ကြည် ၏ ဖြူ (၇)

450 17 0
                                    

ကြည် ၏ ဖြူ

-----(၇)------

မိဘ စကားကို ရှေ့မှာရော ကွယ်ရာရော နားထောင်မည်ဟု ဆုံးဖြတ်ထားသည့် သမီးလိမ္မာလေး ဖြူက  အတန်းချိန်တွေ ဖျက်ပြီလျှောက်လည် ဖို့ သူငယ်ချင်း တွေ အတင်းလာတိုက်တွန်း‌တိုင်းငြင်းဆန်မြဲ ဖြစ်သည်။

ကြည် ကလည်း ဖြူ ၏ ဆန္ဒ ကို အမြဲ လေးစားသူ ပီပီ ဖြူနှင့်အတူ အတန်းတက်ပေးသည်။

အတန်းချိန် မရှိ ပဲ အားနေလျှင် ကြည် နှင့် ဖြူ အတူတူ စာကြည့်တိုက် ထဲသွား ပြီ စာဖတ်ကြသည်။

ရံဖန် ရံခါ ကန်တင်း မှာ မုန့်သွားစားသည်။
လက်ချာ ပေးလိုက်သည့် သင်ခန်းစာတွေ အကြောင်း ပြန်ဆွေးနွေးကြသည်။

တည်ငြိမ်အေးဆေးသည့် ကြည် နှင့် ဖြူ
က လိုက်ဖက်သည့်စုံတွဲ အဖြစ် ကျောင်းသူ ၊ကျောင်းသား အချင်းချင်း အမြင်မှာသာမက  ဆရာ ၊ဆရာမ များအမြင် မှာပါ သဘောကျခဲ့ကြသည်။

“ဒီနေ့  ဖြူတို့ ပရက်တီကယ် ခန်းက  resistor ပေါ်က ကာလာတွေကြည့်ပြီတန်ဖိုး တွက်နည်း သင် ပေးလိုက်တယ်။

ဒါပင်မယ့်လေ ဆရာမ ရှင်းပြတာ မြန်တော့  ဖြူ သိပ်ပြီး နားမလည်လိုက်ဘူး”

ဪ အဲ့တာလား

“ကြည်  နားလည် သလို ပြန်ရှင်းပြ မယ်နော်..
0 1 2 3 4 5 6 7 8 9  သုညကနေ ၉ ထိ ဂဏန်း စဉ် လိုက် ဖြူ ချရေးကြည့်

ပြီရင် ဘေးကနေ  နက်၊ ညို ၊ နီ၊ လိမ္မော်၊ ဝါ၊ စိမ်း ၊ပြာ ၊ ရမ်း၊ မီးခို၊ ဖြူ လို့အစဉ်လိုက် ယှဉ်ပြီ ရေးကြည့်လိုက်”

“ဪ ..သိပြီ ဖြူ သဘော ပေါက်ပြီ … “

“ခဏလေး ဖြူ့ကို ကြည် ပြမယ်  ပြောရင် ကြည်က သူ့ရဲ့ ဆမ်ဆောင် touch screen ဖုန်းလေးဖွင့် ၊ မြှားနှစ်ချောင်း လေးကိုထိ ၊Google ‌ရဲ့ search ဆိုသည့် နေရာ မှာ resistor လို့ စာရိုက်လိုက်သည်။

ခဏအကြာမှာ ပရက်တီကယ်ခန်းထဲက ဆရာမ ဘူးလေးနှင့် ယူလာသည့် resistor တွေလို ကာလာ ရောင်စုံပါသည့် resistor ပုံလေးတွေ ပေါ်လာသည်။

ပေါ်လာသည့် ပုံကိုကြည့်ပြီ ကြည်က ဖြူ ကို တန်ဖိုး ဖတ်စေသည်။
ဒီဖက်က အရောင် က ဝါ၊ ခရမ်း၊ နက်၊ နီ ၊ညို ဆိုတော့
4.7k Ohm....

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now