Uni" ကျန်းဟာအို...ကိုယ် မင်းကို
သဘောကျတယ်''" ဟင်...''
" မဟုတ်ဘူး...ချစ်တယ်..''
ဝိုး.....!!
ဟေး...!!ကျောင်းကန်တင်းတစ်ခုလုံးမှာရှိတဲ့ အတန်းစုံ အခန်းစုံကကျောင်းသားတွေရဲ့ အားပေးသံတွေ၊ ကျွတ်ကျွတ်ညံလျက်ရှိသည်။
Banana milkဘူးလေးကို လက်ထဲထည့်ပေးကာ ရည်းစားစကားဆိုနေတဲ့ကောင်လေးနဲ့ ထိုကောင်လေးကို မျက်လုံးလေးတွေဝိုင်းလျက် တအံ့တသြကြည့်နေတဲ့ ကောင်လေးတစ်ယောက်။ လိုက်ဖက်မှုတွေက အကြည့်တောင်မခွာနိုင်အောင်ပဲ။ ဇာတ်လမ်းတွေရဲ့အစဟာ အစဉ်အမြဲလှပနေခဲ့တယ်။
_____________
" ဟန်ဘင်း....ဟန်ဘင်း..ဆောင်းဟန်ဘင်း ''
" ကျစ်...ဘာလဲကွာ...''
အီမင်ယောလ်ရဲ့ ခေါ်သံကိုကြားပေမယ့် စားပွဲပေါ်ကိုသာ ခေါင်းတင်ပြီး ကြိတ်မှိတ်အိပ်နေလိုက်တယ်။ သို့ပေမယ့် သကောင့်သားက မထူးမချင်းကိုခေါ်နေတာကြောင့်
ကျစ်ခနဲစုတ်သပ်ကာ ခေါင်းထောင်ကြည့်တော့ ဟီးခနဲရီပြကာ လေစပေါတော့တယ်။" ဒီနေ့ကျောင်းကို ကျောင်းသားသစ်ပြောင်းလာမယ်တဲ့ ''
" အဲ့တာဘာဖြစ်လဲ?''
" သူကတရုတ်လူမျိုးတဲ့ ''
" အဲ့တာ ငါကဘာလုပ်ရမှာလဲလို့ !!''
" မင်းကလဲကွာ....စကားကိုအကောင်းပြော
မရဘူး ''" ငါအိပ်ရေးမဝသေးဘူးကွ...''
" အိပ်ရေးမဝရအောင် ညကမင်းဘာလုပ်နေလို့လဲ ''
" ဂိမ်းဆော့တာနောက်ကျသွားလို့ ''
" အတော်ကြိုးစားတာပဲ ကြီးပွားအုံးမယ့် ကောင် ''
" မကြိုးစားလဲ ကြီးပွားတယ် ငါ့အဖေက
CEO သဘောပေါက်! !''" အဲ့တာတွေခဏထားစမ်းပါကွာ..ငါ့စကားဆက်ပါရစေဦး...''
ဟန်ဘင်းက မျက်ခုံးတစ်ဖက်ကိုပင့်ပြကာ စကားကိုဆက်ပြောစေသည်။
" အဲ့ဒီကောင်လေးက တရုတ်မှာရှိတဲ့ တော်ဝင်မျိုးနွယ်တွေထဲကတဲ့...''