BOD { 8 }

96 8 0
                                    

၂၀၀၉ ခုနှစ် မေလ ၉ရက်
စနေနေ့။

" ပတိရေ မွမွ "

" အွင်း လိမ္မာတယ်။ ညနေကျ ကလေးလေးကြိုက်တဲ့ ဒူးရင်းသီးဝယ်ထားပေးမယ် သိလား "

" ဟီး ဟုတ်တဲ့ ။ ပတိရေ ဘိုင့်ဘိုင် "

" ဂရုစိုက်သွား ။ ပြီးရင် ပတိဆီပဲပြန်လာခဲ့ရင် ရပြီ "

" မွ "

ပါးဖောင်းဖောင်းလေးထဲ နစ်ဝင်တဲ့အထိ နမ်းရှိုက်ပြီး မှာနေတဲ့ သခင်လေးရဲ့စကားကို ၄နှစ်အရွယ်ကလေးသေးသေးလေးကတော့ နားလည်မှာမဟုတ်။
ဒါပေမဲ့လဲ သူ့ကို နမ်းရှိုက်ပြီး ဖွဖွလေးပွေ့ဖက်လိုက်တဲ့ခန္ဓာကိုယ်ကြီးရဲ့ ပခုံးတစ်ဖက်ကို မမှီမကမ်းလှမ်းဖက်တွယ်လို့ နှုတ်ခမ်းသေးသေးလေးနဲ့

" အိုတေ အိုတေ ပတိဆီပဲ ပြန်လာမှာပါဂျ ။ တားပြန်လာရင် ဒူးညင်းသီးတူတူစားရအောင် ပတိကစောင့်နေနော် "

" အွင်း ကတိ "

" ဟုတ်တဲ့ ကတိ "

နှုတ်ဆက်ပြီးတာနဲ့ သူ့ရဲ့ကျောပိုးအိတ်သေးသေးလေးကို လွယ်လို့ မကြာခင်ကပဲအသစ်ခန့်ထားတဲ့ ဒရိုက်ဘာဦးမောင်မောင်ရဲ့လက်ကိုဆွဲကာ ကားပေါ်တက်သွားတဲ့ကလေးလေး။ ဖြည်းဖြည်းချင်းဘီးလှိမ့်ထွက်သွားတဲ့ ကားလေးကို မျက်စိတစ်ဆုံးငေးကြည့်နေပြီး မြင်ကွင်းရှေ့က လုံးလုံးပျောက်ကွယ်သွားတော့မှ တောက်လျှောက်ပြုံးနေခဲ့တဲ့နှုတ်ခမ်းတွေဟာ မျဥ်းဖြောင့်တွေလိုမျိုး တန်းဖြောင့်သွားတယ်။ အဲဒီ့နောက်

" ညိုညို အဲဒီ့ဒရိုက်ဘာက စိတ်ချရတယ်ဆိုတာ သေချာလား "

"  ဟုတ်ကဲ့ သေချာပါတယ် သခင်လေး ။ သူ့မှာ သိပ်ချစ်ပြီး အထိအခိုက်သေးသေးလေးတောင်မခံနိုင်တဲ့သားလေးတစ်ယောက်လဲရှိတာမို့ ကလေးလေးကို အဝေးမှာထားခဲ့တဲ့သူ့ကလေးလိုမျိုး ဂရုစိုက်ပေးမှာ သေချာပါတယ်။ နောက်ပြီး သူ့မိသားစုကိုလဲ အလုံအလောက်ထောက်ပံ့ပေးထားတာမို့ သေချာပေါက်သခင်လေးအပေါ် အမှားကျူးလွန်မှာမဟုတ်ပါဘူး ။ သခင်လေး အများကြီးစိတ်မပူပါနဲ့ "

ညိုညို့ရဲ့အာမခံစကားလုံးတွေဟာ အေးစက်စက်မျက်ဝန်းအိမ်ထဲက ခဲရင့်ရောင်မျက်ဆန်တွေရဲ့ စိုးရိမ်မှုတွေကိုတော့ ချေဖျက်မပေးနိုင်ခဲ့ပါ။
သံသယတွေများလွန်းတဲ့သခင်လေးအတွက် ဒီလောကကြီးမှာ ယုံကြည်စရာဟာ သူမတစ်ဦးတည်းသာရှိတာမလား။

Bridegroom of ✝ DEMON ✝Where stories live. Discover now