ကြည် ၏ ဖြူ (၂)

782 19 0
                                    

“ကြည်” ၏ “ ဖြူ”

----------(၂)----------

နေ့တစ်ပိုင်းသာ တက်ရသည့် ကျောင်းချိန်တွေက Second semesterရောက်ရင် တစ်နေကုန် တက်ရမည်ဆိုသော သတင်းတွေကလည်းခိုင်မာနေပြီ။

MP4လို့ခေါ်တဲ့ ဗီဒီယိုကြည့်စက် ကလေးတွေအစား ကျောင်းသားတွေတော်တော်များများ လက်ထဲမှာ  Keypadဖုန်းတွေ touchscreenဖုန်းလေးတွေ ကိုင်လာကြသည်။

ဆမ်းဆောင်းတံဆိပ် ၊ဟွာဝေး တံဆိပ် ကိုင်နိုင်သည့် ကျောင်းသူ ကျောင်းသားတွေက ဖုန်းကို လက်ထဲက မချ။

ဖယ်ရီကားစီးရင် လမ်းလျှောက်ရင် ကျောင်းအခန်းထဲ ရောက်သည်အထိ ကိုင်ထားချသည်။

စည်းကမ်းကြီးသည့် တချို့ ဆရာ ၊ ဆရာမ များ က စာသင်ချိန်အတွင်း ဖုန်းတွေကို Silent လုပ်ထားဖို့ ၊ အရေးကြီးလျှင် အပြင်ထွက်ပြောကြဖို့  စတဲ့ ဖုန်းယဉ်ကျေးမူ့တွေကိုပါ  သင်ကြား ပေးကြသည်။

ပြောင်းလဲခြင်း၏ အစပျိုးမူ့တွေက  တက္ကသိုလ် ကျောင်းသား ၊ကျောင်းသူများ၏  ယူနီလိုက်ဖ် ကို ပို၍သာ၍ သက်ရောက်စေလာသည်။

ဖယ်ရီကား လည်းတူ ၊ မေဂျာ လည်း တူ ၊ အခန်းလည်း တူ သည့် ကြည်လင် နှင့် ဖြူစင် ကလည်း အမြဲအတူတူ တွဲတွေ့ရသည်။

“ဟယ် .. လုပ်ပါ အုံး ကြည်လင်ရယ် မနေ့ညက ငါစာလုပ်ရင် Calculator မေ့ခဲ့ပြီး ထင်တယ်။  ဒီနေ့ praticial ခန်း ၀င်ရမယ်ဆိုမှ “

“ စိတ်ပူမနေနဲ့။ငါ့ Calculator ယူသုံးလိုက်”

“နင် နဲ့ ငါနဲ့  လက်တွေ့ အခန်းမှ မတူတာ”

(စာသင်ခန်း တူသော်လည်း ခုံနံပါတ် မတူခြင်း ကြောင့် ကြည်လင် နှင့် ဖြူစင် ၀င်ရတဲ့ လက်တွေ့ခန်းချင်းမတူ)

“မတူလည်း ငါ့ Calculator နင်ယူသွား ။ ငါက သူများဆီက ငှားသုံးလိုက်မယ်။

ပြောသာပြောရတာ Calculator က ဌားစရာကို  မလိုပါဘူး။ဘေးနားက နေအဖြေ တောင်းကြည့်လည်းရတယ်”

“သူများဆီက အဖြေ တောင်းမကြည့်ချင်ပါဘူး။ ကိုယ့်ဖာသာ တွက်ပြီးရတဲ့ အဖြေ ရေးရမှာပေါ့ “

“ဘာထူးလည်း ဟာ တစ်ခန်းလုံး  ဆရာမက 0.1 ဆိုရင် မရရအောင် 0.1လိုက်လုပ်ကြတာ။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now