကျသွားတယ်။ တစ်ဆက်တည်းမှာဆိုသလို အနားရှိ အမျိုးသမီးငယ်တွေရဲ့မျက်နှာတွေကလဲ ကွက်ခနဲပျက်သွားချိန်မှာပဲ
ကလင်!.!!!....ကလင်!!!...ကလင်!!!...
ဧည့်ခန်းကျယ်ကြီးအတွင်းမှာ ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ ဖုန်းသံက နတ်ဆိုးကိုခေါ်ဆောင်လာတဲ့ ညငှက်ခေါ်သံတစ်ခုအလား။
" ဟဲ့ ညိုညို။ သခင်ကြီးဆက်တာလားမသိဘူး ။ ဖုန်း အမြန်ပြေးကိုင်ကြည့်စမ်း "
မွေးကင်းစ ကလေးနီတာရဲလေးနံဘေးနားမှာ ဝိုင်းအုံနေကြတဲ့အမျိုးသမီးတွေထဲမှ အသက်အကြီးဆုံးအမျိုးသမီးကြီးရဲ့ စကားအဆုံး
" ဟုတ် ဟုတ်ကဲ့ မေကြီး "
ဆိုပြီး အပြေးလေးထွက်သွားတဲ့ အခန်းထောင့်အစွန်ဆုံးမှ အစေခံဝတ်စုံလေးနဲ့ ၁၁နှစ်အရွယ် အမျိုးသမီးငယ်လေး။
သိပ်မကြာပါဘူး ။ အဲဒီ့အမျိုးသမီးငယ်လေးက သူမထွက်သွားခဲ့တဲ့အခန်းတံခါးဝဆီ အပြေးအလွှားပြန်ရောက်လာတယ်။ ဒါပေမဲ့ ပြန်ရောက်လာတဲ့ သူမရဲ့မျက်နှာမှာတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းအရိပ်အယောင်တွေကပြည့်နက်နေပြီး နှုတ်ခမ်းပါးတွေက တဆတ်ဆတ်တုန်ယင်နေရှာတယ်။" မေ....မေကြီး...အင့်... "
ခေါ်သံအဆုံးမှာ မထိန်းနိုင်ဘဲ ထွက်ကျလာတဲ့ ရှိုက်သံတိုးတိုးလေး။
YOU ARE READING
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။