ကြည် ၏ ဖြူ (၉)

335 11 0
                                    

ကြည် ၏ ဖြူ
-------(၉)-------

ကိုလာဘူးထဲက ဖျော်ရည် တွေက ကြည် ရဲ့ အပေါ်၀တ် ရှပ်လက်ရှည် နှင့် ဂျင်းဘောင်းဘီပေါ် စိုရွဲကုန်သည်။

ရုတ်တရက်ကြီး ဖြစ်လာသည်မို့ ကြည် ခဏတော့ မှင်သက် ပြီ

“ဟာ..ကွာ.. ဖြူ..ရာ “ဟု ပြောပြီ သူ့ရှပ်လက်ရှည် အင်္ကျီကို ချွတ်လိုက်သည်။

ကိုလာဘူးက အတန်းထဲက သမန်တလင်းပေါ် ပြုတ်ကျသွားသည်မို့ အတန်းထဲမှာ ကြည်တို့လို  ထိုင်စားနေသည့် မိန်းကလေးအုပ်စု နှစ်စု၏ မျက်လုံးများက ကြည် တို့ ဆီရောက်လာသည်။

ကြည်က အင်္ကျီရှပ်လက်ရှည် ချွတ်နေချိန် ဖြူက သူမလွယ်အိတ် ယူပြီအခန်းထဲက ထွက်ဖို့ပြင်သည်။

ဖြူထသွားတော့ မှာ ကြည်မြင်တော့ ပျာပျာသလဲ ဖြူ့ လက်ကို ဆွဲလိုက်သည်။

ဖြူက ပြန် ရုန်းရင် သူမလွယ်အိတ် နှင့် ကြည် ကို ထုသည်။

ဖြူ လွယ်အိတ်က ရိုးရိုးလွယ်အိတ် မဟုတ်ပဲ
အလှတပ်စတီးကြိုးပါသည့်ဟန်းဘတ်အိတ် ဖြစ်တာ ကြောင့် ကြည် တော်တော်နာသည်။

ဒါပင်မယ့်  ဖြူ ကို လွတ်မပေးပဲ အတင်းဆွဲထားသည်။

ဆွဲလာရမ်းလား လုပ်နေသည် ကို သူများတွေ လှမ်းကြည့်‌ နေတာ ဖြူ မြင်တော့  အတန်းထဲ မှာ ပြန်ထိုင်သည်။

ကြည် ကပါ သူမဘေးနား လာထိုင်တော့ ဖြူက စာရေးခုံပေါ် သူမလက်နှစ်ဖက်တင် ပြီ  ငိုလိုက်သည်။

ဖျော်ရည် ဘူးနဲ့ အပက်ခံထားရတာတောင် စိတ်ဆိုးဖို့ သတိမရတော့သည့် ကြည် က ငိုနေသည့် ဖြူ ကိုပဲ အသည်းသန် ချော့သည်။

“ဖြူ… ဖြူ.. မငိုပါနဲ့ ကွာ၊

ဘာဖြစ်လို့ ငိုတာလဲ၊

ကြည် စတာ လွန်သွားလို့လား

ကြည် မစတော့ ဘူးနော် …ဖြူ

ဖြူ..မငိုရဘူးလေ..

ငိုပြီရင် ဖြူ ခေါင်းကိုက် လိမ့်မယ်..

ဖြူ ဗိုက်ဆာ နေတာမို့လား..

ဖြူ..ဖြူ…ဖြူ.. လို့

ဖြူ.. ဟိုအာ ပြဲမတွေ ရောက်လာရင် ကြည် ကို ဝိုင်းသမ နေမှာ..

မငိုနဲ့တော့နော် တိတ်.. ဖြူ မကျေနပ်ရင် ကြည် ပါး ကို ထရိုက်ချင်ရိုက်လိုက်ကွာ..

ကြည် ၏ ဖြူ ( Completed)Where stories live. Discover now