ကြည် ၏ ဖြူ (၄)

493 16 0
                                    

“ကြည် “ ၏  “ဖြူ”

----------(၄)---------

ဖေဖော်ဝါရီ (၁၄) ရက်နေ့  ကစပြီး ကြည်လင် နှင့်ဖြူစင် နေ့တိုင်းဖုန်းပြောဖြစ်ခဲ့ကြသည်။

စက်မူ့ မှာ အရင်ဆင်းခဲ့သည့် ကြည်လင် က မြောက်ပြင် ရောက်မှ ဆင်းရမည့် ‌ဖြူစင် အိမ်ပြန် ချိန် ကိုမှန်း၍

“အိမ်ပြန် ရောက်ပြီး လား”  နေ့တိုင်းဖုန်းဆက် မေးသည်။

ညအိပ်ရာ၀င်တိုင်း

“စားပြီပြီလား....

အိပ်တော့မှာလား....

အိပ်‌ နေပြီလား....

ဘာလုပ်နေလဲ....

စာလုပ်နေတာလား..” က ကြည်လင် ဖုန်းဆက်တိုင်း ဖြူစင်ကို မေးနေကြ စကားလုံးတွေပါ။

ဖြူစင် က ည၈နာရီကျော်မှ ဖုန်းဆက်ပါလို့ မှာထားသည်မို့  မှာထားသည့်အတိုင်း ဆက်သည်။ တစ်ရက်မျှ ပျက်ကွက်ခြင်းမရှိခဲ့။

ဖြူစင် ဖုန်းခေါ်စရာ မလိုအောင် ကြည်လင်က အချိန်တိကျစွာ ဆက်တတ် သေးသည်။

ကျောင်းဖွင့်သည့် နေရက်တိုင်းလည်း သူတို့ အတူတူ လမ်းလျှောက် ၊အတူတူအတန်းတက် ၊အတူတူစကား ပြောဖြစ်ခဲ့ကြသည်။

သူတို့ နှစ်ယောက်စလုံး မပြောင်းမလဲ ပုံမှန်အတိုင်း အတန်းတက် စာလုပ်ကြသလို အရာအားလုံးဟာ

သူတို့နှစ်ယောက်အတွက် အပြောင်းလဲကြီးကြီးမားမားမဖြစ်ခဲ့။

သူတို့နှစ်‌ယောက်ကြားပုံမှန်မဟုတ်တော့သည်အပြောင်းအလဲကြီးကြီးမားမားဆိုသည်မှာ

သူတို့အပြန်အလှန် သုံးနူန်းသည့် နာမ်စား လေးများသာ ဖြစ်လိမ့်မည်။

ကြည်လင် ကို ဖြူစင်က” ကြည်” ၍ ခေါ်တတ်ပြီး ဖြူစင် ကိုတော့ ကြည်လင်က “ဖြူ “လို့ အမြတ်တနိုး ခေါ်တတ်သည်။

>>>>>
ဒီလိုဖြင့် မကြာခင် ပထမဦးဆုံး ဖြေဆိုရမည့် 
First Year first semester ပထမနှစ် ပထမတစ်ပိုင်း စာမေးပွဲ ကြီးတောင် ဖြေဆို ဖို့ နှစ်ပတ်သာ ကျန်တော့သည်။

စာမေးပွဲ နီးနေသည့်မို့ ကျူတိုရီရယ် ၊  ပရက်တီကယ် တွေ လည်း ပြီးတော့မည်။ သင်ခန်းစာတွေလည်း ကုန်တော့မည်။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now