✝
ကြောက်ရွံ့တုန်လှုပ်တတ်မှုရဲ့သက်တမ်းဟာ ဘယ်လောက်များ များသလဲ။
သူ့ရဲ့ဆိုးဝါးတဲ့ပုံရိပ်ကိုမြင်ပြီးနောက်မှာ ကလေးလေးဆီက တစ်လလောက် သူဟာနေစရာပျောက်နေခဲ့ရပါတယ်။သူအနားကိုရောက်လာတိုင်း တွန့်ဆုတ်သွားတဲ့ခန္ဓာကိုယ်လေး
သူ လက်ကလေးလှမ်းမိတိုင်းမှာ တုန်လှုပ်နေတတ်တဲ့ မျက်ဝန်းအိအိလေးတွေ။
ပြီးတော့ တစ်ခါတလေ သူမတွေ့အောင်ပုန်းနေတတ်တဲ့ အမူအကျင့်လေးတွေ။ငရဲဆိုတာ ပူလောင်ခြင်းလို့ စာတွေထဲမှာဖတ်ဖူးပေမဲ့ လက်တွေ့မှာတော့ ကလေးလေးဆီကအစွန့်ပစ်ခံလိုက်ရခြင်းကသာ သူ့အတွက်အဆုံးမဲ့ကမ္ဘာပျက်ခြင်းပဲ။
ဒီရက်ပိုင်း သူ ဘာမှမစားဘဲ လူကိုမူးစေတဲ့အရာတွေကို တစ်နေကုန်သောက်နေမိတာ အဖြေက ကလေးလေးတဲ့။ဒါပေမဲ့ ကလေးလေးအနားကိုတော့ သူသွားဖို့ မရဲနိုင်တာ ဘယ်ကိုဝဋ်ကြွေးမှန်းလဲမသိ။
အားးးးးးး! တကယ်ကို သောက်ရူးတွေလုပ်နေမိတာပဲ!
အသံတိတ်ညည်းညူနေမိစဥ်မှာပဲ တံခါးဖွင့်သံ တိုးတိုးလေးကြားလိုက်ရတယ်။
ပြီးတော့ ခြေသံဖွဖွလေးရော။
ခေါင်းတစ်ခုလုံးချာချာလည်နေလို့ မော့မကြည့်နိုင်ပေမဲ့ နှာဖျားမှာတိုးဝှေ့လာတဲ့ အနံ့အသက်နွေးနွေးလေးက ဘယ်သူလဲဆိုတာကို ဖော်ပြနေတယ်။ဒါပေမဲ့ အနီးအနားအထိတိုးမလာဘဲ ခပ်လှမ်းလှမ်းမှာပဲရပ်လိုက်တဲ့ ခြေထောက်သေးသေးလေးတွေက အဲဒီ့နေရာမှာပဲ ဒူးလေးပိုက်လို့ထိုင်ချလိုက်တဲ့အခါ သူ့ရင်ထဲမှာ တဆစ်ဆစ်ကိုက်ခဲလာပြီး နေရာဟာရှာမရ။ ဒါလား ဝေဒနာဆိုတာ။
" ပတိရေ "
အခုထိ အက်လျနေတဲ့ စိုးရွံ့သံလေးလေးက သူ့ကို အရင်ကပတိအဖြစ်နဲ့မြင်နေသေးတာမဟုတ်ကြောင်း ပြောပြနေသလို။
သူ တိုးတိုးလေးရယ်မိသွားတယ်။
သေချာပေါက် စိတ်ပျက်နေတဲ့မျက်နှာနဲ့ပဲ ဖြစ်နေမှာပါ။" သား သား..တောင်းပန်ပါတယ်နော် "
" ဘာလို့...ဘာလို့ တောင်းပန်နေတာလဲ ကလေးလေးရဲ့။ ကလေးလေးမမှားဘူး ပတိမှားတာ ပတိမှားတာကို ဘာလို့ကလေးလေးက တောင်းပန်နေရတာလဲ အဟင်း...ငါ့နှယ် ရယ်မိတော့မှာပဲ "
YOU ARE READING
Bridegroom of ✝ DEMON ✝
Romanceလူတစ်ယောက်က သေဆုံးသွားပြီးရင် သူချစ်တဲ့သူကိုပဲမှတ်မိနေပြီး သူ့ကိုချစ်တဲ့သူကိုတော့ မေ့သွားတတ်ကြတယ်တဲ့ ။