ကြည် ၏ ဖြူ (၅)

409 17 0
                                    

“ကြည် “၏ “ ဖြူ “
---------(၅)--------

ပြောစရာ ရှိတယ် လို့ ပြောပြီ..ကြည် …လို့ ခေါ် ရင်
ငိုမဲ့မဲ့ မျက်နှာလေးဖြစ်နေသည့် ဖြူ့ ကိုကြည့်ပြီး ကြည် ရင်တုန်လာသည်။

“ဖြူကလည်း ပြော စရာ ရှိတာ အမြန် ပြောပါ “

လို့ ကြည်က တိုက်တွန်းတော့

“မေဂျာ 01 ဖြေတဲ့ နေ့ကလေ … ဖြူ တစ်ပုဒ် မှားသွားတယ် သိလား “

ဖြူစကား ကြားလိုက်သည် နှင့် ကြည်က သက်ပြင်းချပြီ သူ့ခေါင်းကိုသူ လက်နှစ်ဖက် ဖြင့် ပွတ်ချလိုက်ရင်

“ ဘာများ လဲ လို့ကွာ ၊ ဖြူကလည်း ..လန့် လိုက်တာ”

“ကြည်က လန့် ယုံလေးတင် လန့်မှာ ။ ဖြူ့မှာ တော့ အိပ်လို့တောင် မပျော်ဘူး။

မနေ့ညကမှ မေးခွန်းစာရွက် သေချာပြန်ကြည့်ပြီ  ဖြူ တွက်ခဲ့တာ မှားသွားမှန်းသိတာ သိရဲ့လား။

ပေးထားတဲ့  velocity ကို FPS  ကနေ SI unit  ပြောင်းပြီ တွက်ခဲ့ရမှာကို
မပြောင်းပဲ တွက်ခဲ့မိတာ … အဟင့် ..ဟင့်..”

ပြော ရင် ဆိုရင်  မျက်ရည် ကျ လာသည့် ဖြူ့ကို
ကြည်က အစ ပထမ ဘယ်လို ချော့ရမလဲ မသိ တော့ ပိတောက်လမ်းပေါ်က ထိုင်ခုံပေါ် ထိုင်ခိုင်းပြီး ငိုစေသည်။

ကြည့် လက်ထဲ မှာ orchid တစ်ရူး တစ်ထုပ် ၅၀တန် ကို ၂၀၀ ပေး၀ယ်ထားရင်  ထိုင် ချော့သည်။

“ဘာမှ မဖြစ်ပါဘူး ဖြူရယ်  တစ်ပုဒ်က လေး မှားသွားတာပါ။ စာမေးပွဲကလည်း ပြီးသွားပြီပဲ။ ခံစား မနေပါနဲ့ကွာ “

ကြည်က ပြောတော့ မှ ဖြူက ပိုပြီး ရိူက်သံ ထွက်လာသည်။

ကြည်က လည်းရူ့ထောင့်မျိုးစုံကနေ ပြောပြပြီး နှစ်သိမ့်သည်။

တစ်ပုဒ် ကလေး မှားသွားလို့ ဘာမျှ မဖြစ်ကြောင်း။

၄ပုဒ် ကျော် ဖြေ ရင်‌ အမှတ် ဘယ်လောက် ရနိုင်ကြောင်းတွေပါ တွက်ပြသည်။

ဖြူ က အတန်းလည်း မှန်တာ ကြောင့် ပရက်တီကယ် အမှတ် ၂၀ က အပြည့် ရအုံးမယ်။

ဖြူက လက်ရေး လှလှ လေး နဲ့ သန့်သန့်ရှင်းရှင်း တွက်ထားတော့ အဖြေမှား နေရင် တောင် စာစစ်တဲ့ ဆရာမက အမှတ်ပေးချင် နေမှာ”

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now