ကြည် ၏ ဖြူ (၆)

363 14 0
                                    

“ကြည် ၏  ဖြူ”

-------(၆)--------

အိမ်ရှေ့က ပိတောက်ပင် ပန်းပွင့်တာမြင်တော့ တက္ကသိုလ် ကျောင်း၀န်းကြီးထဲက ပိတောက်ပင်တွေကို အမှတ်ရပြန်ရော။

ပိတောက်ပင်တွေကို အမှတ်ရရင် ဖြူ့ကို ပါ သတိရပြန်ရော။

အခုတလော” ကြည်” ကို  ကြည့်ပြီး အမေ နဲ့ အစ်မ က ပြောရှာတယ်။

“ကြည် ကို ကြည့်ရတာ အပူမိ နေသလိုပဲ။ သင်္ကြန် တွင်းမှာ သင်္ကန်း ၀တ်ပေးရမယ်တဲ့ “

အဲ့ဒီအကြောင်း ကို ည ဖုန်းဆက်ရင် ဖြူ ပြောပြတော့ ဖြူက ကောင်းတာပေါ့တဲ့။

ကြည် က ပြန်မထွက် လာပဲ တစ်သက်လုံး ဘုန်းကြီး၀တ်သွားမှာ ဖြူ မပူဘူးလားမေးတော့

“မပူပါဘူး ကြည်ရယ် ။ကြည် ၀တ်ချင် ရင် ၀တ်ပေါ့။ ဖြူက  ဆွမ်းလာကပ်မှာပေါ့ တဲ့ “

“ ဪ .. ကြည် ၏ ဖြူ က ယသော်ဓရာ မိဖုရား ထက် တောင် ပိုလိုက်သေးဟု”  ကြည်
ကိုယ့် ဖာသာ ကိုယ် ဖြည့်တွေးလိုက်ပါသည်။

ဒီလိုနဲ့ ဖြူက သင်္ကြန် တွင်းမှာ ဆယ်ရက် တရားစခန်း သူမ အဖွားနှင့်အတူ ၀င်နေချိန်  ကြည် ကလည်း အပူမိတဲ့ သား လေးမကြည့်ရက်လို့ ကိုရင်ကြီးအဖြစ် အမေ့ ရွာဦးဘုန်းကြီးကျောင်း သွား
၀တ် ပါ တောင်းဆိုခံရသည်။

>>>>
ဧပြီ နွေ ရဲ့ အပူဒဏ် တွေ ခါချဖို့ မေ လရဲ့ မုတ်သုန် ရာသီတွေ ကူးခတ် လာပြန် ပေါ့။

အလွမ်း ဓာတ်ခံ ရှိသည့် ကြည် မှာတော့ နွေ မှာပူ တော့ လည်းလွမ်း။

လေပြင်း တွေ တိုက်လာတော့ လည်း လွမ်း။

မိုးရိပ်တွေက ကောင်းကင် ပေါ် မှာ အပြေးအလွှာ မကြာခင် ပြိုတော့မည့်အချက်များ ပြလျှင် ပို၍သာ၍ လွမ်းရပြန်ပါပြီ။

မိုးရေစက် ကလေးတွေ ကျလာရင် ကြည် နူတ်ဖျားက တိုးတိုးကလေး

“ဖြူ ရယ် လွမ်းလိုက်တာ။ ကျောင်း ကြီး အမြန် ဖွင့်ပါတော့ “

>>>>> First Year Second Semester<<<<<<

ဖြူက ဖယ်ရီ ကား ပြောင်း မစီးဖူး ဆိုမှတော့ ကြည် ကလည်း ဖယ်ရီ ကား ပြောင်းစီးစရာ အကြောင်းမရှိ။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now