trust me ~ 1.

3.4K 140 28
                                    

Uni

ဟင့်...အူး...ဝါး...

ဟာအို အသီးအရွက်တွေကိုဆေးကြောနေတုန်း သားဖြစ်သူရဲ့ အော်ငိုသံကြောင့် လုပ်လက်စကို အမြန်ချထားကာ အေပရွန်တောင်မချွတ်နိုင်ဘဲ အရှေ့ဧည့်ခန်းထဲသို့ အပြေးသွားလိုက်ရသည်။

ဧည့်ခန်းထဲရောက်တာနဲ့ မျက်မှောင်ကျုံ့ကာ သားရဲ့လက်မောင်းကို ဆုပ်ကိုင်လျက် မာန်မဲနေသူကို တစ်ချက်ကြည့်ပြီး ထိုသူ့လက်ထဲမှသားကို ဆွဲခေါ်ကာ ဟာအို့ရင်ခွင်ထဲသို့သိမ်းကာဖက်ထားလိုက်သည်။

တသိမ့်သိမ့်တုန်ကာ ရှိုက်ငိုနေတဲ့သားကြောင့်
ဟာအို့ရင်ထဲ မချိအောင်ခံစားရသည်။ သားရဲ့ပါးပေါ်က မျက်ရည်စလေးတွေကို လက်မဖြင့်သုပ်ပေးရင်း အသက်ရှူသံပျင်းပျင်းနဲ့ဒေါသထွက်နေတဲ့ သူ့ကို ကြည့်ကာ ဟာအိုလေသံတင်းတင်းဖြင့်မေးလိုက်သည်။

" သားကိုငိုအောင်ထိ ဘာလို့
ဆူနေတာလဲ ဟန်ဘင်း ''

" မင်းရဲ့သားက ငါအလုပ်ရှုပ်နေတာကို
ဘေးကနေ တဂျီဂျီနဲ့ နားလာညီးနေတာလေ ငါဆူတာမှားလား!! "

" ကလေးက ဘာသိမှာလဲ
တော်ရုံချော့ပြောလို့မရဘူးလား ''

" မင်းကိုငါတစ်ခါထဲပြောပြီးသား
ကျန်းဟာအို အဲ့ကလေးကို ငါ့မျက်စိရှေ့
ပေါ်မလာစေနဲ့လို့ ခုမှ ငါ့အဆိုးလာမဆိုနဲ့ !! "

ဟန်ဘင်းရဲ့စကားကြောင့် သားဘက်ကိုလှည့်ကြည့်တော့ မျက်ရည်ဥကလေးများထပ်ပြီး ကျဆင်းလာကာ ရှိုက်သံတစ်ဝက်ဖြင့် မပီမသလေး ပြောလာလေသည်။

" ဟင့်..သားက...သားက ဒယ်ဒီနဲ့တူတူ
ဟင့် ကစားကွင်းတူတူသွားချင်လို့
ဟင့်.. ကို ''

" ကျစ်...ငါ့ကိုအဲ့လိုထပ်ခေါ်ပြန်ပြီ
ကျန်းဟာအို မင်းတို့သားအဖ ငါ့ရှေ့ကနေထွက်သွားကြစမ်းပါကွာ...
ငါအရမ်းစိတ်ညစ်လာပြီ ''

ဟာအိုသူနဲ့ ပြိုင်မငြင်းချင်တာကြောင့် သားကိုချီကာ မီးဖိုချောင်ဘက်ခေါ်လာခဲ့သည်။
သူကတော့ ဧည့်ခန်းထဲက စားပွဲပေါ်မှာတင်ထားတဲ့ အလှပန်းအိုးကို လက်နဲ့တိုက်ချကာ
တောက်တခေါက်ခေါက်နဲ့ ကျန်နေခဲ့လေသည်။

~ TRUST ME ~Where stories live. Discover now