trust me ~ 23. ***

2K 112 56
                                    


Song recommend >>>
Mohombi// Bumpy Ride

Uni

" ယူဂျင်းရေ...သားသား အိမ်ရှေ့မှာ ဂွန်းနုဂီ
ရောက်နေတယ် ထွက်တွေ့လိုက်ဦး ''

" ဟင်...မတွေ့ချင်ဘူး မေမေ သူ့ကိုပြန်လွှတ်လိုက်...''

ယူဂျင်းအခန်းထဲက ကုတင်ပေါ်မှာ စာကို မလုပ်ချင်လုပ်ချင်နဲ့ လူးလိမ့်နေတုန်း မေမေက
ဂွန်းနုရောက်နေတယ် ဆိုတာကြောင့် ပြန်လွှတ်လိုက်ဖို့ အော်ပြောမိသည်။

" ဟဲ့ ဒီကလေး ဘယ်လိုပြောလိုက်တာလဲ ''

" မတွေ့ချင်ပါဘူးဆို မေမေရာ...''

" ဟိုမှာစောင့်နေရတာ ကြာနေပြီလေ ကဲ...''

" မသိဘူးဗျာ...မတွေ့ချင်ဘူးဆို မတွေ့ချင်ဘူး ပြန်တော့လို့ပြောလိုက်...''

သူတစ်ဖက်သတ် ချစ်ခဲ့ဖူးတဲ့ လူလောက်တောင် ကိုယ့်ကိုအရေးမပေးတဲ့ ချစ်သူ။ သူ့ကို ကိုယ့်ဘက်က ဖွင့်ပြောပြီး တွဲထားတာ
ဆိုတိုင်း အမြဲတမ်း ပေါ့ပျက်ပျက်နဲ့။ ပြဿနာ တက်ပြီးပြီးချင်း လာချော့မယ်မရှိဘူး။ ခုကျမှ ဘာလာလုပ်တာလဲ။ လုံးဝကို
အကြီးကြီး စိတ်​ကောက်ပစ်ဦးမှာ။ ဟန်ယူဂျင်းကို ဘာမှတ်နေလဲ။

ကျွီ ~~~

" သူ့ကိုပြန်လွှတ်လိုက်ပါဆို မေမေရာ...ဟင် ''

" ကလေးလေး...''

" အမ်...''

ဒုတ်..ဒုတ်

သေချာပေါက် ဒါကနှလုံးခုန်သံပေါ့။ ဂွန်းနုက
ယူဂျင်းကိုအခု ကလေးလေးလို့ ခေါ်လိုက်တာလား။ အသည်းယားစရာ ကောင်းအောင်
ဘယ်လိုကြီး လာခေါ်နေတာလဲ။ ယူဂျင်းခမျာ ရုတ်တရက်ဆိုတော့ အရှက်သည်းပြီး
နားရွက်​လေးတွေတောင် နီရဲသွားရတယ်။
ဒါကို ဂွန်းနုက ခပ်ပြုံးပြုံးနဲ့ ယူဂျင်းအခန်းထဲ
တောင်ဝင်လာလိုက်သေးတယ်။

" ဘာ...ဘာလာလုပ်တာလဲ ''

" ကိုကိုလာချော့တာပါ ''

လာပြန်ပြီ ကိုကိုဆိုပြီး။ ဒီလူကြီး သူ့ကိုစိတ်
ပြေအောင် တမင်ဒီလို အခေါ်အဝေါ် တွေသုံး
နေတာပဲနေမှာ။ သူ့ခရက်ရှ်ကလွဲရင် ယူဂျင်း
ကိုဆို အချစ်မျက်ဝန်းနဲ့တောင် ကြာကြာ
ကြည့်ဖူးတာမှ မဟုတ်တာ။ အခုမှ ဒီလိုအချိုးတွေ လာချိုးနေတယ်ဆိုတာ ပုံမှန်တော့ မဖြစ်နိုင်ဘူး။ မျက်လုံးတွေ မှိတ်ကျသည်အထိ ပြုံးပြီး ယူဂျင်းထိုင်နေတဲ့
ကုတင်နားသို့ လှမ်းလာသည်။

~ TRUST ME ~Where stories live. Discover now