Unicode
၁၉၉၇ ခုနှစ် .. အီနာဂါဆန်နိုင်ငံ ..။
"အိုး .. ကြည့်ပါဦး .. ကောင်းကင်မှာ ဖီးနစ်ဌက်တွေ"
"ဟုတ်ပါရဲ့ .. တကယ်မြင်ရခဲတဲ့ဌက်တွေ"
"နန်းရင်ပြင်အပေါ်တဝိုက်မှာပဲ ပျံဝဲနေကြပါလား"
"မင်းသားလေးရဲ့ဘုန်းတန်ခိုးက တော်တော်ကြီးမားတာပဲ"
နန်းရင်ပြင်ထဲ တစ်ယောက်တစ်ခွန်း ပြောဆိုနေကြတဲ့ နန်းတွင်းသူတွေရဲ့စကားကြောင့် ဘုရင်ကြီးဂျွန်ဒမ်း မော့ကြည့်မိသည်။
ရွှေရောင်လွှားလွှား အတောင်ပံတွေ တဖျတ်ဖျတ်ခတ်လျက် တကယ်ပဲ နန်းရင်ပြင်တဝိုက်မှာပဲ လှည့်ပတ်ပျံဝဲနေတဲ့ ဖီးနစ်ဌက်တွေ ..။
ဒဏ္ဍာရီလာဌက်တွေလို့ တင်စားချင်လောက်အောင် လှလဲလှ ရှားလဲရှားပါးတဲ့ ဒီဌက်တွေက အခု သားတော်လေး မွေးတဲ့အချိန်မှ ရောက်လာတာ ထူးတော့ထူးဆန်းသည်။
"အရှင်မင်းကြီး .. မင်းသားလေး .. မင်းသားလေး .. ကောင်းကောင်းမွန်မွန် မွေးဖွားလာပါပြီ .. မိဖုရားကြီးလဲ ကောင်းမွန်အဆင်ပြေပါတယ် အရှင်"
နန်းတွင်းအကြံပေးအမတ်ကြီးဂန်နာက အပြေးဝမ်းသာအားရ လာပြောသည်။
"တော်ပါသေးရဲ့ .."
ချစ်ရသူမိဖုရားရော သားတော်လေးပါ ကျန်းမာကြသည်ဆိုတော့ ဘုရင်ကြီးဂျွန်ဒမ်း အပြေးအလွှား နန်းဆောင်ထဲ ပြေးဝင်လိုက်သည်။
"ဒါရာ .. မင်း အဆင်ပြေရဲ့လား"
မိဖုရားကြီးက ပြုံးပြီး ခေါင်းညိတ်ပြသည် ..။
"ဖီးနစ်ဌက်တွေခြံရံပြီး မွေးလာတဲ့သားတော်ပဲ"
ဘုရင်ကြီး သဘောတကျ သားတော်ကို တယုတယပွေ့ချီကာ ရေရွတ်လိုက်သည်။
"ဖီးနစ်ဌက်တွေပျံဝဲခြင်းနိမိတ်အရ .. မင်းသားလေးက ကမ္ဘာမှာ သူမတူအောင် ဘုန်းတန်ခိုးကြီးမယ့်ဘုရင်တစ်ပါးဖြစ်လာပါလိမ့်မယ် .. အရှင်မင်းကြီးဘုရား .."
ပုဏ္ဏားကြီးရဲ့လျှောက်တင်သံကြောင့် ဘုရင်ကြီး ပိုပိုပြီး သဘောကျကာ ပြုံးလိုက်သည်။

YOU ARE READING
COLORLAND
FanficJungkook x Taehyung - historical/drama Started Date - Sep 2 2023 Endee Date - June 11 2024