ကြည် ၏ ဖြူ (၁၆)

611 14 0
                                    

ကြည် ၏ ဖြူ
-----(၁၆)-----

ဖြူ တို့အုပ်စု စာတမ်းဖတ်သည့်
နေ့ကဆရာကြီး ၊ဆရာမကြီး တွေ
အားလုံး ကျွေးဖို့ အစားသောက် ကိစ္စ
ဖြူ တာ၀န်ယူသည်။

ဖြူ  မှာပေးထားသည့် ဆိုင်က
အချိန်မီ အရောက်မပို့နိုင်မှာစိုး၍
ကြည် ကို သွားယူခိုင်းသည်။

ဆိုင်က သွားယူ ပြီ နောက်ပိုင်း
ကိစ္စ ဝိစ္စအားလုံး ကို ဖြူက စီမံသည်။

ကြည် က လိုက်လုပ်ပေးသည်။

ဒါ့အပြင် ဖြူက လောကွတ်ကောင်း
၍ ဆရာ/ဆရာမ အချို့
ပြန် ပို့ရေးကိုပါ ကားပါလာသည့်
ကြည်ကို့ တောင်းဆိုလိုက်သည်။

အခြား ယောင်္ကျားလေး တွေသာဆို
မျက်နှာပျက်လိမ့်မည်။

ကြည် ကတော့ ဖြူ တောင်းဆိုသမျှ
အကုန် ဖြည့်ပေးသည်။

သူ့အိမ်က အလုပ်တွေ ပစ်ပြီ
ကြည်က ဖြူ..ဖြူ လုပ်နေတာ
တစ်ခါ လည်းမဟုတ် နှစ်ခါ လည်းမက
ကြည့်အမေ နဲ့ အစ်မက ကြည် ကို
လုံး၀မကြည်တော့ပါ။

ကြည်ကတော့ ဖြူ့ပါရမီ ဖြည့် ဖက်
ဖြစ်ချင်နေသူမို့ဒီလောက်ကလေး
လုပ်ပေးရတာ ကိုများကွာ
အမေတို့က အပြစ်မရှိ အပြစ်ရှာတယ်ပေါ့ .

…တစ်ပတ်ကြာပြီနောက်…

ဖြူ့ကို ဒီနေ့  ကြည်က  သူ့အိမ်
မရမက အလည်ခေါ်သည်။

သူ့မိသားစု အသိုင်း၀န်း နှင့်
ရင်းနှီးစေလိုတာကြောင့် …

“ဖြူ အလည် လိုက်ခဲ့ပါကွာ

ဖြူ့ ယောက္ခမ လောင်းကြီး
ကြည် အမေက အရမ်းတွေ့ချင်နေတာ..

မိသားစုတွေ နဲ့ မိတ်ဆက်
ပေးမလို့ပါကွာကြည် ဆန္ဒ ကို လိုက်လျော ပေးကြည့်စမ်းပါ ဖြူရာ”

ကြည် ဒီလို ပြောလာတော့ ဖြူ လည်း
ကြည် မိဘ တွေနှင့် တွေ့ဖို့ သဘောတူ
လိုက်သည်။

ဖြူ ကြည့်မိဘတွေကို မြင်ဖူးပါတယ်။

ကြည်တို့  ဆိုင်ဖွင့်ပွဲနေ့က
သူငယ်ချင်းတွေ နဲ့အတူ
တစ်ခေါက်ရောက်ဖူးသည်။

အဲ့ဒီနေ့ကတော့ ကြည်မိဘ
တွေသာမက ကြည်တို့
တစ်မျိုးလုံး ဖော်ဖော်ရွေရွေ
ဆက်ဆံပေးကြပါသည်။

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now