✝
" သေရဲ၊တိုက်ရဲ၊သတ်ရဲတဲ့စစ်သူကြီးတစ်ယောက်ဖြစ်နေရင်တောင် သူကအချစ်ကိုတော့ကြောက်တယ်တဲ့။ အဲဒါဘာကြောင့်လို့ မင်းထင်သလဲ "
" ဟင့်အင် ။ အငယ် မသိဘူး ။ ဘာလို့လဲဟင် "
" မသေရဲ၊မတိုက်ရဲ၊ မသတ်ရဲတော့မှာ ကြောက်လို့တဲ့လေ "
တလှုပ်လှုပ်ဖြစ်နေတဲ့အငယ့်နှုတ်ခမ်းလေးတွေ ဆတ်ခနဲတုန်ခါသွားတယ်။ ဆွေးမြေ့ညှိုးရော်နေတဲ့ မျက်ဝန်းတွေနဲ့ တစ်နေရာကိုစိုက်ကြည့်နေတဲ့ အဲဒီ့လူကြီးရဲ့စကားလုံးတွေကို သေချာအပြည့်အဝတော့နားမလည်သေးပေမဲ့ ထပ်မေးဖို့ရန်တော့ ဆန္ဒမရှိ။
" ဒီလောကကြီးမှာ အနာကျင်ရဆုံးအခိုက်အတန့်ဆိုတာ ...."
အငယ် တိတ်တိတ်ကလေးပဲငြိမ်နေမိရင်း ဘေးနားကလူကြီးကိုသာ ငေးမောနေမိပါတယ်။ ထူးဆန်းတာက ရက်တွေကြာသွားလို့လားမသိ။ ခန္ဓာကိုယ်တစ်ခုလုံး သွေးရောင်တွေနဲ့ပြည့်နက်နေတဲ့ အဲဒီ့လူကြီးကို အငယ် မကြောက်တော့သလိုခံစားရတယ်။ ပြီးတော့ အကျည်းတန်နေတာတောင် နာကျင်ပြီးဝမ်းနည်းဖို့ကောင်းတဲ့ သူ့ရဲ့စကားလုံးတွေ
" တကယ်တော့ ချစ်ရသူရဲ့မှတ်ဉာဏ်ထဲကနေ ကိုယ်ပျောက်ဆုံးသွားတဲ့စက္ကန့်အပိုင်းအခြားပါပဲ "
" ..."
" အဲဒီ့တုန်းက အသည်းနှလုံးတစ်ခုလုံး ကြေမွလုမတတ် ခံစားခဲ့ရတယ်"
အနားသတ်တိုးဖျော့သွားတဲ့စကားသံနောက်မှာ အငယ့်ရဲ့လက်ကလေး သူ့ရဲ့ပခုံးပေါ် ရောက်ရှိသွားတယ်။ ပြီးတော့ ဝမ်းနည်းနေသူကိုချော့မြူသလိုမျိုး ခပ်ဖွဖွပုတ်ပေးရင်း
" ခင်များ အများကြီးပင်ပန်းခဲ့တာပဲ။ ဒါပေမဲ့ လောကကြီးက တကယ်မရက်စက်တတ်ပါဘူးဗျ။ ပြောမရဘူးလေ ။ တစ်နေ့ကျရင် သူ့မှတ်ဉာဏ်ထဲမှာ ခင်များကိုပဲတစ်သက်လုံးသိမ်းဆည်းပေမဲ့ လူတစ်ယောက်က ပေါ်လာချင်ပေါ်လာမှာပေါ့။ အဲဒီ့အခါ အများကြီးဝမ်းနည်းခဲ့ရတဲ့ခင်များကို သူကအများကြီးပျော်ရွှင်အောင် လုပ်ပေးမယ်ထင်တယ် အ့..."
နှစ်သိမ့်ပေးနေရင်း ရုတ်တရက်ကြီး ရင်ဘတ်ထဲကတင်းကြပ်လာတာမို့ အငယ့်ရဲ့စကားတွေ ရှေ့မဆက်နိုင်တော့သလို ရင်ဘတ်နေရာကိုဖိလိုက်မိတယ်။
YOU ARE READING
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။