trust me ~ 6.

1K 111 15
                                    


Uni

" မနက်ကလဲ ဦး​လေး မင်္ဂလာပွဲကိုတက်ပြီးပြီလေ..ဒီညပွဲကိုတော့မတက်ချင်တော့ဘူး မားရာ...''

" ချွမ်ရွေ့ ကိုယ့်ဦးလေးက အိမ်ထောင်ရပ်သားကျတာကို အဆုံးထိဂုဏ်ပြုပေးရမှာပေါ့ ပွဲပြီးတဲ့ထိမဟုတ်ရင်တောင် ပွဲအစပိုင်းထိတော့တက်ပေးရမယ်လေ ''

" လူငယ်ဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိတာ
ကျန်တာက သက်ကြားအိုတွေကြီးပဲဘယ်လောက်တောင်ပျင်းဖို့ကောင်းလဲ
မားသိရဲ့လား ''

" ဟေ့...ဒီကောင်လေး ဒီလိုအရိုအသေတန်တဲ့အရပ်သုံးစကားတွေကို ကိုယ့်အချင်းချင်းရှေ့မှာတောင် လွှတ်ခနဲမပြောရဘူးနော် လူကဖြင့်၁၈နှစ်ပဲရှိသေးတယ် ဒီလိုစကားမျိုးတွေ ဘယ်ကတတ်လာမှန်းမသိဘူး ''

" ကျွန်တော်က အရွယ်ရောက်ပြီလေမားရယ်
သူ့အလိုလိုတတ်ပြီပေါ့...''

မားကချွမ်ရွေ့ကို မနိုင်ဘူးဆိုတဲ့ပုံနဲ့ မျက်ဆံပါလည်ပြသေးသည်။

" ဘာမှမပြောနဲ့တော့သား ပွဲအစလောက်ထိတော့ နေပေး ''

ချွမ်ရွေ့ဆံပင်တို့ကြား လက်ချောင်းတွေထည့်ကာ စိတ်ညစ်ညူးစွာ ထိုးဖွပစ်လိုက်သည်။

" မသိတော့ဘူးဗျာ...လုပ်ချင်ရာသာလုပ်ကြ
ဒါပေမယ့် ပွဲအစထိပဲနေမှာနော် ကျွန်တော်ပြောထားပြီးသား...''

" အေးပါ မားကပဲအလျှော့ပေးပါတယ် နောက်တစ်နာရီလောက်ဆိုပွဲစတော့မှာ သွားအခန်းထဲမှာဝတ်ရမယ့်ဝတ်စုံထားပေးထားတယ် ပြင်ဆင်ပြီးထွက်လာခဲ့ မား မင်းရဲ့ပါး နဲ့ခြံထဲမှာလိုအပ်တာသွားကြည့်လိုက်ဦးမယ်''

" မား...''

ခြံထဲကိုသွားဖို့ပြင်နေတဲ့ မားကိုချွမ်ရွေ့ခေါ်သံပြုလိုက်တော့ မားကစိတ်မရှည်တော့တဲ့မျက်နှာမျိုးနဲ့ လှည့်ကြည့်လာသည်။

" ကဲပြော....ဘာတုန်း ''

" ဟိုတစ်ယောက်ရောလာမှာလား ''

" ဘယ်တစ်ယောက်ကိုသားကပြောနေ
တာလဲ''

" ကျန်းသခင်လေး လေ ''

" ဪ မားကသေချာပေါက်ဖိတ်ထားတယ်လာမှာစိတ်ချ...မနက်ကပွဲကိုသူ့အဘွားတော်ကပဲလာတာ မားတောင်သေချာပြောလိုက်သေးတယ် ညပွဲကျရင်တော့ သခင်လေးကိုပါတစ်ခါထဲခေါ်လာခဲ့ဖို့လေ ''

~ TRUST ME ~Where stories live. Discover now