ကြည် ၏ ဖြူ (၈)

346 12 0
                                    

ကြည် ၏ ဖြူ

-----(၈)------

အရင်နေ့တွေထက် ပိုပြီး ရိူးထုတ်ထားသည့် ကြည် ပုံစံက သန့်ပြန့်နေသည်။

သူ့ဆံပင်တိုတွေကိုလည်း ခေါင်းလိမ်းဆီ ဖြင့်သပ်ရပ်စွာဖီးထားသည်။

ခေါင်းအစ ခြေ အဆုံး သ ထားသည်။

ကျောပိုးအိတ်ကိုတောင် ပထမနှစ်က ပုံစံလို မလွယ်။ ပုခုံးတစ်ဖက်တည်းမှာပဲ တင်၍ လွယ်သည်။

ကြည် ၏ ဖြူ က ကျောင်းကို အစောကြီး ရောက်နေမှန်းသိသည်မို့

ဖြူရှိရာ စာသင်ခန်းဆီ အရင် ဦးတည် လာလိုက်သည်။

စာသင်ခန်းထဲက ဒုတိယ ခုံမှာ ထိုင်နေသည့် ဖြူ့ မျက်နှာလေး ကို မြင်သည်နှင့် ကြည် အလိုလို ပြုံးမိသည်။

ဖြူ ကလည်း ကြည် ကို မြင်သည် နှင့် ပြုံးလိုက်၏။ သိပ်လှသော အပြုံးလေးများ ဖြင့် ဖြူက ကြည် ကိုကြည့်သည်။

စတိုင်ကျသော ကောင်လေး တစ်ယောက် က သူမ ရည်းစား ဖြစ်နေသည်မို့

ကျေနပ်နေသော အပြုံးများ…

မိန်းမ တစ်ယောက်၏ ဂုဏ်ယူ မူများ… စတဲ့ ခံစားချက်များပါသော အပြုံးဖြင့် ဖြူ ပြုံးလိုက်သည်။

ကြည် က အနားရောက်သည် နှင့် ဖြူ လို့ အရင်ခေါ်သည်။

ဖြူ… လို့ခေါ်ပြီ box ကလေးတစ်ခု ဖြူ့လက်ထဲ  ထည့်ပေးသည်…

ဖေဖော်ဝါရီ (၁၄) ရက်နေ့ရောက်တိုင်း  ကြည် က လက်ဆောင်ပေးတတ်မှန်း ဖြူသိတာကြောင့်
အရမ်းကြီး မအံ့ဩပင်မယ့် အတန်းထဲမှာ လက်ဆောင်ဘူး ရသည့် မိန်းကလေး တစ်ယောက် အနေဖြင့် ဖြူ ကျေနပ်ပါသည်။

‌ ဖေဖော်ဝါရီ (၁၄)ရက်နေ့မှာ ဆိုင်ကယ် ပါလာ
သည့် ကြည် တစ်ယောက် လျှောက်လည်ဖို့ ဂျီကျချင်ပင်မယ့်ကြည် ၏ ဖြူ က မလည်ရဘူး ဆိုတော့ အတန်းထဲ က ဖြူ့ဘေးနား တစ်နေကုန် ရွဲ့ထိုင်သည်။

ဘယ်မှ မသွားပဲ စာသင်ချိန် ရှိလို့ ဆရာမ ၀င်လာရင် နည်းနည်း ခပ်ခွာခွာ မှာထိုင်ပေးသည်။

စာသင်ချိန် မရှိလျှင် ဖြူ့ ပုခုံးကိုမှီ ပြီ ဖုန်းကြည့်သည်။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now