ကြည် ၏ ဖြူ (၁၃)

381 10 0
                                    

ကြည် ၏ ဖြူ
-----(၁၃)-----

ကြည် နောက်ဆုံး နှစ် စာမေးပွဲကျပါသည်။

တစ်ဘာသာ ကျ လျှင် တစ်ဘာသာ ပဲ ပြန်တက်ရသည့် စနစ် မှန်း ကြည်သိတာမို့ အကုန်လုံး ကျအောင် ကြည် ဖြေခဲ့သည်။

တက်မယ့် တက် အစ အဆုံး ပြန်တက်မည့်ရည်ရွယ်ချက်ဖြင့်ပေါ့။

နောက်ဆုံးနှစ် ပထမတစ်ပိုင်း..စာမေးပွဲ ခန်းထဲ ကြည် မှောက်အိပ်တော့ အရှေ့က သူငယ် ချင်း မ နှစ်ယောက်က  အခန်းစောင့် ဆရာမ အလစ်

“ဟဲ့ ..ကြည် ..ကြည် ဆိုပြီး စာရွက် ထောင်ပြကြသည် “

ကြည်က မကူးပဲ ရယ်ပြသည်။

အပြင် ရောက် တော့
“  ဟဲ့ ကြည် .အတုံး... စာ ပြ နေတာ မကူးပဲ ..နင် ဘာဖြစ်နေတာလဲ”

သူတို့ မေးလာတော့ ကြည် ရယ်ပြလိုက်သည်.. ဘာမှပြန်မပြော..

နောက်ရက် တွေ မှာတော့ ဘာမှ မရေးပဲ ကြည် စောစော ထပြန်သည်။

ကြည် မှ စာမလုပ်တာ စာက ဘယ်ရပါ့မလဲ။သူများဆီက စာကူးပြီလဲ ဘွဲ့မရချင်။

(ကြည် ဆိုသည့် ကောင် ကျွန်တော်က အဲ့သလို ကောင်စားမျိုး)

စာမေးပွဲ ဖြေတဲ့ရက် တွေ အတွင်းမှာ ဖြူ့ ကို သာ ‌ဖြူစာမေးပွဲခန်းနားထိသူမလွယ်အိတ် သယ်ပေးရင် အကြို ပို့ ‌လုပ်ပေးဖြစ်ခဲ့သည်။

ဖြူက သူမ စာမေးပွဲ ကောင်းကောင်း  ဖြေနိုင်ရင် အသံလေကိုကြည်လို့

…ကြည် လက်မောင်းကလေး ကို တောင် သေချာချိတ်ပြီ ကျောင်းစင်္ကြန်လမ်းလေးပေါ် လမ်းအတူ လျှောက်သည်။

စာမေးပွဲဖြေရင် သူမ တစ်ခုခု မှားခဲ့ရင် မျက်နှာလေး ကို စူပုပ်လို့ကြည် ကိုတောင် ရန်လုပ်တတ်သော ကြည် ၏ ဖြူပါပဲ။

ကြည် ကို ဖြူက “ စာမေးပွဲ ဖြေနိုင်လား” ဆိုသည့် မေးခွန်းကို ပထမတစ်ပိုင်း ခြောက်ရက် မှာ မှတ်မှတ်ရရ  တစ်ခါ တော့မေးခဲ့ပါသည်။

မေးရင်လည်း သူမဖာသာ ကြည် က ဖြေနိုင်မှာပါ ပြောရင် မေးခွန်းကို အဆုံးသတ်ခဲ့သည်။

နောက်တစ်ပိုင်း မှာတော့ ဖြူက လည်း မမေးခဲ့သလို ကြည်ကလည်း မဖြေခဲ့ပါ။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now