ကြည် ၏ ဖြူ (၁၂)

361 14 0
                                    

ကြည် ၏ ဖြူ
-----(၁၂)-----

ကြည် ဖြူ့ကို  အော်ဟစ် ပြီတဲ့နေ့ ‌ရဲ့ ညပိုင်းရောက်တော့ ဖြူ့ဆီ ပုံမှန် ဖုန်းဆက်ချိန်အတိုင်းဆက်လာသည်။

ဖြူ့ကို ရစ်တာလား ကျပ်တာလားတော့မသိ
ဖြူ့ကို သူ့မိဘ တွေနဲ့လာတောင်း မည်လို့ပြောလာသည်။

(ဖြူက သူပြတ်ပြီ လို့ မပြောခင် ဖြူက အရင်ပြတ်ပြီ လမ်းခွဲမယ်လို့
ပြောဖို့ ကြံရွယ် ထားသမျှ .. ကြည်က ပြောင်းပြန်တွေပြောလာသည်)

ကြည် လာတောင်းမယ် ဆိုတဲ့ စကားက အခြားမိန်းကလေးတွေအတွက်တော့  ကျေနပ်စရာ ဖြစ်လိမ့်မယ်။

ဖြူ့အတွက်တော့ ခေါင်းကျိန်းဖွယ် ဖြစ်သည်။
မဖြစ်နိုင်မှန်းသိရက်သား နဲ့ ကြည် လာပြောတဲ့ အတွက် ဖြူကြည်ကို နေ့ခင်းက ဒေါသတွေရော စုပုံပြီး ပြောဆိုပစ် လိုက်သည်။

ဖြူဆန္ဒ ကို မလိုက်လျော နိုင်ရင် ဖြူ့ ကို လာပက်သက်ဖို့မကြိုးစားနဲ့။

လာ လည်း မချစ်နဲ့ ၊ ပြတ် ပြီ လို့ပြောပစ်လိုက်သည်။

ဒါ့အပြင်

"ကြည် တဏှာရူး ထဖို့ ဖြူက အိမ်ထောင်ရှင်မ အဖြစ် မခံနိုင်ဘူး"

ဟူသော ရင့်သီးသော စကားလုံးများက တစ်နေ့လယ်ခင်းလုံးစီထားသမျှ ထွက် ကျ ပြော ဆိုလိုက်သည်။

ဒီစကား ကိုတော့ ကြည် သိပ်နာ သွားပုံရသည်။

ဖုန်းထဲကနေ ဖြူ..ဟု စူးစူးဝါးဝါး အော်ဟစ် ပြီ

“ငါ့ အချစ်ကို လာမစော်ကားနဲ့ …

အ‌ စောကတည်းက ငါသာ တဏှာရူး ကောင်ဆို ၊ မင်းလို အတ္တကြီးပြီ ပျင်းစရာကောင်းတဲ့  မိန်းမမျိုးကို ချစ်စရာကောင်းခဲ့တယ်လို့ ထင်ခဲ့မိမှာတောင်မဟုတ်ဘူးသိလား….

ငါ ချစ်ခဲ့တာ  ဖြူ..မင်း…ဆိုတဲ့ ဖြူ ဖြစ်နေခဲ့လို့ မြတ်မြတ်နိုးနိုးချစ်ခဲ့တာ..

အခုလို မင်းကို လာတောင်းမယ်ဆိုတာ ငါ့ရင်ဘက် ထဲက နှစ်နှစ်ကာကာ ချစ်တဲ့မိန်းမမို့ …

တဏှာရူး ချင်ရင် ငါ့ဘ၀ နဲ့ ရင်းစရာမလိုပဲ ငါ့ကျောင်းမုန့်ဖိုးလေး ရင်းလိုက် ရုံနဲ့ ရတယ် .ဖြူ.မင်းသိလား ..

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now