ကြည် ၏ ဖြူ

3.2K 35 0
                                    

“ကြည်” ၏ “ ဖြူ”
----------(၁)----------

ပြက္ခဒိန် ပေါ် မှ ပြောင်းလဲ ခြင်းနှင့် အတူ ပြောင်းလဲခြင်းတွေ အစပြုနေသော ၂၀၁၂ ခုနှစ်  ဒီဇင်ဘာလထဲမှာ ပထမဆုံး တက္ကသိုလ် စတက်မည့် ကောင်လေး တစ်ယောက် ။

သူ့နာမည်က ကြည်လင် ။ နာမည် နှင့် လိုက်အောင် တည်ကြည်သော ရုပ်ရည် သန့်လေးနဲ့ ကောင်လေးတစ်ယောက် မြောက်ပြင်က နေ လာမည့် ကျောင်းဖယ်ရီကားကိုစောင့်မျှော်နေသည်။

တက္ကသိုလ် တက်ဖို့ စိတ်အားသန်စွာ ဖယ်ရီကား မျှော်နေသည့် “ကြည်လင်”ကို  သူ့အိမ်က တွင်ခုံမှာ

လုပ်တဲ့ အလုပ် သမား တွေ၊ ဦးလေးကား ၀ပ်ရှော့ က ကလေးတွေက အားကျသလို လှမ်းကြည့်သည်။

အမေ ၀ယ်ပေးထားတဲ့ ယောပုဆိုး အနက်ရောင် ကလေးကို  ရှပ်အင်္ကျီ အနက်ရောင် အောက်ကခံပြီး အပေါ်ကနေ D//2 ခေါင်းစွပ်ပါ ဂျက်ကတ် ထပ်၀တ်ထား၏။

အင်္ကျီ ၊ ပုဆိုး အသစ် ကလေးအပြင် သူ့ခြေထောက်မှာ စကော တံဆိပ် ဖိနပ် အဖြုနက် ကလေးကိုပါ စီးထားသည့်မို့  ခြေလှမ်းတွေကလည်းတက်ကြွနေသည်။

ဒါ့အပြင် ရေးစာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းသာထည့်ထားသော D//2 အနက်ရောင်

ကျောပိုးလွယ်အိတ် ကို ညာဖက်ပုခုံးပေါ် လွယ်ထားရသည်မှာလည်း ကြည်လင် အတွက် ဂုဏ်ယူစရာပင်။

ဘန်နီဖြိုး၏ “ ကြယ်စင်လေးလည်း လမ်းပြအုံး .. ကောင်မလေးနှင့် နီး‌နိုင်ဖို့” ဆိုပြီး ခေတ်စားတဲ့ သီချင်းသံနှင့်အတူ ကျောင်းဖယ်ရီကား ရောက်လာသည်။

ကားမောင်းတဲ့ ဦးလေးက ကြည်လင် ဦးလေးနှင့် ရင်းနှီးသူ မို့ စက်မူထဲထိ ကြည်လင် ကို၀င်ခေါ်ပေးသည်။

ကြည်လင် လှမ်းကြည့်တော့ ကားနောက်ခန်း ထဲမှာ မိန်းကလေးတွေ ချည်းပဲပါသည်။

ကြည်လင်က ယောင်္ကျားလေးဆိုတော့ ကားမောင်းတဲ့ အစ်ကိုက ကားရှေ့ခန်းထဲ လာထိုင်ဖို့ နေရာချ ပေး၏။

ကြည်လင် ကားခေါင်းထဲ၀င်ထိုင်မည့်လုပ်တော့ ကားခေါင်းထဲပါလာသည့်
ကောင်မလေးက
“‌ဦးဇော် သမီးက သူများတွေ နဲ့ မထိုင်ချင်လို့ ကားခေါင်းထဲ လာထိုင်တာနော်” ဟု ခပ်စွာစွာ အော်သည်။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now