✝
" ကိုယ်ကတော့ သဲငယ်ကို ရူးမတတ် လွမ်းနေခဲ့တာ သိရဲ့လား "
သိပ်ကိုနူးညံ့လွန်းတဲ့လေသံနဲ့အဲဒီ့မျက်ဝန်းပြာပိုင်ရှင်က ပုံရိပ်ယောင်တစ်ခုလို ကိုယ်ထည်မရှိတဲ့ ပါးလှပ်လှပ်ဖြစ်တည်မှုကိုဖြတ်ကျော်ကာ ကြမ်းပြင်ပေါ် ခွေခွေကလေးလဲနေတဲ့ကောင်လေးထံ ပုံမှန်ခြေလှမ်းတွေနဲ့ လျှောက်သွားပြီးနောက် ဒူးတစ်ဖက်ထောက်ထိုင်လို့
" သဲငယ်.."
" ဟင့်..ကိုကို..."
" အများကြီး နာကျင်နေလားဟင် ကလေးလေး "
" ဟင့်အင်း...ဟင့်အင်း မနာဘူး သဲငယ် နည်းနည်းလေးတောင်မနာပါဘူး ကိုကို"
အားနည်းပြီး မှိန်ဖျော့နေတဲ့ခန္ဓာကိုယ်အလင်းရောင်နဲ့ဖြစ်နေတာတောင် သွေးဆုတ်ဖြူရော်နေတဲ့နှုတ်ခမ်းလေးတွေနဲ့ အစွမ်းကုန်ပြုံးပြရင်း လဲနေရာကငုတ်တုတ်ထထိုင်ဖို့ကြိုးစားနေတဲ့ကောင်လေးဟာ တကယ်ကို အရူးလေးလိုမျိုး။
" သဲငယ် "
" ဗျာ "
" ကိုယ့်ကို ချစ်လား "
" ...."
ဘာတွေဖြစ်နေလို့ဖြစ်နေမှန်းမသိတဲ့ အရှုပ်အထွေးတွေကြား မထင်မှတ်ဘဲကြားလိုက်ရတဲ့ ကိုကို့စကားကြောင့် အငယ် ကိုကို့ကိုကျော်ကာ အနောက်ကလူကြီးကို လှမ်းကြည့်မိသွားတယ်။ အဲဒီ့အခိုက်အတန့်လေးမှာပဲ အငယ့်ရဲ့ရင်ဘတ်ထဲမှာ ကြိုးအပိုင်းအစတွေပြတ်ထွက်သွားသလိုမျိုး ခံစားလိုက်ရကာ ခေါင်းတစ်ခုလုံးမူးဝေလို့သွားရတယ်။
ထူးဆန်းလိုက်တာ!
လူကြီးက ကြောက်စရာကောင်းလောက်အောင် ဒေါသထွက်နေတာပဲ!
ပြီးတော့ အကြည့်ရဲရဲတွေက ကိုကို့ဆီမှာ..." သဲငယ်.."
" ဗျ...ဗျာ "
ခဏလေးသတိလွတ်သွားတဲ့အငယ်က ကိုကို့ရဲ့ နောက်တစ်ကြိမ်ခေါ်တဲ့ ခပ်ဆတ်ဆတ်အသံကိုကြားမှ အကြည့်တွေကို စူးရှအရောင်လက်နေတဲ့အပြာရောင်ရေအိုင်ငယ်ဆီပြန်ပို့ရင်း
" ချစ်တယ် ။ ကိုကို့ကို အငယ် အရမ်းချစ်တယ် "
ပြုံးနေပေမဲ့ အနည်းငယ်စိတ်ရှုပ်နေပုံရတဲ့မျက်နှာကို စေ့စေ့ကြည့်လို့ အငယ် အရိုးသားဆုံးဝန်ခံလိုက်မိတယ်။ အဲဒီ့အခါ ယောင်ယောင်လေးကော့တက်သွားတဲ့ နှုတ်ခမ်းစွန်းတစ်ဖက်နဲ့အတူ ကိုကိုက အငယ့်မျက်ဝန်းတွေကို သေချာစူးစိုက်ကြည့်လာရင်း
ESTÁS LEYENDO
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။