trust me ~ 19. ***

2.3K 146 62
                                    


Uni

စိမ်းစိမ်းကားကား ပြောလိုက်ပေမယ့် မျက်
ရည်ကြည်တွေနဲ့ သူအားတွေ့တဲ့အခါ ရင်ထဲ
အသည်းထဲထိ ခံစားရသူဟာ သူသာလျှင်ဖြစ်တယ်။ ကျောခိုင်းခြင်းတွေကိုသာ ကြုံခဲ့
ရသူမို့ ဒီတစ်ခါ နှလုံးသားဒဏ်ရာက ခပ်ဆစ်
ဆစ်လေးပဲပေါ့။ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်ချစ်ခဲ့ဖူးတဲ့ သူ့အတွက် ဆိုးသွမ်းလွန်းတဲ့ကောင်လေးဟာ အချစ်ဆုံး အချစ်ဦး။

ညို့ဓာတ်ပျင်းတဲ့ မျက်နှာသွယ်သွယ်က
သူ့ဘဝလေးရဲ့ အရှင်သခင်။ အချိန်တိုင်း ဦး
ညွှတ်ခ,စားချင်နေမိတာ။ ထပ်ပြီး မချစ်တော့
ဖို့ ကိုယ့်ကိုကိုယ် အထပ်ထပ် သတိပေးရလွန်းလို့ ကိုယ်စောင့်နတ်တောင် စိတ်ဆတ်နေ
လောက်ပြီ။ မုန်းပစ်ဖို့ ကြိုးစားတိုင်း ပိုချစ်မိ
လာတယ်။ အဝေးဆုံးထွက်ပြေးတိုင်း အနီး
တစ်နေရာကို မျှော်နေမိပြန်တယ်။ တကယ်
တမ်း လူဆိုးကောင်လေးက ထယ်ရယ်များလား။

ရင်မောစရာကောင်းတဲ့ ချစ်ရသူအကြောင်း
နေ့နေ့ညည စဥ်းစားတိုင်း ထယ်ရယ့်အတွက်
အဖတ်တင်တာ ပူနွေးတဲ့ မျက်ရည်စတွေသာ။ ဒါလဲအမှတ်မရှိ တစ်ချိန်က ရင်ဖိုစရာ
အခိုက်အတန့်တွေအစ နာကျင်စရာဖြစ်ရပ်
တွေအဆုံး အထပ်ထပ်အလီလီ စဥ်းစားနေမိတုန်းပဲ။

အနမ်းတစ်ပွင့်နဲ့ သူ့ဘဝကိုချုပ်ကိုင်ဖူးတယ်။
အပြုံးတစ်ပွင့်နဲ့ သူ့ကိုချစ်လာအောင် လုပ်ခဲ့
ဖူးတယ်။ စကားတစ်ခွန်းနဲ့ နာကြည်းသွားအောင်လဲ လုပ်ခဲ့ဖူးပြန်တယ်။ မဖိတ်ခေါ်ပဲ အနားကိုရောက်လာတယ်။ ဒဏ်ရာတွေပေးပြီး ခြေစုံကန်လို့ အဝေးကို ထွက်သွားတယ်။
ဆွဲမထားတဲ့အခါ အမိန့်တွေနဲ့ ငိုရအောင်လုပ်
တယ်။

ဒီအရာတွေနဲ့တင် မုန်းပစ်ဖို့လုံလောက်ပြီ။ ဒါဆိုဘာလို့မမုန်းနိုင်တာလဲ။ သူကသိပ်ချစ်ခဲ့လို့၊ သိပ်ချစ်ဖူးလို့၊ ရှန်ချွမ်ရွေ့က ထယ်ရယ်
သိပ်ချစ်ရတဲ့ တစ်စုံတစ်ရာ​လေးမို့လို့။ သို့ပေမယ့် သူဆက်မချစ်ဘဲ နေဖို့ဆုံးဖြတ်ထားမိတယ်။ အဝေးကိုထပ်ပြီး ထွက်ပြေးဖို့ အကြောင်းဖန်ရမယ်။ ဒါမှထပ်ပြီး နှလုံးသားထဲ ဆူးတစ်ချောင်း ပစ်ဝင်မလာနိုင်​တော့မှာ။

~ TRUST ME ~Where stories live. Discover now