ကြည် ၏ ဖြူ (ဇာတ်သိမ်း)

2.3K 29 3
                                    

ကြည် ၏ ဖြူ
---(နောက်ဆုံးပိုင်း)---

“‌ကြည်”

“ပြောလေ ..ကွာ ..စထိုင်ကတည်းက
ငါ့နာမည် ခေါ် နေတာ”

“မင်းကို ငါ ပြောစရာ ရှိတယ်ကွာ.
.ဒီလိုကွာအမှန်အတိုင်းပြောရရင်
သူငယ်ချင်းမင်းငါ့ကို တစ်မျိုး လည်း
မထင် စေချင်.... မမြင်စေချင်ဘူးကွာ

ဒီစကား ကို ငါ ပြောပြရတယ် ဆိုတာ ..ကကွာ”

ဟို.. မသိတော့ ဘူးဟာ.. မိုး..မင်းပဲ
ပြောလိုက်တော့ပြောရမှာ ခက်သည့်
မျက်နှာထားမျိုးနဲ့ နေသူရိန်က မိုးကို
လက်လွှဲသည်။

ပြောထွက်ဖို့ လွယ်အောင် တွေးမိတော့
စားသောက်ဆိုင်ချိန်းလိုက် ပြီ တစ်ခွက်
မော့ပြီတာ တောင် ပြောမထွက်သေး‌ တော့ နေသူရိန် ငိုချင်လာသည်။

ဘေးကနေ အတူပါလာသည့် မိုးကလည်း တွန့်ဆုတ် တွန့်ဆုတ် နှင့် ပြောဖို့
သတ္တိမွေးလိုက်သည်။

သူတို့ပုံစံ မြင်ရသည့် ကြည် မှာ
ကြောင်တောင်တောင် နဲ့

“အားမနာ တမ်းပြောကြစမ်းပါကွာ ၊
အကူညီ ဆိုလည်း
ငါတတ်နိုင်သမျှ ပေးမှာပေါ့ ..မင်းတို့ကလည်း”

“အကူညီ ဆိုရင်တောင် နင်က
သဘောကောင်းစွာနဲ့
ကူညီတတ်မှန်း သူသိလို့
အားနာမှာ မဟုတ်ဘူး ကြည်..
အခုဟာက နင့်ကိုယ်ရေးကိုယ်တာ ကိစ္စမို့ ကြည် ..”

“ငါ့ကိုယ်ရေးကိုယ်တာ ..”

“ဟုတ်တယ် ကြည် ..နင် နဲ့ ဖြူ အခုတလော
အဆက်သွယ် ရှိလား”

“ရှိတော့ ရှိတယ် ၊ဒါပင်မယ့် ဟိုတစ်ပတ်ကပဲ
စိတ်ကောက်သွားပြန်ပါပြီဟာ”

“ကြည် …ဖြူ မင်္ဂလာဆောင် တော့မှာ
နင် သိလား..”

ကြည့် လက်ထဲက ဖန် ခွက်က 
ချော်ကျသွားသည်။

ကွဲတော့ ကွဲမသွား…

ကတုန်ကယင် ဖြစ်သွားသည့် 
ကြည့်ပုံစံက ခဏနေတော့
တည်ငြိမ် အောင်ပြင်လိုက်သည်။

ချော်သွားတဲ့ ဖန်ခွက်ထဲ
ရေသန့်ဘူးထဲက ရေ တွေ
ထည့်မော့လိုက်သည်။

“မိုး ..နင်က ဘယ်လို သိလဲ “

“ဖြူ ကိုယ်တိုင် ပို့စ်ရော ဓါတ်ပုံပါ
တင်ထားတာ  fbမှာ“

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now