✝၂၀၀၅ ခုနှစ် မတ် ၅ ရက်
စနေနေ့ ။" ဟင့်.."
ပန်းခွေအလယ်က ဓာတ်ပုံကိုကြည့်ရင်း အသံထွက်တဲ့အထိ ငိုရှိုက်နေတဲ့ အစေခံကောင်မလေးတစ်ယောက်။
ယနေ့ဟာ 'အေးမြရိပ်မြုံ ' စံအိမ်တော်ကြီးမှာ အိမ်တော်ထိန်းအဖြစ် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သော အမျိုးသမီးကြီးရဲ့ စျာပနနေ့ပင်။
အဲဒါကြောင့် အိမ်တော်အတွင်းရှိလူအားလုံးတိုင်းဟာ အနက်ရောင်ဝတ်စုံတွေနဲ့ပဲဖြစ်နေတယ်။" အင့်...မေကြီးရယ် "
နံရံထောင့်ခြေတစ်ခုမှာ ကုပ်ကုပ်လေးထိုင်ရင်း ငိုနေတဲ့ကောင်မလေး ။ ခဏကြာတော့ အဲဒီ့ကောင်မလေးရှေ့ရပ်တန့်သွားတဲ့ ခြေအိတ်ဖြူဝတ်ထားတဲ့ ခြေထောက်လေးတစ်စုံ။ ငိုနေတဲ့ကောင်မလေးက ခေါင်းကိုမော့ကြည့်တဲ့အခါ မြင်လိုက်ရတဲ့မျက်နှာအေးစက်စက်လေးထံမှ
" မငိုနဲ့ ။ ကျက်သရေမရှိဘူး "
အဲဒီ့အခါ တိခနဲတိတ်ကျသွားတဲ့ ကောင်မလေးရဲ့ရှိုက်သံတွေ။ ပြီးတော့ အံ့ဩကြောက်လန့်စွာပြူးကျယ်ဝိုင်းစက်နေတဲ့မျက်လုံးများ။ ခဏကြာတော့ ခြေအိတ်ဖြူဝတ်ထားတဲ့ခြေထောက် ၊ တစ်နည်းအားဖြင့် အရွယ်မရောက်သေးတဲ့ မကြီးမသေး ခြေထောက်ကလေးတစ်စုံဟာ အနားကနေ တရွေ့ရွေ့ထွက်ခွာသွားတယ်။
၁၀ နှစ်သားအရွယ် ကလေးတစ်ယောက်ရဲ့ကျောပြင်သေးသေးလေးကို ငေးကြည့်နေမိတုန်းမှာပဲ အဲဒီ့အစေခံကောင်မလေးအနားကို လွင့်ကျလာတဲ့ တစ်သျှူးအပိုင်းအစလေးတစ်ခု။
အနှီအခိုက် အစေခံကောင်မလေးရဲ့မျက်ဝန်းမှာ ရေကြည်ရောင်မျက်ရည်များ ပြည့်နက်လို့သွားခဲ့တယ်။">>>>>>>>>>>>>>>>
၂၀၀၆ ခုနှစ် မတ် ၁၁ရက်
စနေနေ့။ခွမ်း!!
" အသစ်ပြင်ပေး "
" တောင်းပန်ပါတယ်...တောင်းပန်ပါတယ် ။ နောက်တစ်ခါမဖြစ်စေရပါဘူး ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါသခင်လေးရယ်။ နောက်...နောက်တစ်ခါဒီလိုမျိုး..."
ကြမ်းပြင်ပေါ်က ပန်းကန်အကွဲ အပိုင်းအစတွေကိုကြည့်ရင်း လျှင်လျှင်မြန်မြန်ပဲ ဒူးထောက် အသနားခံကုန်ကြတဲ့အစေခံတွေဆီ အကြည့်တစ်ချက်မှမပို့ဘဲ စားပွဲမှထရပ်လိုက်တဲ့ ကောင်လေး။ ဒီလိုဖြစ်စေတဲ့တရားခံကတော့ သေချာသပ်သပ်ရပ်ရပ်နဲ့ဂရုစိုက်ပေးနေတဲ့ကြားကနေ ဘယ်လိုကဘယ်လိုပါသွားမှန်းမသိတဲ့ ဆံပင်မျှင်တစ်မွေးပါပဲ။
STAI LEGGENDO
Bridegroom of ✝ DEMON ✝
Storie d'amoreလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။