trust me ~ 12.

1.1K 125 29
                                    


Uni

ကျောခိုင်းခဲ့ရပေမယ့် နာကျင်မှုက ရူးလောက်အောင်ပဲ။ ချစ်ရသူရဲ့ ငိုရှိူက်သံတွေက နှလုံးသားထဲအထိ ပဲ့တင်သံ အထပ်အထပ်နဲ့။ တစ်လမှာ နှစ်ခါလောက်သာ ပြန်ဖြစ်တဲ့ အဖေ့အိမ်မှာပဲ နေနေတာ ဆယ်ရက်လောက်ရှိပြီ။ ဘာမေးခွန်းမှမေးလာခြင်း မရှိတဲ့အဖေက သူ့သားလွတ်လွတ်လပ်လပ် ခံစားစေဖို့ လွှတ်ထားပေး​နေသလို။

အထင်နဲ့အမြင်က နည်းနည်းတော့ ကွဲပြားတယ်။

" လန်ဒန်မှာ ကျောင်းဆက်တက်ဖို့အားလုံး
ပြင်ဆင်ပြီးပြီ ''

" အဖေ....''

" ကိုယ့်သားဘာဖြစ်​နေလဲ မသိရလောက်
အောင်ထိ အဖေမင်းကို မျက်နှာလွှဲခဲပစ်
လုပ်ထားတာမဟုတ်ဘူး...''

" ကျွန်တော် သူနဲ့အတူရှိခဲ့တဲ့​ ကျောင်းမှာပဲ
တက်မှာ...ဘယ်ကိုမှမသွားချင်ဘူး ''

" ငယ်ရွယ်တဲ့အချိန်မှာ အချစ်ကို ကိုးကွယ်နေတာကို အဖေနားလည်တယ်..ဒါပေမယ့်
ဒီအတိုင်းဆက်ပြီး အသုံးမကျတဲ့လူလို ခွေခေါက်နေမယ်ဆိုရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး ဒုံရင်းက ဒုံရင်းပဲဖြစ်နေမှာသားရဲ့
လန်ဒန်မှာကျောင်းတက်ရင်း အခြေအနေကိုစောင့်မကြည့်ချင်ဘူးလား....ဟင် ''

ဟန်ဘင်းရဲ့ပုခုံးတစ်ဖက်အား ဆုပ်ကိုင်ရင်း
မျက်ခုံးတစ်ဖက်ပင့်လျက် အဓိပ္ပာယ်ပါတဲ့ အကြည့်တို့ဖြင့် တစ်ခွန်းထဲနဲ့ ဟန်ဘင်းနားလည်စေလောက်မယ့် စကားကို ပြောလာလေသည်။ တွေဝေခြင်းရဲ့ ဦးတည်ရာက တစ်ခုထဲ။ ဒီလမ်းကိုရွေးချယ်တာကောင်းပါ့မလား။ တစ်ကိုယ်ကောင်းဆန်ရာ ကျသွားလေမလား။

" အဖေ....''

" ဟေ...ပြောလေငါ့သား ''

" သစ္စာဖောက်သွားတဲ့သူကို အပိုင်ပြန်သိမ်းရတဲ့ခံစားချက်က ကောင်းလား...''

" ခံစားချက်ကတော့ ကောင်းပါတယ် မင်း
အမေ နည်းနည်းလေး စိတ်ဆင်းရဲခဲ့ရ ရုံပဲ ''

" ဒါဆိုအဖေကရော...? "

အဖေကပြတင်းပေါက်ကို ခပ်တွေတွေငေးကြည့်ရင်း အပြုံးတို့ဆင်လျက် ပြောလာလေသည်။

" အဖေက နာကျင်ရတာပေါ့ ''

အတ္တ၊ လောဘ တွေကသွေးကြောထဲက လာလေသလား။ အဖေ့သွေးအပြည့်ပါတဲ့ ဟန်ဘင်းက အတ္တကြီးဖို့ကို ဘာလို့တွန့်ဆုတ်နေရမှာလဲ။ စိတ်ဆင်းရဲခဲ့ရရင်တောင် အမေကအဖေ့ကို နောက်ဆုံးအချိန်ထိ ချစ်သွားခဲ့တယ်မဟုတ်လား။ နောက်ဆုံးအချိန်ထိ တဲ့လေ။

~ TRUST ME ~Where stories live. Discover now