ကြည် ၏ ဖြူ (၁၁)

363 10 0
                                    

ကြည် ၏ ဖြူ
-----(၁၁)-----

ဖြူ ဆန္ဒ တွေ ပြည့်သွားလို့ ကြည် ၀မ်းသာ
ကြည်နူးမိပါတယ်။

ကြည် နှင့် ဖြူ စာသင်ခန်း တစ်ခန်းတည်းမှာပဲ
အရင်လို ကျူတိုရီရယ်
အတူတူ  ဖြေခွင့်မရှိတော့ ပင်မယ့် ကြည်.. ဖြူ့အတွက် တကယ်ပျော်ပါသည်။

ဖြူ မျက်နှာလေးက အရင်နှစ်တွေကထက် ပိုပြီး တက်ကြွလန်းဆန်းနေပုံပေါ်သည်။

သူမ နှင့် ရည်ရွယ်ချက်ခြင်းတူ အပေါင်းဖော် တွေ ရသွားလို့ ထင်ပါရဲ့။

မျိုးသဒ္ဒါမောင် နှင့် နေခြည် နွေးက တော့
ပေါ့ပေါ့ပါးပါး အပြုံးမပျက်
ကြည် နှင့် အတူ ကျောင်းအတူတူအပ်
ဖောင် အတူတူဖြည့် ခုံနံပါတ် ရှေ့နောက်
ကြသည့် ၃ရပ သူငယ်ချင်း ကောင်း တွေ
အဖြစ် ရှိနေကြဆဲပါ။

နေသူရိန်ကတော့ အလုပ် လုပ်တော့ မှာမို့ အဝေးသင် ပြောင်းတက်လိုက်ပြီ။

မိုးစန္ဒာ က တော့ ဖြူ လို ဂုဏ်ထူးတန်း၀င်သွားသည်။

အတန်းပုံမှန်မတက်ပင်မယ့် ကျူရှင်တက်သည့် မိုးစန္ဒာ က ဂုဏ်ထူးတန်း၀င်သွားသည်က မဆန်းပါဘူး လို့ မျိုးသဒ္ဒါမောင်က ပြောသည်။

နေခြည်နွေး ကတော့
“ဒါဒါ ၊ နင့်ယောက်မက စာမေးပွဲ မေးခွန်းရတာ ငါတို့ကို မပြောပြဘူး သိလား.. စိတ်ဓာတ်ပဲ “

“ဟာ ..နွေးကလည်း .. ပြန်ပြောမနေစမ်းပါနဲ့ …အောက်တယ်
ကိုယ့်အရည်ချင်းနဲ့ ကိုယ် လိပ်ပြာလုံအောင် နေစမ်းပါ “

“နေပါတယ် ဟယ် ..ငါကလည်း မကြိုးစားချင်လို့ပါ ဟွင့် ..

သူတို့အခန်းထဲက ဟာတွေ ကြည့်ရတာ အရင်ကလိုမဟုတ်ဘူး

ဘ၀င်ရုပ်ကလေးတွေနဲ့ .. C ခန်းထဲကနေ ဂုဏ်ထူးတန်း၀င်သွားတဲ့

ငါ့တို့ ကားပေါ်က တစ်ယောက်က မှ သူတို့ အခန်းနားက ဖြတ်သွားတော့ ငါ့ကို  အားရပါးရ လှမ်းခေါ် နူတ်ဆက်သေးတယ်။

နင့်ယောက်မ နဲ့ ကြည်.. နင့် ဖြူ က လေ ငါ့ကို မမြင်တာလား
မမြင်ချင်ယောင်ဆောင်တာလား တော့မသိပါဘူး
ခေါ်တောင် မခေါ်ဘူး”

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now