trust me ~ 14.

1.1K 127 40
                                    


Uni

" ဘိုးမြေးလေးက ဗိုက်ဆာနေတာလား
မငိုနဲ့နော် မင်းအဘွားက နို့ဘူးသွားဖျော်နေတယ် မိန်းမရေ....နို့ဘူးကမရသေးဘူးလား ''

" ရပါပြီရှင်... ပူနေသေးလို့ စမ်းကြည့်နေရတာပါ ရှင့်မြေးကိုက စိတ်ကြီး​နေတာ ''

နို့ဘူးလေးကို ပါးစပ်သေးသေးလေးမှာ တေ့ပေးလိုက်တော့ အငမ်းမရဆို့နေတဲ့ ကလေးလေးကိုကြည့်ပြီး သူတို့လင်မယားအချစ်ပိုရတယ်။ သူတို့မြေးအရင်းတွေထက်တောင် ချစ်မြတ်နိုးရတဲ့ ဒီကလေးက သူတို့နဲ့ ရေစက်
ကြီးလို့ဆုံရတာ။

သူ့ပါပါးက ကလေးစရိတ်ကြီးလာတဲ့အခါ မြို့ပြင်နားက စားသောက်ဆိုင်မှာ စားပွဲထိုးအနေနဲ့ လုပ်နေရသည်။ သူတို့က တတ်နိုင်သလောက် ထောက်ပံ့ပေးမယ်ပြောပေမယ့်လဲ ဒီကလေးကအတော်လေး ခေါင်းမာတာ။
သူအလုပ်သွားနေတဲ့ တစ်လျှောက်လုံး ကလေးလေးရဲ့ ဝေယျာဝစ္စ က သူတို့လင်မယားနဲ့ ဆရာမလေးက တာဝန်ယူပေးထားသည်။

ကလေးထိန်းနဲ့ထားမယ်ပဲပြော နေတဲ့လူ့ခေါင်းမာလေးက သူတို့ကိုလဲ အရမ်းအားနာတတ်တာ။ ကလေးထိန်းနဲ့ စိတ်မချဘူး၊ သူတို့ကိုယ်တိုင်ပဲ ထိန်းပေးမယ်လို့ တကဲကဲ ပြောမှ အသာတကြည်လက်ခံ တော့တယ်။
အပြုံးချိုချိုလေးနဲ့ မျက်နှာလှလှလေးရှိတဲ့ ဒီကလေးမျိုးမှာ ဘယ်လိုကိစ္စတွေများရှိခဲ့လဲ
မသိ။

ဆရာမလေးကို မေးချင်ပေမယ့် လူမှုရေးအရ
မမေးတော့ဖို့ပဲ သူတို့လင်မယား ဆုံးဖြတ်လိုက်တယ်။ ဘယ်ကမှန်းမသိတဲ့ ကောင်​လေးကို သားအရင်းလေးတစ်ယောက်လို
သတ်မှတ်ရင်း သူတို့ရဲ့ ကျန်ရှိနေတဲ့ လူ့သက်တမ်း ကိုဖြတ်သန်းဖို့ထိ တွေးထားကြတယ်။

" ပါပါးရဲ့သားလေးရေ...ပါပါးပြန်လာပြီ ''

လူထက်အသံအရင်လာတဲ့ ကောင်လေးက
သူ့သားလေးဆီ အပြေးလာခဲ့မှန်းသိသာတယ်။ လေးလပဲရှိသေးတဲ့ ကလေးကလဲ သူ့ပါပါးအသံများကြားရင် တအဲအဲနဲ့ စိတ်လှုပ်ရှားပြနေတော့တာ။

" ဒီအဖေနဲ့ ဒီသား လိုက်လဲလိုက်ပါ့ ခုနကနို့သောက်နေရာကနေ အသံကြားတာနဲ့ ဘူးကိုလက်ထဲက လွှတ်တော့တာပဲ ကြည့်အုံး ''

~ TRUST ME ~Where stories live. Discover now