Part 6

3.1K 402 46
                                    

Unicode

ဒီနေ့က (၇) ရက်ပြည့်ပြီ။

ကိုကိုက (၇) ရက်နေရင် လာတွေ့မယ်ပြောပြီး ခုထိ ရောက်မလာသေး။

မစောင့်နိုင်တော့ .. ကိုကို့နဲ့ တွေ့ချင်လှပြီ။ ဒါမှမဟုတ် သူပဲ သွားတွေ့လိုက်ရမလား။

တစ်ယောက်တည်း မျိုးစုံ ခံစားချက်တွေသာ စုံနေတာ .. တကယ်တော့ (၇) ရက် ပြည့်တာမှ မိနစ်စွန်းစွန်းလေးပဲ ရှိသေးတာ။

(၇) ရက်ထဲကို တစ်မိနစ်တောင်စွန်းနေပြီ .. မနက် ၁၂ နာရီ (၁) မိနစ်။

"ကိုကိုက ဘယ်ချိန်လာမှာလဲ မသိဘူး .. မနက်ကျရင် ကျောင်းမတက်ရင် ကောင်းမလား .. ငါကျောင်းတက်နေတုန်း ကိုကို ရောက်လာရင် ဘယ်လိုလုပ်မလဲ .. ကျောင်းက ပြန်ရောက်တဲ့အထိ ကိုကိုက စောင့်ပေးပါ့မလား"

ဦးနှောက်က ကိုကိုနှင့်ပတ်သက်ရင် သိပ်အလုပ်လုပ်သည်။ ဉီးနှောက်တင် ဘယ်ကပါ့မလဲ .. နှလုံးသားရော အတူတူပဲ။

ဒီနေ့ကိုကိုနဲ့ တွေ့ရမယ်ဆိုတာ တွေးရုံနဲ့တင် ရင်ခုန်သလိုလို စိတ်လှုပ်ရှားသလိုလို။ ဘာလိုလို ခံစားချက်မှန်းမသိ ခံစားနေရတာ ရောဂါများလား။

ညက ကိုကိုများ ရောက်လာမလားဆိုပြီး ကောင်းကောင်းမအိပ်ရတော့ မနက် ထ တောင် မထနိုင်။ သို့ပေမယ့် အလူးအလဲ ကုန်းရုန်း ထ ရသည်။ ဘာလို့ဆို မနက်ခင်း ညီလာခံ အစည်းအဝေးလွတ်သွားမှာစိုးလို့။

လွတ်လို့မဖြစ် .. ကိုကိုက သေချာတက်ခိုင်းထားသည်လေ။ မင်းကြီးဆီကနေ တဖြည်းဖြည်းချင်း ယုံကြည်မှုကို ရအောင်ယူတဲ့။ ဘာဖြစ်ဖြစ် ကိုကိုက သိပ်တော်လိုက်တာ .. အခုဆို တကယ်ပဲ မင်းကြီးက သူ့ကို ယုံကြည်စိတ်ချမှု အနည်းငယ်ရှိလာပြီ။

သူ့ရှေ့မှာတောင် ကိုကို့အကြောင်းပြောလာပြီဆိုတော့ ယုံကြည်လာတဲ့သဘော။ သို့သော် ကိုကို့အကြောင်းပေမယ့် မကောင်းကြောင်းမဟုတ် .. ကိုကို ဘယ်လိုတွေ အစီရင်ခံတယ် ကိုကို့ကို ဘယ်မှာ တာဝန်ချမလဲ .. ဒီလောက်သာ။

"အိမ်ရှေ့စံ .. ဒီနေ့လဲ စောစောရောက်နေပါလား"

ညီလာခံကို စောစောရောက်နေတာ နှစ်ရက် သုံးရက်ရှိပြီဆိုတော့ မင်းကြီးက ချီးကျုးသလို အရွှန်းဖောက်သည်။

COLORLANDWhere stories live. Discover now