✝ Bridegroom of Demon ✝
တစ်ခါတုန်းက ရေခဲတောင်တွေပတ်လည်ခြံရံနေတဲ့ တိုင်းပြည်တစ်ခုမှာ နတ်ဆိုးတစ်ကောင်ဟာ နေထိုင်တယ်။
သူဟာ သိပ်ကိုချောမောလှပပေမဲ့ ဘယ်သူကမှ သူ့ကိုသဘောမကျကြဘူး။ သူ့ကိုကြောက်စရာတစ်ခုလို့ပဲ တစ်လောကလုံးက သတ်မှတ်ထားကြတာမို့ နတ်ဆိုးရဲ့အထီးကျန်မှုတွေဟာ စကြဝဠာတစ်ခုစာလောက် ကြီးမားလို့လာခဲ့တယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ နတ်ဆိုးရဲ့နန်းတော်တံခါးဝကို အဖြူရောင်ဆံပင်အရှည်ကြီးနဲ့ လူသားလေးတစ်ယောက် လမ်းမှားပြီးဝင်ရောက်လာခဲ့တယ်။ ထူးဆန်းတာက အဲဒီ့ကလေးရဲ့ ရင်ဘတ်နေရာမှာ အပေါက်ကြီးတစ်ခုရှိလို့နေတယ်။
နတ်ဆိုးကတွေ့သွားတဲ့အခါ သူ့ရဲ့အစွယ်တွေနဲ့ အဲဒီ့လူသားလေးကို ကိုက်သတ်ပစ်ဖို့ကြိုးစားပေမဲ့ သူ့ကိုကျီစယ်တယ်လို့ပဲထင်သွားတဲ့ လူသားလေးဟာ သွားကျိုးလေးတွေပေါ်ပြီး မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ ရယ်ပြလို့ တစ်ခွန်းပဲမေးလိုက်တာက" ကိုကိုလှလှလေးက သားနဲ့အတူဆော့ပေးမယ်မလားဟင် "တဲ့။
ဘယ်သူက သိမှာလဲ။
တစ်လောကလုံးမှာ သူ့ကို ကြောက်စရာလို့မမြင်ဘဲ သာမန်လူလိုမျိုးဆက်ဆံပေးလာတဲ့ ပထမဆုံးသူဟာ အနှီရင်ဘတ်အပေါက်နဲ့ ကလေးသေးသေးလေးတစ်ယောက်ဖြစ်နေမယ်ဆိုတာ ။
နတ်ဆိုးကိုယ်တိုင်တောင် မယုံနိုင်ခဲ့ပါ။
နတ်ဆိုးသိပ်မုန်းတဲ့ အဖြူရောင်တွေဟာ အဲဒီ့အခိုက်အတန့်လေးမှာတော့ သိပ်ကိုချစ်စရာကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ ယုံကြည်ဖို့မထိုက်တန်လောက်အောင် အားနည်းလွန်းတဲ့ လူသားကလေးငယ်ဟာ လောကကြီးမှာပျောက်ဆုံးနေခဲ့တဲ့ နတ်ဆိုးရဲ့အပြုံးတွေကို ရှာဖွေပေးနိုင်ခဲ့သလိုပဲ
ကမ္ဘာကြီးကိုမီးလောင်ပြာချမဲ့ နတ်ဆိုးရဲ့အမျက်ဒေါသတွေကိုလဲ မထင်မှတ်ဘဲ တူးဖော်မိသွားခဲ့တယ်။အဲ့လိုပဲ နတ်ဆိုးကလဲ လူသားကလေးငယ်ရဲ့ရင်ဘတ်အပေါက်ကို သူ့ရဲ့နှလုံးသွေးနဲ့ဖြည့်တင်းပေးရင်း အကောင်းပကတိဖြစ်တဲ့အထိ ကုသပေးခဲ့သလို လူသားကလေးငယ်ရဲ့ လိုအင်ဆန္ဒမှန်သမျှ အရာအားလုံးကိုလဲ ဖြည်းဆည်းပေးရင်း တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်မှီခိုပြီး နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ၁၀၀ ကျော် ကြာသွားခဲ့ပြီ။
BINABASA MO ANG
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။