Part 1

4.9K 612 70
                                    

Unicode

"ဟယ် .. အိမ်ရှေ့စံမင်းသားလေးအဆောင်မှာ မီး .. မီးတွေလောင်နေတယ်ဟေ့"

နန်းတွင်းသူတစ်ယောက်ရဲ့ အလန့်တကြား အော်သံအဆုံးမှာ နန်းတွင်းထဲတွင် လူတွေအကုန်ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

"မင်းတို့က ဘယ်သူတွေလဲ"

မီးဟုန်းဟုန်းတွေ တောက်နေတဲ့ကြားထဲ သူ အော်မေးလိုက်ပေးမယ့် မျက်လုံးတွေမှလွဲ မျက်နှာတစ်ခုလုံးကို အဝတ်တွေဖြင့် ဖုံးကွယ်ထား‌သော ဓားသမားတွေက ပြန်မဖြေပဲ သူ့ဆီ အပြေးဝင်လာကြသည်။

လက်ဗလာဖြင့်သူက ဘာမှမတတ်နိုင် .. ဓားသမားတွေကို ဘယ်လိုမှ မခုခံနိုင်သည်မို့ လက်တို့နှင့်သာ အတတ်နိုင်ဆုံးကာပြီး မျက်လုံးများစုံမှိတ်လိုက်ရုံရှိသေး ..

"ချွမ် .."

ဓားချင်းထိခတ်သံ အကျယ်ကြီး .. မျက်လုံးများဖွင့်ကြည့်လိုက်လျှင် ..

"ကိုကို .. !!"

ကိုကိုက သူ့ရှေ့မှာ ကာကွယ်ရင်း ရှေ့က ဓားသမားများအား ခုခံသည်။

"Jeon Prince .. နန်းဆောင်ထဲက အမြန်ထွက်တော့"

မီးတွေပိုပိုများလာသလို မျက်နှာကြက်က မီးဆိုင်းတွေဟာလည်း ပြိုကျလာတာမို့ တစ်ဆောင်လုံးနီးပါး မီးထဲပါလုပြီ။

"ကိုကို .. ကိုကိုကရော"

"Prince !!! အခု အမြန်ထွက်တော့"

ကိုကို့ရဲ့အော်ဟစ်သံအဆုံးမှာ သူ အခြေအနေတစ်ချက်ကြည့်ပြီး ကာရံထားတဲ့ နန်းဆောင်တံခါးရွက်တွေကနေ အတင်းပြေးကာ တိုးထွက်လိုက်သည်။

ကိုကိုကတော့ မီးထဲမှာ လုပ်ကြံသူဓားသမားအချို့ဖြင့် ကျန်ရစ်သည်။

"ကိုကို အထဲမှာ .. အထဲမှာ ကိုကိုရှိသေးတယ်"

အပြင်ကလူတွေ အကုန်လုံးကို ကိုကို့ကို အကူအညီပေးဖို့ရာ ယောက်ယတ်ခတ်စွာ အော်ဟစ်နေမိသည်။

"ရေတွေ .. ရေတွေ အကုန်ယူခဲ့ .. မီးတွေ အမြန်ငြိမ်းသတ်ကြစမ်းပါ"

စိတ်ပူလွန်းလို့ နန်းဆောင်ရှေ့ မှာတင် လူးလာခေါက်တုံ့ အော်ဟစ်ရင်း အမိန့်ပေးရင်း။

COLORLANDWhere stories live. Discover now